စိတ်ရိုင်းဝင်စညီအစ်မများသို့မှအဆက်
စိတ်ရိုင်းဝင်ဖူးသော
မိန်းမဆိုးလေးများထဲတွင် အမြင်မှန်ရလျက်
မိမိကိုယ်ပြန်လည် ထိန်းသိမ်းပြုပြင်
သွားသောမိန်းမလေးများရှိသော်လည်း
ပေါ့ပေါ့တွေးတတ်လွန်းသော၊
အလွယ်ကြိုက်လွန်းသော စိတ် အခံ ကြောင့်
ထိုဘ၀ကိုခုံမင်နှစ်သက်သွားကာ
နွံထဲမှရုန်းမထွက်နိုင်တော့သော
မိန်းကလေးများလည်း ရှိကြလေသည်။ ထိုသို့သော
မိန်းမဆိုးလေးများထဲမှ ပိုမိုဆိုးရွားသော
အချို့မိန်းမများသည် ကိုယ့်ကိုယ် ကို သည်ဘဝ
ရောက်သည်ကို အသိတရားမရနိုင်သေးဘဲ
မိမိဧ။်စာရိတ္တကိုကာကွယ်ရန် မိမိဧ။်အမဲစက်
ကို အဖြူကြားထဲတွင်ထားသည်ထက်
အမဲစက်များကြားတွင်ထားပါက
ပိုမိုလုံခြုံမည်ထင်မှတ်လျက် မိမိဧ။်
ပတ်ဝန်းကျင်ကိုပါ အမဲဆိုးရန်
ကြိုးစားကြလေသည်။
အခြားမိန်းကလေးများသူ့လိုဖြစ်လျှင် ဂိုဏ်း
ဝင်များလာပြီးသော်
သိပ်ရှက်စရာမလိုသလိုထင်မှတ်လျက်
အခြားမိန်းကလေးများကိုပါ သူ့လိုဖြစ်အောင်
တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်ပြီးတဖုံ
လိုက်လံမြှူဆွယ်တတ်သေးလေသည်။ ထို့အတူ
ရသာလျှင်ဘနဖူး သိုက်တူးလိုသူ
စီးပွားရေးသမား ယောက်ျားများကလည်း
ပြင်ပကမ္ဘာနှင့်
ထိတွေ့ကျွမ်းဝင်မှုနည်းပါးသော
မြန်မာမလေးများ ကို အခွင့်ကောင်းယူကာ
သူတို့စီးပွားရေးအတွက် နည်းမျိုးစုံဖြင့်
အသုံးချတတ်သေး လေသည်။
အထူး မြှူဆွယ်တတ်သည့်ပုံစံများမှာ
မိန်းကလေးများကို ခပ်ပေါ့ပေါ့တွေးရန်၊
အပျော်အပါးမက်မော လာ ရန်၊
မိန်းကလေးများနှစ်သက်တတ်သော
အလှပြင်ပစည်းများ၊ ဖက်ရှင်၊
အ၀တ်အစားများကို အကြောင်း ပြုကာ အ၀တ်အစား
လော်မာပက်စက် အရှက်ကင်းမဲ့ခြင်းကို
ဖက်ရှင်ကျခြင်းဟု တလွဲအဓိပ္ပာယ်ဖွင့်ပြီး
ထိုသို့ ၀တ်စားစေရန်၊
ထိုသို့ဝတ်စားကာမိန်းမချင်း အနှစ်သာရမရှိ
အလှအပ၊ အ၀တ်အစား ပြိုင်ဆိုင် ခြင်းကို
အားပေးရင်း မိန်းမကောင်းတန်ဖိုးဧ။်
တကယ့်အနှစ်သာရများကို မိန်းကလေးများထံမှ
ပျောက် ကွယ်စေရန်၊ ရည်းစားတစ်ထောင်၊
လင်ကောင်တစ်ယောက်
ဟူသောမိန်းမပေါ့အတွေးများကို ဖြန့်ချီကာ
မြှောက်ထိုး ပင့်ကော်လုပ်ခြင်းဖြင့်
ကိုယ့်လိုလူများလာစေရန် စသည်ဖြင့်
မြှောက်ပင့်မြှူဆွယ် ဆောင်ရွက် ကြလေသည်။
ထိုမှသာ သူတို့အမည်းစက်ကို
သူတပါးအမည်းစက်များကြားတွင်
ဖုံးကွယ်ဝှက်ထားရင်း သူတို့ဝေပုံကျ
တင်သွင်းလာသောအလှပြင်ပစည်းများ၊
အလှကုန်များ၊ နိုင်ငံခြားတွင်
ဈေးပေါပေါလူများဝတ်ဆင်ကြသော
ဈေးပေါပေါဝတ်စုံများကို အမြတ်ကြီးတင်လျက်
