ဆေးသကြားချိုချို စေတနာပိုသူများအကြောင်း
တစေ့တစောင်း
ပညာရှာ ပမာသူဖုန်းစား
ဟူသောစကားပုံရှိသော်လည်း
ပညာအတွက်ဘ၀ကိုရင်းပါဟု မည်သည့်ခေတ် တွင်
မည်သည့်နိုင်ငံက မည်သည့်ပညာရှိကမှ
မပြောဆိုသွားခဲ့ပါချေ။ မိမိတိုင်းပြည်တွင်
လက်ရှိပညာ အရည်အချင်းဖြင့်
လုပ်ကိုင်ရှာဖွေစားသောက်ရထက်
ပိုမိုမြင့်မားသောပညာရည်ဖြင့်
ပိုမိုကောင်းမွန်သော အလုပ်အကိုင်၊
လုပ်ခလစာအခွင့်အလမ်းတို့ကိုမျှော်ကိုးပြီး
နိုင်ငံခြားတွင်ပညာသင်လိုသော မိန်းကလေး
များ ကိုအခွင့်ကောင်းစောင့်ဖမ်းနေသော
မြို့ပြကျားဆိုးကြီးများအကြောင်းကို
သတိပေးလိုပါသည် ညီအစ်မများတို့။
နိုင်ငံခြားတွင်ပညာရှာလိုကြသော
မိန်းကလေးများထဲတွင် မိဘက
ပညာသင်စရိတ်မပေးနိုင်သူများရော၊
ပညာသင်စရိတ်ထောက်ပံ့နိုင်သူများပါရှိကြသော်လည်း
တိုင်းပြည်ဧ။်ကြပ်တည်းသော စီးပွားရေးအခြေ
အနေ အောက်တွင် မတတ်နိုင်သူကများပါသည်။
သို့သော် အလုပ်တဖက်နဲ့ ကျောင်းတက်မည်ဆိုသူ
များရော၊ ပညာသင်ထောက်ပံ့ကြေးစရိတ်ကို
မျှော်သူများပါ ငွေမလုံလောက်ဘဲ
ကျောင်းတက်ဖို့ ကြိုးစားကြ ရှာပါသည်။
သည်နေရာတွင်တခုပြောချင်သည်မှာ
နိုင်ငံခြားတွင်ကျောင်းတက်လိုသူများသည်
လုံလောက်သော အတန်းပညာ၊ ပညာသင်လိုစိတ်၊
ပညာသင်စရိတ်နှင့်
ကောင်းမွန်သောကျန်းမာရေးတို့သာ လိုအပ်သည်
မဟုတ်ပါချေ။ လွန်စွာကျယ်ပြန့်သော
နိုင်ငံတကာပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်
ဝင်ဆံ့နိုင်လောက် သော လူမှုရေးအတွေ့အကြုံ
ဗဟုသုတနှင့် လူရည်လည်ပါးနပ်မှုတို့လည်း
လိုအပ်ပါသေးသည်။
ထိုအခါမှဇာတ်လမ်းကစပါတော့သည်။
ငွေရှင်ကြေးရှင်
လူလည်စီးပွားရေးသမားကြီးများသည် ရိုးသား
ကြိုးစားကြသော်လည်း
အိမ်တွင်းရုံးတွင်းအောင်းကာ လူရည်မလည်သော
ထိုသို့သောမိန်းမကောင်း
မိန်းမတော်လေးများကို
နိုင်ငံခြားတွင်ကျောင်းထားပေးမည်၊
ကျောင်းစရိတ်ထောက်ပံ့မည်ဟုဆိုကာ
ကျေးဇူးမွေးတတ်ကြလေသည်။ ထိုမျှမကသေး
သူတို့ဧ။်နိုင်ငံခြားရုံးခွဲများကို
ဦးစီးလုပ်ကိုင်စေမည် ဆိုသော
ထိုင်ရှိခိုးလောက်သော မက်လုံးများကိုလည်း
ပေးတတ်ချေသေးသည်။ ထို့နောက် ကိုယ်တိုင်
ကျောင်းလိုက်အပ်ပေးခြင်းများ၊
နေထိုင်စရာစီမံပေးခြင်းများကို
