ဟိုးတစ်ခါတုန်းက
ခရစ်စမတ်ကာလဖြစ်တဲ့ ဆောင်းရာသီတစ်ခုမှာ၊
နယူးယောက်မြို့ကြီးရဲ့
စက်မှုဇုံဝင်းကြီးတစ်ခုအတွင်းမှာ
တာဝန်ကျရဲအရာရှိတစ်ယောက်ဟာ
တာဝန်အရကင်းလှည့်နေတယ်တဲ့။
ဆောင်းရာသီကာလဖြစ်တဲ့အတွက် ည
ကိုးနာရီအချိန်လောက်မှာ လေတွေက
ပြင်းထန်စွာတိုက်ခတ်လာတယ်။
တာဝန်ကျရဲအရာရှိဟာ အမိုးဖျင်တစ်ခုအောက်မှာ
ခဏ၀င်ခိုနေတုန်း နောက်ဘက်က
လျှပ်တိုက်လျှောက်လာတဲ့ ခြေသံတစ်ခုကို
ကြားလိုက်တယ်။ ဒီလိုအချိန်ကြီးမှာ
လျှပ်တိုက်လျှောက်လာတဲ့ ခြေသံကြောင့် လက်က
သေနတ်ဆီကိုရောက်သွားပြီး နောက်ကို
လှည့်ကြည့်လိုက်တယ်။ အဲဒီချိန်မှာ
သူ့နားကိုလျှောက်လာနေတဲ့ အရပ်က ၅ ပေ
၁၀လက်မခန့်၊ ပေါင်ချိန် ၁၇၀ခန့်ရှိတဲ့
အဘိုးကြီးတစ်ယောက်ကိုတွေ့လိုက်တယ်။
“လန့်သွားဖို့ မရည်ရွယ်ပါဘူး.. ငါ့နာမယ်က
အက်ဒ် ပါ”
အဲဒီအဘိုးကြီးက ပြုံးပြီးပြောတယ်။
“ကျွန်တော့အမည်ကတော့ ရဲအရာရှိ ပါဝါ ပါ”
ရဲအရာရှိကလည်း သူ့ကိုယ်သူ
ပြန်မိတ်ဆက်လိုက်တယ်။
“ဒီည အအေးဒဏ်ပြင်းထန်တယ်နော်…။
အင်း… ဒီလိုအအေးဓာတ်ပြင်းထန်တဲ့
ဆောင်းညတစ်ညမှာ ဘ၀တစ်ခု စခဲ့ဖူးတယ်” လို့
အဘိုးကြီးက စကားစလိုက်တယ်တဲ့….
“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်ငါးနှစ်..
ခရစ်စမတ်အကြိုနေ့တစ်နေ့မှာပေါ့…” လို့
အဘိုးကြီးက အစချီလိုက်တယ်…
အအေးဓာတ်ပြင်းထန်တဲ့
နယူးယောက်မြို့ရဲ့ အိမ်ကြိုအိမ်ကြားမှာ
ပိုင်ဆိုင်သမျှဆိုလို့ လူတစ်ယောက်စာ
ခွေအိပ်နိုင်ရုံလောက်သာကျယ်တဲ့
စက္ကူပုံးတစ်ခုကိုသာပိုင်ဆိုင်တဲ့
အိမ်ခြေမဲ့ အရက်သမားတစ်ဦးရှိတယ်။
တစ်နေ့မှာသူဟာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့
ခြေလှမ်းတွေနဲ့ Manhattan တံတားကြီးပေါ်ကို
လျှောက်လာခဲ့တယ်။ အဲဒီနေ့က ၁၉၃၇ ခုနှစ်
ခရစ်စမတ်အကြိုနေ့ပေါ့။
တံတားပေါ်ကိုဖြတ်လာမယ့်
ထရပ်ကားတစ်စင်းစင်းရဲ့ ရှေ့မှာ လှဲချပြီး
ဘ၀တစ်ခုကို အဆုံးသတ်ဖို့ တံတားပေါ်မှာ
ရပ်စောင့်နေခဲ့တယ်။ နာရီပေါင်းများစွာ
မတ်တပ်ရပ်စောင့်နေခဲ့ပေမယ့်လည်း
ထရပ်ကားတစ်စင်းတစ်လေရဲ့ အရိပ်အရောင်တောင်
မတွေ့ရဘူး။ နာရီတွေကြာလာတော့