များများကြီးရောင်းရကာ စီးပွားရေး
ကောင်းကြမည်ဖြစ်သောကြောင့်ပါတည်း။
ထိုမျှမကသေး.. ထိုသို့သောဝတ်စား နေထိုင်ပုံ
နည်းလမ်းများ ကို သင်တန်းဖွင့်ပြီး
သင်ကြားကာ မီဒီယာဆိုသည်များကို အသုံးချပြီး
ကြော်ငြာကောင်းကောင်းဖြင့်
ဆွဲဆောင်တတ်ကြလေရာ မစဉ်းစားတတ်သူများ၊
အကြားအမြင် ဗဟုသုတ နည်းပါးသူများ၊ လွယ်လွယ်
ပေါ့ပေါ့တွေးတတ်သူများမှာ ဟုတ်နိုးနိုး
ထင်တတ်ကြလေသည်။ သူတို့အဖို့ မှာတော့
ဖက်ရှင်သင်တန်း ကြေးများ၊
ဖက်ရှင်ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာကြေးများ၊
ထိုဖက်ရှင်မောင်မယ်များဧ။်
ဝန်ဆောင်မှုများကို
လက်လွှဲရောင်းစားခြင်းမှရသော
အခကြေးငွေများ၊ သည်ကြားထဲတွင်မှ အချို့သော
အေဂျင်စီများမှ မနူးမနပ်မော်ဒယ်လ်များကို
လက်သိပ်ထိုးအပျော်စခန်းများသို့
သွယ်ဝိုက်ပို့ပေးရာမှ ရလာသောငွေမည်း များ
စသည်ဖြင့် စီးပွားအတော်ဖြစ်ကြလေသည်။
ထို့ကြောင့် ညီမငယ် လေးတို့အနေဖြင့်
သူတပါးက အကြံပေးလာတိုင်း
ဘယ်သူ့အကျိုးစီးပွားအတွက်
ဘယ်အကြောင်းကြောင့် အကြံပေးသည်ကို အမြင်
ကျယ်ကျယ်၊ သတိနာနာထားပြီး
စဉ်းစားချင့်ချိန်နိုင်ကာမှ တော်ကာကျမည်
ဖြစ်ကြောင်း သတိပေးလိုက် ရပါသည်။
ကြော်ငြာကောင်းတိုင်း ရည်ရွယ်ချက်ကောင်းတာ
မဟုတ်သည်ကိုလည်း သတိချပ်စေချင် ပါသည်။
တောင်းမှာအကွပ်၊ လူမှာအ၀တ်ဆိုသည့်အတိုင်း
ဝတ်စားပုံကိုလိုက်ပြီး
လူ့စိတ်မှာပြောင်းလဲတတ်လေရာ
အရှက်အကြောက်ကင်းမဲ့စွာ
ဝတ်စားတတ်သူဧ။်စိတ်သည်လည်း အရှက်အကြောက်
ကင်းမဲ့လာတတ် လေသည်။
အချို့ဝတ်စားဆင်ယင်ပုံများမှာ တဖက်သားကို
ရာဇ၀တ်မှုကျူးလွန်အောင် သွေးထိုးလှုံ့ဆော် ရာ
ရောက်နေသောကြောင့်
လွတ်လပ်လွန်းလှပါသည်ဆိုသော
အမေရိကန်နိုင်ငံရှိ ဟောလီးဝုဒ်ရုပ်ရှင်
မြို့တော်တွင်ပင်
အ၀တ်အစားပက်စက်သောမင်းသမီးများမှာ
ရာဇ၀တ်မှုကျူးလွန်အောင် သွေးထိုး
လှုံ့ဆော်မှုဖြင့်
ပြစ်တင်ရှုံ့ချခြင်းကိုခံခဲ့ဖူးကြောင်း
စာရေးဆရာမ ဂျူးဧ။် မတော်တရော်ဆောင်းပါးတွင်
ဖတ်မိကြားသိရဖူးလေသည်။ ထိုမင်းသမီးများကို
အကြောင်းစုံမသိပါဘဲ နာမည်ကြီးဆိုသည်နှင့်
ဘယ်လို နာမည်ဖြင့် နာမည်ကြီးသည်ကို
မစူးစမ်းဘဲ နာမည်ကြီးသူလုပ်သလို ၀တ်သလို
လျှောက်အတုခိုးလျှင်ဖြင့်
မိမိကိုယ်တိုင်သာ ကိုယ်ကျိုးနည်း တတ်ပါသည်
ညီမငယ်တို့။ တကယ်တမ်းတော့
ဖုံးဖိထားသင့်သည့် ကိုယ်တွင်းအင်္ဂါများကို
ဖော်ထုတ်ပြသ သလိုဖြစ်နေသော အ၀တ်အစားများကို
ဝတ်သူမိန်းကလေးများကို ဘယ်နိုင်ငံက
