ကဲလာပြီ...လာပြီ ပြည်မြို့က နာမည်ကျော်
ပလာတာကတ်ကြေးကိုက်။ စားကြဦးမလားဗျို့....ဟဲ
ဟဲ။ ကျွန်တော်တော့ မလုပ်တတ်ပါဘူး။
ကျွန်တော်ဖတ်နေကြ မဂ္ဂဇင်းထဲက ပါမောက္ခ
ဒေါက်တာခင်မောင်ဝင်း (အသည်း) ရေးတဲ့
အမျိုးသမီး နဲ့အစားအစာဆောင်းပါးထဲက
ကူးထည့်ပေးလိုက်ပါတယ်။
ပလာတာဆိုတာ ဒီအတိုင်းစားရင်ရသလို
တစ်ခုခုနှင့်မွမ်းမံပြီးစားသောက်လို့လည်းရပါတယ်။
အခုကြက်သားအာလူးပဲဟင်း ရည်
မဆလာနံ့သင်းသင်းလေးနဲ့
တွဲဖက်စားသောက်တတ်တဲ့ ပြည်ပလာတာ ကို
ကတ်ကြေးကိုက်ပြီးစားကြည့် ကြရ အောင်လေ။
စားလို့အရမ်းဂွတ်တာနော်.....ရှလွတ်။
ပြည်ပလာတာ ချက်နည်း
ဘယ်လိုကြက်ကိုချက်မှာလဲ
ပြည်ပလာတတာရဲ့ အနှစ်သာရဟာ ကြက်သားဟင်းပါ။
ကြက်သားဟင်းကောင်းလေ ပြည်ပလာတာကို စားရတာ
ကောင်းလေပါ။ ဒါကြောင့်
ပြည်ပလာတာချက်တော့မယ်ဆိုရင်
ကြက်သားဝယ်တာကစရပါ မယ်။
ဖြစ်နိုင်မယ်ဆိုရင် မွေးမြူရေးကြက် မဟုတ်ဘဲ
အိမ်ကြက်ကို ရွေးဝယ်သင့်ပါတယ်။
မွေးမြူရေးကြက်က အဆီတွေပါတယ်၊ အသားက
အချိုဓာတ်နည်းတယ်၊ ပြီးတော့
မွေးမြူရေးကြက်တွေထဲမှာ ဟော်မုန်းတွေ၊
အသားတိုးဆေးတွေ ပါနိုင်တဲ့ အတွက်
ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။
အိမ်ကြက်ကို ရွေးမယ်ဆိုရင်လည်း
သိပ်ပြီးငယ်ရင် မကောင်းဘူး၊
အရိုးတွေချည်းပါမယ်။ အနည်းဆုံး
၇၀ကျပ်သားလောက် ၀ယ်ရပါမယ်။
ကြက်သားကိုဘယ်လိုတုံးမလဲ
ပြီးတော့မှ ကြက်ကို
အနေတော်အတုံးလေးတွေဖြစ်အောင် တုံးရပါမယ်။
အတုံးကြီးတွေ သိပ်ကြီးရင် ပလာတာနဲ့ရောပြီး
စားရတာ အရသာမရှိပါဘူး။ ကြက်သားကို
ဇွန်းနဲ့ဆယ်ပြီး
တစ်ခါတည်းကိုက်စားလို့ရတဲ့
အရွယ်လေးတွေတုံးပါ။ အရိုး
နဲ့အသားနဲ့ရောလျက် အတုံးလေးတွေပေါ့။
အနောက်တိုင်းသားတွေ ကြက်သားချက်တဲ့
ပုံစံမျိုးအရိုးနွှင်ပြီးသား ဖီးလေး (fillet)
ကြက်ရင်ပုံမျိုးကို ချက်ထားရင်
ပြည်ပလာတာနဲ့ မလိုက်ဖက်ပါဘူး။
ဘာလို့တုန်းဆိုတော့ ပြည်ပလာတာ စားတယ်ဆိုတာ
ကြက်သားအတုံးတွေ ၀ါးစားပြီးအရိုးလေးတွေ
ထွေးထုတ်ရတာ အရသာပါ။
ကြက်သားကို မာရီနိတ်လုပ်ပါ