ဆာလောင်မွတ်သိပ်မှုက ပြင်းထန်လာခဲ့တယ်။
ကားကလဲ တစ်စင်းမှ မလာတော့ ကနယ်လမ်းပေါ်ကို
တက်သွားပြီး အရင်ရက်တွေတုန်းကလိုပဲ
ဖြတ်သွားဖြတ်လာလူတွေဆီက
ပိုက်ဆံလေးတစ်ပြားတစ်ချပ်ရမလား တောင်းတယ်။
ဖိတ်ဖိတ်တောက်
နယူးယောက်မြို့သူမြို့သားတွေဟာ
သူ့ကိုလှည့်လို့တောင် မကြည့်ကြဘူး။
အဲဒီအချိန်မှာ
အသားနုရောင်ကုတ်အကျီင်္ဝတ်ထားတဲ့
ရပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့
အသက်သုံးဆယ်ကျော်ကျော်အရွယ်
ယောင်္ကျားတစ်ယောက်ကို
“ကော်ဖီတစ်ခွက်သောက်ချင်လို့ပါ” လို့
တောင်းပန်တိုးလျှိုးလိုက်တယ်။ ကုတ်အကျီ
င်္ဝတ်ယောင်္ကျားက သူ့ကိုစောင်းငဲ့ကြည့်ပြီး
“ကျွန်တော့နောက်ကို လိုက်ခဲ့” လို့ ဆိုပြီး
စားသောက်ဆိုင်တစ်ခုထဲကို ခေါ်သွားတယ်။
စားသောက်ဆိုင်ထဲရောက်တော့
ကောင်တာမှာထိုင်ခိုင်းပြီး ကော်ဖီသာမက
ပူနွေးတဲ့ မနက်စာကိုပါ မှာကျွေးတယ်။
အိမ်ခြေမဲ့အရက်သမားကြီးက သူ့ဘ၀မှာ
မမေ့နိုင်ဆုံး နံနက်စာပဲလို့
ရေရွတ်လို့မဆုံးခင် ကုတ်အကျီ င်္ဝတ်ယောင်္ကျားက
နေ့လည်စာပါဝယ်ပြီး ပါဆယ်ထုတ်ပေးလိုက်တယ်။
အိမ်ခြေမဲ့အရက်သမားဟာ သူနေထိုင်ရာ
နောက်ဖေးလမ်းကြားထဲက
စက္ကူပုံးအိမ်လေးကိုပြန်လာတယ်။
ညနေစောင်းရောက်တော့ ကုတ်အကျီ င်္ဝတ်ယောင်္ကျား
ဝယ်ပေးလိုက်တဲ့ ညနေစာကိုစားပြီး
အိပ်ပျော်သွားခဲ့တယ်။ တစ်ရေးနိုးချိန်မှာ
သူ့ဗိုက်ဟာ
အရင်နေ့တွေလိုဆာလောင်မွတ်သိပ်မှု မရှိတာကို
သတိထားမိပြီး အနည်းငယ်ကျေနပ်နေခဲ့တယ်။
ဒါပေမယ့်လည်း သူ့ဘ၀ဟာ အသက်ဆက်ပြီး
ရှင်သန်နေစရာအကြောင်း မရှိတာ၊
မျှော်လင့်စရာဘာမှ မရှိတာကို
တစိမ့်စိမ့်တွေးပြီး အိပ်ပျော်သွားတယ်။
နောက်တစ်နေ့မှာလည်း
အဲဒီအိမ်ခြေမဲ့အရက်သမားဟာ Manhattan
တံတားကြီးပေါ်ကို လျှောက်လာခဲ့ပြန်တယ်။
ထရပ်ကားတစ်စင်းစင်းကို
မတ်တပ်ရပ်ပြီးစောင့်တယ်။ မနေ့ကလိုပဲ
နာရီပေါင်းများစွာစောင့်သော်လည်း
ဘာထရပ်ကားမှ ရောက်မလာပြန်ဘူး။ စိတ်ရှုပ်မှု၊
ဝမ်းနည်းမှု၊ မျှော်လင့်ချက်မဲ့မှုတွေနဲ့
ဘာလုပ်ရမှန်းမသိတော့ ဘုရားကိုတောင်
စကားပြောလိုက်မိသေးတယ်။ “အိုဘုရား..