ဘယ်ယောက်ျားကမှ
မြတ်နိုးလေးစားမှုမရှိပါချေတည်း။
လေဒီဒိုင်ယာနာပင်လျှင် သူ့နိုင်ငံ ဧ။်
ပွဲတက်အမျိုးသမီးဝတ်စုံဖြစ်သော
စကတ်ကိုပင် တိုတိုဝတ်မိခြင်းကြောင့်
သတင်းစာထဲတွင် ထောက် ပြဝေဖန်ရှုံချခြင်း
ခံခဲ့ရဖူးသော သာဓက ထင်ထင်ရှားရှားကြီးကို
ရှိခဲ့ဖူးပါသည်။
နိုင်ငံခြားဖက်ရှင်ပြပွဲတွင်
ခေါင်းစဉ်ရှိပါသည်။
မည်သည့်အ၀တ်အစားမျိုးကိုသာ
ဒီဇိုင်းသစ်ထုတ်ပြီး ပြသ
ခြင်းဖြစ်သည်ဟုကြေငြာလေ့ရှိပါသည်။ ဥပမာ
ပွဲတက်အ၀တ်အစား၊ နွေဦးရာသီအ၀တ်အစား၊
ဆောင်း ၀တ်စုံပြပွဲ၊ အလွန်ဆုံးအနေဖြင့် exotic
fashion စသည်ဖြင့် သူ့ခေါင်းစဉ်နှင့် သူအလှည့်ကျ
ပြပွဲလုပ် လေ့ရှိပါသည်။
လုံခြုံသောအ၀တ်အစား၊ မလုံခြုံသောအ၀တ်အစား
သူ့ဟာနဲ့သူ ခေါင်းစဉ်တပ်ကာ
ပြပွဲလုပ်လေ့ရှိပါသည်။ သို့ရာတွင်
ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ နေထိုင်ရာ
မြန်မာနိုင်ငံဟုကြွေးကြော်နေပါလျက်
မြန်မာနိုင်ငံမှ ဖက်ရှင်ပြပွဲများတွင်
မည်သည့်အကြောင်း ကြောင့် ဂုဏ်သရေရှိ
လူကြီးလူကောင်းများ အဆင့်အတန်းရှိရှိ
ဝတ်ဆင်လေ့ရှိသော အ၀တ်အစားများကို
ဝတ်ဆင်သရုပ်ပြသူ
မော်ဒယ်လ်များကိုတခါမှမတွေ့ရဘဲ
မည်သည့်အကြောင်းကြောင့်
နိုင်ငံခြားတွင်ပင် လူကောင်းသွားလေ့
မရှိသောနေရာများမှ လူများဝတ်လေ့ရှိသော
အ၀တ်အစားများချည်းကိုသာ ပွဲကြီး ကျင်းပလျက်
ဝတ်ဆင်ပြသနေကြသည်ကို
မတွေးတတ်နိုင်အောင်ဖြစ်ရပါသည် ဟု
နိုင်ငံခြားသားကပင်
ပြန်လည်ဝေဖန်ထောက်ပြခံနေရပါပြီ
ညီမငယ်တို့။ ထိုမျှမကသေး၊ နိုင်ငံတကာက
သိအောင်ပင် အင်တာ နက်ပေါ်တွင်
ထုတ်လွှင့်ပြသလိုက်သေးသည်။
မြန်မာပြည်သူအမျိုးသမီးထုတရပ်လုံးဧ။်
အရှက်ကိုမငဲ့ ဒါတွေချည့်စီစဉ်နေသည်မှာ
မည်သည့်အကြောင်းကြောင့်ပါနည်း။
တရားခံမည်သူပါနည်း။ ၀တ်ဆင်သူ လား၊
ချုပ်ပေးသူလား၊ ပွဲစီစဉ်ကျင်းပသူလား၊
ပွဲကျင်းပခွင့်ပြုသူလား။ အားလုံးမှာတော့
တာဝန်ကိုယ်စီ ရှိကြသည်ထင်ပါသည်။
သည်လိုပွဲတွေမှာ သရုပ်ပြသူများကိုသာ
အားကျပြီးအတုခိုးသူညီမငယ်များ
ပေါများလာလျှင်တော့ဖြင့်
နိုင်ငံခြားသားများက မြန်မာနိုင်ငံကို
ဗိုလ်ချုပ်အောင်ဆန်း နိမိတ်ဖတ်ခဲ့ဖူး
သောနိုင်ငံဟု ထင်မြင်ယူဆကြပေတော့မည်တည်း။
သူ့ကျွန်ဘ၀ရောက်ဖူးသော
မြန်မာနိုင်ငံသမိုင်း ရိုင်းခဲ့လှပါပြီ။
သည့်ထက်ပိုမရိုင်းရလေအောင်
သည်လိုအဖြစ်မျိုးမရောက်ရလေအောင်
ညီအစ်မများမှ
လည်းဝိုင်းဝန်းကူညီကာကွယ်ကြပါရန်
တောင်းဆိုလိုက်ရပါသည် ညီအစ်မများတို့။