ကြက်သားအတုံးလေးတွေ တုံးပြီးတာနဲ့
အဲဒီကြက်သားတုံးတွေကို နှပ်ရပါမယ်။
နှပ်တယ်ဆိုတာက အင်္ဂလိပ်လို မာရီနိတ် (marinate)
လုပ်တယ်လို့ ခေါ်ပါတယ်။
အနှစ်တွေ အသားထဲကို တစိမ့်စိမ့်
စိမ့်ဝင်သွားအောင် အနှစ်နဲ့အသားကို
ကြာကြာရောစိမ်ထားတာကို မာရီနိတ်လုပ်
တယ်လို့ပြောရမှာပါ။
ပလာတာနဲ့စားမယ့် ကြက်သားကို
ချင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီထောင်းထားတဲ့
အနှစ်ရယ်၊ မဆလာရယ် ရောပြီးနှပ် ရပါမယ်။
ကြက်သွန်နီကို သိပ်အများကြီးမထည့်ရပါဘူး။
ကြက်သွန်နီက ဆီသိပ်စုပ်တော့
ကြက်သွန်နီများသွားရင် ဆီတွေ တအား
စုပ်ထားပြီး ကြက်သားဟင်းထဲမှာ
ဆီတွေတအားများနေမှာပေါ့။ ဒါကြောင့်
ကြက်သွန်နီ ကြက်သွန်ဖြူနဲ့
ချင်းအနှစ်ထောင်း တဲ့အခါမှာ
ကြက်သွန်နီအနေတော်ဖြစ်အောင်
ဂရုစိုက်ပြီးထည့်ရပါ မယ်။
မဆလာလုပ်နည်း
အဲလိုကြက်သားကို မဆလာနဲ့နှပ်တဲ့အခါမှာ
မဆလာကောင်းကောင်းသုံးဖို့လိုပါမယ်။
အသေချာဆုံး အကောင်းဆုံးက တော့ မဆလာကို
ကိုယ့်ဘာသာလုပ်ဖို့ပါပဲ။
ဇီယာ သန့်သန့်လေးကို ရအောင်ရှာဝယ်၊ ပြီးရင်
နည်းနည်းလေးလှော်ပြီးတော့ လှော်ထားတဲ့
နံနံစေ့၊ စမုန်စပါး၊ ငရုတ်
ကောင်းနဲ့အချိုးတူရောပြီးထောင်းလိုက်ရင်
မဆလာရတော့တာပါ။ နေ့စဉ်သုံးနေကြတဲ့
မဆလာတွေလောက် အဆာ ပလာမပြည့်စုံပါဘူး။
မဆလာလုပ်ရင် ထုံးစံအတိုင်းထည့်လေ့ရှိတဲ့
ဖာလာစေ့၊ သစ်ကြံပိုးဆိုတာတွေကို
နောက်ဆုံးဟင်းရည် ကျက်မှ သီးသန့်
ထည့်လိုက်ပါတော့တယ်။
ကြက်သားချက်မယ်
ကြက်သားကို တစ်နာရီကျော်ကျော်လောက်
မာရီနိတ်လုပ် ပြီးရင်ဆီးလေးပါလေကာနဲ့
ဒန်အိုးထဲမှာ နည်းနည်းလှိမ့် လိုက်ပါ။
တအားကြီးကျက်သွားအောင်မလှိမ့်ရပါဘူး။
ကြက်သားတုံးအပေါ်ယံလေး
နည်းနည်းတင်းသွားရုံလောက် လှိမ့်လိုက်ရင်
ရပါပြီ။
ကုလားပဲချက်နည်း
ဒီကုလားပဲအနှစ်ဟာ ကြက်သားဟင်းရဲ့
အဓိကအကျဆုံး
အနှစ်ရည်ဆိုတော့ကုလားပဲကောင်းဖို့လိုပါမယ်။
ကုလားပဲကို မပြုတ်ခင် သေချာကြည့်ရပါမယ်။
ကုလားပဲလေးတွေဟာ မှိုမတက်လတ်ဆတ်သန့်ရှင်းနေ