နောက်တစ်ညတောင် ဆက်အသက်မရှင်တော့လို့
ကူညီပါ..” လို့။ ဒါပေမယ့် ကားက တစ်စင်းမှ
မလာဘူး။ အိမ်ခြေမဲ့အရက်သမား မသိတာက
ပြင်းထန်လှတဲ့ စနိုးမုန်တိုင်းကြောင့် အဲဒီ
က ၁၉၃၇ ခုနှစ် ခရစ်စမတ်အကြိုနေ့မှာ Manhattan
တံတားကြီး ပိတ်ထားတယ်ဆိုတာကိုပဲ။
နာရီပေါင်းများစွာကြာလာတော့
ဆာလောင်မွတ်သိပ်မှုကြောင့် ထုံးစံအတိုင်း
ကနယ်လမ်းပေါ်ကို
တက်သွားပြီးတောင်းစားပြန်တယ်။
အဲဒီချိန်မှာ မနေ့က ကုတ်အကျီ င်္ဝတ်လူကို
ထပ်တွေ့ပြန်တယ်။ ဒီတစ်ခါတော့ အဲဒီလူက
သူ့ဆီတန်းလာတယ်။ ပြီးတော့ မျက်လုံးထဲကို
စိုက်ကြည့်ပြီး
“ခင်ဗျားကို ကျွန်တော်ကူညီနိုင်မလား” လို့
မေးတယ်။
အဲဒီလူရဲ့ အကြည့်နဲ့ လေသံထဲက
နွေးထွေးမှုတစ်စုံတစ်ရာဟာ
အိမ်ခြေမဲ့အရက်သမားရဲ့
ရိုးတွင်းခြင်ဆီတွေအထိ စီးဆင်းသွားခဲ့တယ်။
အဲဒီလိုနဲ့ အိမ်ခြေမဲ့အရက်သမားဟာ
စားသောက်ဆိုင်ထဲကို ရောက်သွားပြန်တယ်။
ကုတ်အကျီ င်္ဝတ်လူ ၀ယ်ကျွေးတဲ့
အနောက်နိုင်ငံသားတွေရဲ့
ရိုးရာခရစ်စမတ်အစာဖြစ်တဲ့
ကြက်ဆင်သားပေါင်မုန့်အသားညှပ်ကို
မြိန်ရှက်စွာစားနေတုန်း ကုတ်အကျီ င်္ဝတ်လူက
ပျောက်သွားတယ်။ အပြင်မှာတော့ နှင်းတွေ
ပြင်းထန်စွာကျနေတယ်။
အိမ်ခြေမဲ့အရက်သမားစားပြီးလောက်ချိန်မှာ
ကုတ်အကျီ င်္ဝတ်ယောင်္ကျားက ပြန်ရောက်လာတယ်။
ဒီလောက်နှင်းမုန်တိုင်းထဲမှာ သူ့ကုတ်အကျီ
င်္က နှင်းစက်လေးတစ်စက်တောင် တင်မနေတာကို
အိမ်ခြေမဲ့က နည်းနည်း အံ့အားသင့်သွားပေမယ့်
ဘာမှတော့ မပြောလိုက်ဘူး။
“မြန်မြန်စား၊ ကျွန်တော်တို့
တစ်နေရာသွားစရာရှိတယ် … “
ကုတ်အကျီ င်္ဝတ်ယောင်္ကျားက
အိမ်ခြေမဲ့အရက်သမားကို ပြောလိုက်တယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက်
နေ့စားအလုပ်သမားများ အလုပ်ခန့်တဲ့
အေဂျင်စီတစ်ခုရှေ့ကို ရောက်လာခဲ့တယ်။
အဆောက်အဦးထဲကိုဝင်လိုက်တော့
ကုတ်အကျီဝတ်ရဲ့သူငယ်ချင်းဖြစ်သူ ကောင်တာက
မိန်းကလေးက ဂိုဒေါင်တစ်လုံးမှာ
ညစောင့်အလုပ်သမားအဖြစ်နဲ့
နှစ်ပတ်လုပ်ရမယ့်အလုပ် ရှိတယ်လို့
သူ့ကိုပြောတယ်။
“စီစဉ်စရာရှိတာ စီစဉ်ထားပေးပါ..