ထောင့်စုံစွာ(ကူညီ) တတ်လေသည်။ ထိုမျှမကသေး။
နေထိုင်ရန်ကိုပင် ကျောင်းမှအဆောင်မှာ
စာကောင်းစွာကြိုးစားနိုင်ရန်မသင့်တော်၊
ဆူညံလွန်းသည်ဆိုကာ
တိုက်ခန်းငှားပေးခြင်းများ၊
ကျောင်းသူအသုံးအဆောင်များဖြစ်သော
ကွန်ပြူတာ၊ ပရင့်တာ၊ စကင်နာ စသည်များကိုပါ
စာတော်သောကြောင့် ဆုချသည်ဆိုကာ
ဝယ်ပေးခြင်းများ ပြုလုပ် တတ်လေသည်။
ထိုသို့သောကျေးဇူးများနှင့်
ချည်နှောင်ပြီးသောအခါမှ မည်သည့်အကြောင်း
သတင်း ကြားလျှင် ပြန်ပြောရန်
သတင်းပေးမွေးလေတော့သည်။
မြန်မာအမျိုးကောင်းသမီးလေးများမှာ အသက်
အန္တရာယ်နီးလှသော
သတင်းပေးဘ၀ရောက်လို့ရောက်မှန်းပင်မသိကြရှာပေ။
တကယ်စေတနာရှိသူ သည် သည်လိုအသက်ဘေးနီးသော
စီးပွားရေးသတင်းပေးအလုပ်ကို
မိမိစေတနာရှိသူကို ခိုင်းမည်မ ဟုတ်ပေ။
ပိုဆိုးသည်မှာ
သဒ္ဓါလွန်လို့တဏှာကျွန်ဖြစ်ရလေဟန်ဆောင်ကာ
အပျော်မယားမွေးခြင်းပင် ဖြစ်ပါတော့သတည်း
ညီအစ်မတို့။ ငှားပေးထားသောတိုက်ခန်း၊
ဝယ်ပေးထားသော အသုံးအဆောင် ပစည်းများကြောင့်
အမှန်တကယ်စေတနာပိုသည်မထင်လိုက်ကြပါနဲ့။
သူဌေးဈေးတွက် တွက်ပြပါမည်။
နိုင်ငံခြားတွင်
ရုံးတစ်ရုံးဖွင့်နိုင်ဖို့ကုန်ကျစရိတ်ကြီးသက်သာသည်ကိုဖယ်လိုက်ပါဦးတော့...နိုင်ငံခြားသို့
အစည်းအဝေးဖြစ်စေ၊
စီးပွားရေးကိစဖြင့်ဖြစ်စေ
တစ်ခေါက်လာတိုင်း ဟိုတယ်အခန်းငှားခ၊
သွားလေရာ မသယ်နိုင်သော
ရုံးသုံးပစည်းများကြောင့်
အပြင်တွင်ရုံးသုံးပစည်းငှားခ၊
သူတို့ပျော်ဖို့ အပျော်ကြေးစား
မယ်ငှားရမ်းခနှင့်
ထိုကြေးစားမယ်ကြောင့်ပေါ်ပေါက်လာနိုင်သော
ခန့်မှန်းမရနိုင်သော ရောဂါနှင့် ပြသနာ
များနှင့်နှိုင်းယှဉ်လျှင်
ရိုးသားကြိုးစားသော မိကောင်းဖခင်သမီးကို
သည်လိုပံ့ပိုးကာ သည်လိုဘက်စုံ
အသုံးချလို့ရသည်က မည်မျှအမြတ်ထွက်ပါသနည်း။
ထိုမျှမကသေး။ စီးပွားရေးဆိုင်ရာ သတင်းအချက်
အလက်များကိုသုတေသနပြုလုပ်ထားသော
စာတမ်းများ၊ ကျမ်းများကို ထိုသူမတက်ရောက်ရာ
တကသိုလ်တွင်အခမဲ့ ရှာဖွေကူးယူနိုင်သော
အခွင့်အရေးက ငွေကြေးဖြင့်နှိုင်းဆ
မရနိုင်ပါချေ။
မိမိဧ။်တန်ဖိုးကိုမသိလိုက်ဘဲ
သည်လိုအသုံးချတတ်သော
မြို့ပြကျားကြီးများကို လူရည်မလည်သော
မိန်းကလေးများက
ကျေးဇူးရှင်သဖွယ်ထင်မှတ်ကိုးကွယ်နေကြသည်ကိုမြင်ရသောအခါ