ရပါမယ်။ အရေးအကြီးဆုံးက ကုလားပဲတွေကို
ပိုးသတ်ဆေးနံ့ ရ၊ မရ သေချာနမ်းကြည့်ရပါမယ်။
ပိုးသတ်ဆေးနံ့ သိပ်ပြင်းတဲ့ ကုလားပဲတွေကို
သုံးလိုက်မိရင် ပြည်ပလာတာဟင်း
လုံးဝပျက်သွားပါလိမ့် မယ်။ ကုလားပဲကို ရေနဲ့
အကျက်ပြုတ်၊ ကုလားပဲနူးပြီဆိုရင် ဆယ်လိုက်၊
ပြီးတော့ ကော်ဖီစေ့ကြိတ်စက်လို့
ဘလင်ဒါရှိရင် ကုလားပဲပြုတ်တွေ ကို
အဲဒီကြိတ်စက်မွှေစက်လေးထဲ ထည့်ပြီး
ခဏလေးလှိမ့်လိုက်၊ မွှေလိုက်ရင်
ကုလားပဲပြုတ်တွေကြေသွားပြီး ကုလားပဲအ
နှစ်အရည် ရပါမယ်။
တကယ်လို့ ဘလင်ဒါမရှိဘူးဆိုရင်
ကုလားပဲပြုတ်တွေကို
သံဆန်ခါနဲ့တိုက်ချလိုက်ရင်
ကုလားပဲအနှစ်တွေရပါမယ်။
ဘလင်ဒါနဲ့ကြိတ်တာကတော့
ကုလားပဲတွေသိပ်ကြေလွန်းသွားပြီး
တကယ့်ကုလားပဲအရည်လိုရတာပေါ့။
သံဆန်ခါနဲ့ ကုလားပဲကိုတိုက်ချလိုက်ရင်တော့
ကုလားပဲအဖတ်သေးသေးလေးတွေပါတဲ့
ကုလားပဲအနှစ်ရပါမယ်။
အဲလို ကုလားပဲအနှစ်ရတော့မှ
ရေနွေးပွက်ပွက်ဆူထဲကို ကုလားပဲနှစ်နဲ့
ကြက်သားခုတ်တုန်းက ကျန်ခဲ့တဲ့ကြက်ရိုးတွေ
ထည့်ပြီး ကုလားပဲဟင်းရည် တည်ရပါမယ်။
အချိုမှုန့်လေး နည်းနည်းထည့်ရင်
ပိုအရသာရှိပါမယ်။ ဟင်းရည် အပျစ်အကျဲ ကို
ကိုယ်လိုသလို ရေအနည်း၊ အများထည့်ပြီး
ပြင်ပါ။
ကြက်ရိုးတွေထည့်လိုက်တာဟာ
ကြက်ရိုးထဲကအနှစ်တွေ စိမ့်ထွက်လာပြီး
ဟင်းရည်ဟာ တော်တော်ကို အနှစ်အရသာ
အချိုဓာတ်တွေ ပြည့်သွားမှာပေါ့။
ကြက်ရိုးတွေဟာ စားဖို့မဟုတ်ပါဘူး၊
ကုလားပဲဟင်းရည် အရသာရှိအောင် ထည့်ပြုတ်
ပေးတဲ့သဘောပါ။
အာလူးပြုတ်မယ်
အာလူးကို အနေတော်ကျက်အောင် ပြုတ်ရပါမယ်။
အနေတော်လို့ ဘာလို့ပြောရတာလဲဆိုတော့
တအားကြီး အကြာကြီး ပြုတ်ပစ်လိုက်ရင်
အားလူးတွေ ပျော့ပြဲသွားရင် ဟင်းရည်ထဲမှာ
စားလို့ မကောင်းပါဘူး။
အာလူးကျက်ရင် အခွံနွှင်ပြီး အနေတော်
အတုံးလေးတွေ လှီးရပါမယ်။ ပြီးတော့
အဲဒီအာလူးတုံးလေးတွေကို ဒန်အိုးထဲမှာ
ဆီလေးပါလေကာထည့်ပြီး အာလူးအပေါ်ယံတွေ
တင်းသွားအောင်လှိမ့်ရပါမယ်။
အာလူးအပေါ်ယံလေးတွေ ခပ်တင်းတင်း