ကျွန်တော်တို့ အခု ပြန်လာခဲ့မယ်”လို့
ကုတ်အကျီ င်္ဝတ်ယောင်္ကျားကပြောပြီး
အိမ်ခြေမဲ့အရက်သမားကို Army-Navy ကုန်တိုက်ထဲကို
အမြန်ခေါ်သွားပြီး အ၀တ်အစားအသစ်တွေ
ဝယ်ပေးတယ်။ ပြီးတော့ အေဂျင်စီကို
ပြန်သွားကြပြန်တယ်။
အေဂျင်စီမှာ
စာရွက်စာတမ်းတွေဖြည့်ပြီးနောက်
သူအလုပ်ဝင်ရမယ့် ဂိုဒေါင်ရှိရာကို
သွားရမယ့်ခရီးလမ်းကို ကုတ်အကျီ
င်္ဝတ်ယောင်္ကျား သေသေချာချာပြပေးတယ်။
ဘူတာရုံအထိလဲ လိုက်ပို့ပြီး
လမ်းခွဲခါနီးမှာ ငွေငါးဒေါ်လာကိုလည်း
လက်ထဲထည့်ပေးလိုက်တယ်။
“ငါ.. မင်းကို ဘယ်လိုကျေးဇူးဆပ်ရမလဲ…”
အိမ်ခြေမဲ့အရက်သမားက ကုတ်အကျီင်္ဝတ်လူကို
မေးလိုက်တယ်။
“ကိုယ့်ကိုကိုယ် အရက်ရဲ့ကျေးကျွန်အဖြစ်မှ
ကယ်ရင်၊
လမ်းပေါ်မှာလေလွင့်နေသူတစ်ယောက်အဖြစ်မှ
ကယ်တင်တယ်ဆိုရင်
ကျွန်တော့ကိုကျေးဇူးဆပ်တာပါပဲ” လို့
ကုတ်အကျီ င်္ဝတ်ယောင်္ကျားက ပြောလိုက်တယ်။
ပြီးတော့ Merry Christmas လို့
တစ်ဦးနဲ့တစ်ဦးနှုတ်ဆက်ပြီး
လမ်းခွဲလိုက်ကြတယ်။
နာရီဝက်ကြာအောင်
ရထားစီးလာလိုက်တာ သူအလုပ်လုပ်ရမယ့်
ဂိုဒေါင်ကိုရောက်လာခဲ့တယ်။ သူ့ကို
ဂိုဒေါင်ရှင် မိသားစုက
နွေးထွေးစွာကြိုဆိုတယ်။ စောင်တွေ၊
အ၀တ်အစားတွေ အပြင် ပူနွေးတဲ့ ညစာနဲ့
တည်ခင်းအည့်ခံတယ်။ ဒီလိုနဲ့ သူ
အလုပ်လုပ်နေတဲ့ နှစ်ပတ်အတွင်းမှာ
အခြားအလုပ်သမားတွေနဲ့လည်း
ခင်ခင်မင်မင်နေတယ်၊ အလုပ်ကိုလည်း
တာဝန်ကျေပြွန်စာလုပ်တယ်။ ဒီလိုနဲ့
အလုပ်ရှင်မိသားစုဟာ သူ့ကို သဘောကျပြီး
ယာယီအလုပ်သမားအဖြစ်မှ
အမြဲတမ်းအလုပ်သမားအဖြစ်
အလုပ်ခန့်လိုက်တယ်။ ပြီးတော့
ဂိုဒေါင်နောက်က အိမ်ခန်းတစ်ခန်းကို
သူနေဖို့ ပေးထားတယ်။
အိမ်ခြေမဲ့အရက်သမားအကြောင်း
စကားကောင်းနေတဲ့ အက်ဒ်က ရုတ်တရက်
တစ်စုံတစ်ရာကို သတိရသွားတယ်။
“ငါတို့ နှင်းထဲရပ်နေတာကြာပြီ။
ငါ့အိမ်ကလေးထဲ လိုက်ခဲ့ပါ” လို့
ဖိတ်ခေါ်တာနဲ့ ရဲအရာရှိနဲ့ အက်ဒ်ဟာ အက်ဒ်ရဲ့
အိမ်ကလေးထဲကို ၀င်ခဲ့တယ်။ အိမ်ခန်းကလေးဟာ
အိပ်ခန်းသုံးခန်းပါတဲ့၊ နံရံမှာလဲ လှပတဲ့
နံရံကပ်စက္ကူလေးတွေ၊
အခြားအိမ်သုံးပစ္စည်းတွေနဲ့ တန်ဆာဆင်ထားတဲ့
အိမ်ကလေးပါပဲ။
“ငါလဲ.. အဲသလိုအလုပ်လုပ်ပြီး
