ခဏ ခဏ တမ်းတ
ခဏ ခဏ သတိရ
မဆုံနိုင်ခြင်းတွေနဲ့ပဲ
ရှင်သန်နေရတော့မှာလား
ရင်ခွင်မှာ
မျှော်လင့်ချက် သေဆုံးလုလု
အလွမ်းနဲ့ပဲ နိဂုံးချုပ်လိုက်ရမှာလား. . .
တစ်ခေါက် နှစ်ခေါက် မြင်ဖူးရုံ
နေရာယူသွားတဲ့ ငါ့ရင်ထဲက
နတ်သမီးတစ်ပါး
ဘယ်ဆီကိုများရောက်လို့နေသလဲ
ဖွေရှာပြန်လည်း မတွေ့
ငါမြင်ချင်တဲ့ နင့်မျက်နှာ
ဘယ်အခါမှ တွေ့ခွင့်ရမလဲ. . .
ကျောင်းလာတိုင်း
ပြန်တွေ့မလား ပြန်တွေ့မလား
အိပ်မက်တွေမက်ခဲ့ရတာ
အခါခါ
များခဲ့ပြီ
အိပ်မက်တွေပျက်ပြယ်ခဲ့တာလည်း
အခါခါ
များခဲ့ပြီ
တိုင်တည်လိုက်တယ်
ငွေလမင်းရေ
ဖူးစာမှန်ရင်
ပြန်ဆုံပါရစေ. . . ။ ။
ရဲ(YEco)
ကျွန်တော့် Gmail က ecokglay17@gmail.com ပါ. . . ။ ။