ဖြစ်သွားအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။
ဒါမှသာ အာလူးတွေဟာ ဟင်းရည်ထဲမှာ
ပျော့ပြဲပြီး ကြေမသွားမှာပါ။
အဲလို ပုံမပျက်အာလူးအတုံးသေးသေးလေးတွေပါမှ
ပလာတာဟင်းရည်ဟာ စားလို့ကောင်းမှာပါ။
ပဲဟင်းရည် ကျက်ရင်
ပဲနှစ်နဲ့ ကြက်ရိုးတွေကို
မီးအေးအေးလေးနဲ့တည်ထားလိုက်ပါ။
ပွက်ပွက်ဆူလာရင် ခဏထားလိုက်ပြီး
ပဲဟင်းရည်လေးကို မြည်းကြည့်လိုက်ပြီး
အပေါ့၊ အငန်အရသာပြင်ပေးပါ။ ဟင်းရည်ကျက်ပြီး
အရသာရှိသွားပြီးသောက်လို့ကောင်းသွားရင်
ဟင်းရည်ထဲကို ပလာတာတွေ ထည့်ရပါတော့မယ်။
ပဲဟင်းရည်ထဲ ဘာတွေထည့်ရမှာလဲ
ပဲဟင်းရည်ကျက်ပြီ ဆိုတာနဲ့
စောစောကအရန်သင့်လုပ်ထားတဲ့
မာရီနိတ်လုပ်ပြီး ဆီလေးနဲ့
လှိမ့်ထားတဲ့ကြက်သားတုံး လေးတွေ အပေါ်ယံ
တင်းတင်းရင်းရင်းဖြစ်အောင်
ဆီလေးနည်းနည်းနဲ့ လှိမ့်ထားတဲ့
အာလူးတုံးလေးတွေကို ပွက်ပွက်ဆူ နေတဲ့
ကုလားပဲဟင်းရည်ထဲထည့်လိုက်ရပါမယ်။
ပြီးတော့မှ ကုလာဝေးရွက်၊ ပျဉ်းတော်သိမ်၊
သစ်ကြံပိုးခေါက်နဲ့ ဖာလာစေ့တွေ
ဟင်းရည်အိုးရဲ့ ဆိုက်ပေါ် မူတည်ပြီး အနေ
တော်လောက်ထည့်ပြီး မွှေရပါမယ်။ မိနစ်
၂၀လောက်ကြာရင် ကြက်သားတုံးလေးကို
မြည်းကြည့်လိုက်ပါ။ ကြက်သားတုံး
နူးပြီဆိုရင် တကယ့်ကိုအနံ့အရသာ အပြည့်နဲ့
အာလူးတုံး၊ ကြက်သားတုံးတွေပါပြီး အပျစ်အကျဲ
အနေတော် ပဲရည်၊ ဆီလေးပါလေကာပါပြီး
သောက်လို့၊ ဆမ်းလို့ရတဲ့
သောက်ဆမ်းပြည်ပလာတာဟင်းရည် ရပြီပေါ့။
ပလာတာ
ပြည်ပလာတာ ကတ်ကြေးကိုက်ဆိုတဲ့ အတိုင်း
ဂျုံကောင်းကောင်းနဲ့ လုပ်ထားတဲ့
ပလာတာလည်းလိုပါသေးတယ်။ ရွနေ
အောင်ဖုတ်ထားတဲ့ ပလာတာအချပ်လေးတွေကို
အပြားလိုက် မဟုတ်ဘဲ ကန့်လန့်လက်ဝါးနဲ့
လက်ဝါးနှစ်ဖက်နဲ့
တဖြောင်းဖြောင်းမြည်အောင်ရိုက်လိုက်ပါ။
အဲတော့မှ ပလာတာဟာ မွရွသွားပါလိမ့်မယ်။
ပြီးတော့မှ လက်ဝါးနဲ့ရိုက်ထားလို့
ဖောင်းပွနေတဲ့ ပလာတာလေးကို အနေ
တော်အရွယ်လေးတွေ ကတ်ကြေးနဲ့ကိုက်ပြီး
ကြိုက်သလို ယူစားလို့ရအောင်
စားပွဲပေါ်မှာချထားပေးလိုက်ပါ။
ကြက်သွန်ချဉ်နဲ့ငရုတ်သီး
ပလာတာနဲ့ ဟင်းရည်နဲ့ရောမွှေပြီး
