လောကကြီးက အရမ်း ဆူညံလွန်းတယ်
ကျွန်တော့ အသံကခပ်တိုးတိုးနဲ့
ပြောချင်တာတွေအားလုံး
ဘယ်သူမှ မကြားကျဘူး ၊
လောကကြီးနဲ့  အပြိုင် ကျွန်တော်လဲ လိုက်
မအော်နိုင်ဘူး
ကျေးဇူးပြုပြီး တိုးတိုးလေး ခဏ နားစဉ်
ကြည့်ပါ
တခါတလေတော့ ဗျာ လောကကြီးက
အထီးကျန်ဆန်လွန်းတယ် ။
အိမ်ခေါင်မိုးပေါ်တက်ကြည့် ကြည့်တယ်
ကျွန်တော် ကအမြင့်ကို သိပ်ကြောက်တယ်
ခုန်ချဖို့  မပြောနဲ့  ပြုတ်ကျမှာကိုတောင်
ကြောက်တယ်
ကြယ်တွေက ကျွန်တော့ကို လှောင်ပြောင်ကြတယ်
လမင်းကြီးက ကျွန်တော့်ကို ပြုံးပြတယ်
ကြယ်တွေအတွက် သီချင်းတစ်ပုဒ်
ဟစ်ဆိုပြလိုက်ပြီး
အားရပါးရ လမင်း ကြီးကို
ပြန်ပြုံးပြလိုက်တယ်
တခါတလေတော့ ဗျာ ကောင်းကင်ကြီးက အထီးကျန်
ဆန်လွန်းတယ် ။
အမြဲတမ်းစီးဆင်းနေတဲ့ မြစ်တစ်ခုကို
သွားကြည့်ကြည့်တယ်
ကျွန်တော် ရေနစ်မှာ အရမ်းကြောက်တယ်
လှိုင်းတွေက တဝေါဝေါနဲ့ ရေတွေက နိမ့်လိုက်
မြင့်လိုက်
ဘ၀ကတော့ ဒီလိုပဲ အဲဒီမြစ်ကြီးကိုပဲ
တချိန်လုံး ဖြတ်နေရတယ်
အသက်ကယ် ဘောတစ်ခု ကျွန်တော် ၀ယ်ပြီး
ဆောင်ထားတယ်
တခါတလေတော့ ဗျာ ဒီမြစ်ကြီးက အထီးကျန်
ဆန်လွန်းတယ် ။
ကြိုးကြိုးစားစား ကျွန်တော် တွက်ချက်
လေ့လာပါတယ် ၊
သတိထားပြီးတော့ အမြဲတမ်း အရောင်းအ၀ယ်
လုပ်ပါတယ်
ဒါပေမဲ့ မသိကိန်းတွေက
အရမ်းများလွန်းနေတယ်
ဘယ်လိုရောင်းရောင်း ဘယ်လိုဝယ်ဝယ်
ကျွန်တော်ရှုံးပါတယ်
တခါတလေတော့ ဗျာ ဒီလိုဈေးသည်ဘ၀ကြီး
အထီးကျန် ဆန်လွန်းတယ် ။
ဆရာတော်ဘုရားက ဟောထားတယ်တဲ့
နေတတ်ရင် ကျေနပ်စရာပါဆို သလားဘဲ
ကျွန်တော်ကြားဖူးခဲ့တယ်
ကျွန်တော် နေလဲ နေတတ်ပါတယ် ကျေလဲ
ကျေနပ်ပါတယ် ၊
ဒါပေမဲ့ဗျာ
တခါတလေတော့လေ ကျွန်တော့ဘ၀ကြီး အထီးကျန်
ဆန်လွန်းတယ် ။ ။