သည်အိမ်ခန်းလေးမှာ နေလာတာ အခုဆိုရင်
နှစ်ပေါင်းသုံးဆယ့်ငါးနှစ်ရှိလာခဲ့ပြီ။”
“ငါ့ကို ကူညီလိုက်တဲ့ ကုတ်အကျီ
င်္ဝတ်လူ.. အဲ သူ့နာမယ်က ဂျင်တဲ့၊ အဲဒီလူကို
ကျေးဇူးဆပ်တဲ့အနေနဲ့ နေ့စားအလုပ်သမားများ
အလုပ်ခန့်တဲ့ အေဂျင်စီက သူ့သူငယ်ချင်း
အမျိုးသမီးကတဆင့် ငါအလုပ်ရပြီးမကြာခင်မှာ
ငွေနည်းနည်းပို့လိုက်သေးတယ်။ ဒါပေမယ့်
စာအိတ်က ပြန်ရောက်လာတယ်။ အထဲမှာ
မှတ်ချက်လေးနဲ့။ အေဂျင်စီက အမျိုးသမီးက
ငါ့ကို မှတ်မိပေမယ့် ငါနဲ့ပါလာတဲ့ ကုတ်အကျီ
င်္ဝတ်လူပါလာတာကို လုံးဝ မမှတ်မိဘူးတဲ့ဗျာ။
ငါထင်တာ သူတို့ သူငယ်ချင်းတွေလို့ ထင်တာ။
ဂျင် ကလည်း အဲသလိုပဲပြောတယ်လေ။
အဲဒီအမျိုးသမီးကို
ထပ်ပြီးဆက်သွယ်ကြည့်တော့ အဲဒီအမျိုးသမီးက
ငါ့ကိုသေသေချာချာထပ်ပြောလိုက်တယ်။
ဂျင်ဆိုတာကိုလဲ သူမသိဘူး၊ နောက်ပြီး
အဲဒီနေ့က အေဂျင်စီကို ငါတစ်ဦးတည်း
ဝင်လာတာဆိုပဲ။ ငါ့ဘေးမှာ ဘယ်က ဂျင် မှလဲ
မပါဘူး။ ဘယ်သူမှ ပါမလာဘူး၊ ငါတစ်ဦးထဲကိုပဲ
အေဂျင်စီထဲကို ၀င်လာတာလို့
ငါ့ကိုထပ်ခါတလဲလဲ ပြောနေတော့တာပါပဲကွာ”
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫
♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫
♥●••·˙˙·••●♥♫
ဒီရက်တွေမှာ
ခရစ်စမတ်မီးလေးတွေလင်းနေတဲ့၊
နှင်းမှုန်တွေကြဲချနေတဲ့
တောင်ပေါ်မြို့လေးတစ်မြို့မှာ
နေထိုင်နေတဲ့…၊ မြန်မာပြည်နဲ့အဝေးကြီးမှာ
နေထိုင်နေတဲ့… ကျွန်မ…
အရာရာကို လွမ်းစရာအဖြစ် မြင်နေ၊
ခံစားနေရတယ်။
တိတ်ဆိတ်တဲ့ညတွေမှာ အရင်လို သတင်းတွေ၊
ဆောင်းပါးတွေထက် အိန်ဂျယ်လ်များ၏
တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းများဆိုတဲ့ (We Hear
The Christmas Angles, Ture Stories of Their Presence – Edited by Evelyn Bence)
စာအုပ်နီနီလေးကို ဖတ်ဖြစ်တယ်။ အဲဒီအထဲက John Powers
ဆိုတဲ့ ရဲအရာရှိတစ်ယောက်ရဲ့
ကိုယ်တွေ့ဖြစ်ရပ်လေးဖြစ်တဲ့ “Do you want help?”
ဆိုတဲ့ စာစုလေးကို စာဖတ်သူ ညီအစ်ကို
မောင်နှမတွေကို ဝေမျှလိုက်ပါတယ်ရှင်။
♥●••·˙Peace on Earth!˙·••●♥
ချစ်ခြင်းများနှင့်...