ဒီအတိုင်းစားတာထက်
ကြက်သွန်ချဉ်လေးထည့်စားမှ
ပိုပြီးအရသာရှိပါတယ်။ ကြက်သွန်ချဉ်ဆိုတာက
ကြက်သွန်နီကို ရိပ်ရိပ်လေးတွေလှီးထားပြီး
ပန်းကန်ပြားလေးထဲမှာ ထည့်ထားပေးပါ။
အဲဒီကြက်သွန်နီပန်းကန်ထဲမှာ
ငရုတ်သီးစိမ်းအတောင့်ရှည်လေး
ခပ်သေးသေးလေးတွေလှီးပြီး ထည့်ပေးထားပါ။
ပြီးတော့မှ ကြက်သွန်ကို ချဉ်အောင်လုပ်ဖို့
အဲဒီပန်းကန်ထဲမှာ သံပရာသီး အစိတ်လေးတွေ
ထည့်ထားပေးလိုက်ပါ။
ပြည်ပလာတာ ကတ်ကြေးကိုက်ကို ဘယ်လိုစားမလဲ
စားပွဲပေါ်မှာ ပွက်ပွက်ဆူနေတဲ့
ကြက်သားအာလူးပဲဟင်းရည်အိုး၊
ကတ်ကြေးနဲ့ကိုက်ထားတဲ့ ပလာတာပန်းကန်နဲ့
ကြက်သွန်ချဉ်ပန်းကန်တွေ စုံပြီဆိုရင်
စားလို့ရပြီပေါ့။
ပြည်ပလာတာကို တစ်ယောက်ယောက်က
ပြင်ပေးပြီးလာချပေးတာထက် ခုနကပြောသလို
စားပွဲပေါ်မှာ ချထားတဲ့ ဟင်းရည်၊ပလာတာ၊
အချဉ်တွေကို ကိုယ်ကြိုက်သလို
ရောမွှေပြီးစားရတာက ပိုကောင်းပါတယ်။
ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်
အကြိုက်ချင်းမတူကြလို့ပါ။
ကျွန်တော်ကတော့ ပလာတာဖတ် နည်းနည်းနဲ့
ဟင်းရည်ကို ပန်းကန်အပြည့်နီးပါး
ထည့်ပြီးတော့မှ ခပ်ရိပ်ရိပ် လှီးထားတဲ့
ကြက်သွန်များများလေးထည့်၊
အဲဒီပန်းကန်ပေါ်ကို ငရုတ်သီးစိမ်းလေးတွေ
ဖြူးလိုက်၊ ပြီးတော့မှ သံပရာရည်လေး ညှစ်ပြီး
မွှေပြီးစားရတာ သိပ်ကိုအရသာရှိပါတယ်။
ဟင်းရည်ပူပူနဲ့ မွှေလိုက်တော့ ခဏနေတာနဲ့
ပလာတာဖတ်လေးတွေ နူးသွားတာပေါ့။
ပလာတာအဖတ်လေးတွေစား လိုက်၊
ဟင်းရည်သောက်လိုက် အာလူးဖတ်စား
ကြက်သားဖတ်ဝါး ငရုတ်သီးတွေ မိပြီး မျက်ရည်ကျ
ချွေးထွက် တရှူးရှူးနဲ့
အသံတွေမြည်အောင်သောက်၊ ဒီလိုနဲ့ တစ်ပန်းကန်
ကုန်သွားရင် ပလာတာဖတ်ထပ်မထည့်တော့ပဲ
ဟင်းရည်၊ ကြက်သွန်၊ ငရုတ်သီးနဲ့ အချဉ်ညှစ်
တစ်ခါစားပြန်ရော။
ချွေးတဖြိုင်ဖြိုင်ထွက်ပြီး
ရှူးရှူးရှဲရှဲနဲ့
တစ်သက်မေ့မရနိုင်အောင်ကောင်းတဲ့
ပြည်ပလာတာကတ် ကြေးကိုက်ပါ။
You can also read at http://shwemintharlay.blogspot.com
နည်းလမ်းလေးပြောပါဦး (ဟိဟိ