လွန်စွာ အသည်း ယားကာ
ညီအစ်မချင်းကိုယ်ချင်းစာကာ သူမတို့အစား
မခံချင်ဖြစ်မိပါသည်။ အဆိုပါ
မြို့ပြကျားကြီး များသည်
ထိုမိန်းကလေးများကို
အသုံးချလို့ရသလောက်အသုံးချပြီး
အသုံးချလို့မရတော့သော
အခြေအနေရောက်သောအခါတွင်
ယင်းတို့ဧ။်အကြောင်းများကို
သိတန်သလောက်သိသွားသော ထိုမိန်းကလေးများကို
လက်စပျောက်ရှင်းထုတ်တတ်လေသည်။
သည်လိုအလုပ်မျိုးလုပ်သည်ဆိုကတည်းက ထို
မြို့ပြကျားကြီးများသည်
ဗြောင်ဒုစရိုက်ဂိုဏ်းသား သို့မဟုတ်
လူကောင်းယောင်ဆောင်ထားသော
ဒုစရိုက်ဂိုဏ်းသားချည့်ဖြစ်လေရာ မည်မျှ
အန္တရာယ်ကြီး ကြောင်းသိသာလှပေသည်။
ထိုသူများသည် ဒုစရိုက်ဂိုဏ်းသားပီပီ
လုပ်သမျှ ပိပိရိရိ လျှို့ဝှက်စွာ လုပ်
တတ်လေ့ရှိရာ အမှုမှန်ဖော်ထုတ်ဖို့လည်း
ခဲယဉ်းတတ်သဖြင့် ညီအစ်မတို့
ရှောင်နိုင်ပါမှ အန္တရာယ် ကင်းပေမည်။
သဘာဝမကျသော ချိုလွန်းသော ဆေးသကြားသည်
ကျန်းမာရေးကို ဒုကပေးတတ် သကဲ့သို့
သဘာဝမကျသော ပိုလွန်းသော စေတနာများသည်ကား
ဘ၀ဆုံးအောင်ပင် ဒုကပေးတတ် လေသတည်း။
ထိုမျှသာမကသေးပေ။
လူကောင်းယောင်ဆောင်ထားသော ထိုသူများသည်
သူတို့စီးပွားရေးလုပ်ငန်းထဲတွင်
ဝင်ရောက်အလုပ်လုပ်ကိုင်ဖူးသူ
တစ်စုံတစ်ယောက် နိုင်ငံရပ်ခြားတွင်
သွားရောက်စီးပွားရှာရင်း အောင်မြင်
အဆင်ပြေနေပါက သူတို့ပြောသမျှ
ပြန်မကြားလောက်သူဟု သူတို့ ထင်ထားသော
မိန်းကလေးများ အကြားတွင်
မြို့ပြကျားကြီးများ
ကြွားလုံးမက်လုံးထုတ်ပုံကို
ပြန်လည်ဖောက်သည်ချပါဦးမည်။ မြို့ပြ
ကျားကြီးများက အဆက်အသွယ်များ
ထောက်ပံ့ပေးထားသောကြောင့်၊
စီးပွားရေးအတွက် မတည်ငွေ
ထောက်ပံ့ပေးထားသောကြောင့်
တချိန်ကထိုဝန်ထမ်းဟောင်းများ
အောင်မြင်နေလေဟန် မဟုတ်မမှန်ဘဲနှင့် အသားယူ
ကြွားလုံးထုတ်ရင်း ဒင်းတို့ကို
ပျော်အောင်ထားလျှင်၊
ဒင်းတို့အလိုကိုလိုက်လျောလျှင် ဒင်းတို့က
ထိုမိန်းကလေးများကိုလည်း
ထိုဝန်ထမ်းဟောင်းများကို
ထောက်ပံ့သလိုထောက်ပံ့ကာ အောင်မြင်အောင်
ပံ့ပိုးပေးမည်ဆိုသော
ရွံ့ရှာဖွယ်အတိပြီးသော မက်လုံးများ
ပေးခြင်းပင်ဖြစ်ပါသတည်း။ သူများပြောတိုင်း
ယုံမိပါက ပုံပြင်ထဲတွင်ပင် မိမိအကြောင်းသည်
စိတ်မကောင်းစရာအကောင်းဆုံး ပုံပြင်စာရင်း
ဝင်သွားတတ် ပါသတည်း ညီအစ်မတို့။