မင်္ဂလာဆောင်ခြင်းတည်းဟူသော
အကျိုးအကြောင်းတို့သည်မှာ
မိသားစုတစ်ခုနှင့်တစ်ခုပေါင်းစည်းခြင်း
ပုံစံမတူသောအရာနှစ်ခု
ပေါင်းစပ်ခြင်းအလျဉ်းဖြစ်ပေမည် သို့သော်
ကျောက်ပြင်နှင့်သနပ်ခါးကဲ့သို့ ကိစ္စများ
အတွက်မည် သူတာဝန်ယူမည်နည်း ။
ပရုပ်လုံးကဲ့သောလျော့ပါးခြင်းမျိုးကြုံတွေ့လာလျှင်
ဘ၀ဆိုသောစကားကိုသတိရမည်။ လောကဓံ
ရှစ်ပါးတည်းသာရှိသောကြောင့်
သာ
ကိုးပါးဆယ်ပါးလောက်ရှိကာတစ်ခုနှစ်ခုပိုလာခဲ့လျှင်
မည်သို့ဖြစ်မည်မသိ။ပေါ့(ပ)သီချင်းတပုဒ်
သို့မဟုတ် ယ္ခုခေတ်စားနေ
သော ဟစ်ဟော့သီချင်းတပုဒ်
သို့မဟုတ်ဖတ်ပြီးဘာမှနားလည်မှာမဟုတ်တဲ့
ဒေါင်လိုက်ဖြန့်ပြထားတဲ့မော်ဒန်ကဗျာတပုဒ်
တခါတလေ စကားပြေနဲ့မကွဲလွဲတဲ့ကဗျာရှည်များ
။သိက္ခာ သစ္စာတရား
ဘယ်ခါမှရှာတွေ့နိုင်တော့မှာမဟုတ်တဲ့
ကျောက်ခေတ်
ဘာသာစကား၏ရုပ်ကြွင်း
ထိုအရာများတွဲစပ်ကြည့်မည်ဆိုပါလျှင်။
စလေဦးပုည၏တေးထပ်များ
လှိုင်ထိပ်ခေါင်တင်ဘောလယ် ၏
ကျောက်ဖြစ်ရုပ်ကြွင်း စာဆိုလျှင် မည်သည့်web
page သို့မဟုတ်
မည်သည့်စာအုပ်ကိုမျှလိုလိုလားလားမဖတ်ချင်သူများ
web page
ဆိုလျှင်ဓါတ်ပုံပါမှစိတ်ဝင်စားသူများထိုသူ
များလည်းရှိမည်အမှန်
အွန်လိုင်းကိုချတ်တင်နှင့် Q
ခြင်းမှတပါးမသုံစွဲချင်သူများ
ထိုသူများလည်းမဆန်းပါ ။
ချစ်ခြင်းနှလုံးသား၏
ကျောက်ဖြစ်ရုပ်ကြွင်းကို
ရှာဖွေတွေ့ရှိသူမှာ
မိုက်ကယ်အိုဝင်ဟူအမှတ်မှားသူများ ။
ချဲလ်ဆီးမှချဲလ်ဆီး
မန်ယူမှမန်ယူဖြစ်နေသူများအတွက်
လီဗာပူးမှလီဗာပူး
ဖြစ်နေသူများ ကပြောစရာမရှိ သို့သော်
ပြိုင်ပွဲဟုသဘောမထားတတ်သူများအတွက်
မောင်းအောင်ခြင်းကသာ အဆင်ပြေ၏။
အဆိုးနှင့်အကောင်း အကျိုးနှင့်အကြောင်း
ဆင်ခြင်ပါကလည်း
ဘာမဟုတ်သောကိစ္စအတွက်အချင်းများမည်သာ ။
ဘာမှမပြော
တော့လည်း ဘာမှမဟုတ်ပါ
အမှတ်တမဲ့ကျော်ဖြတ်သွားရမည့်အရာတစ်ခုက
ထင်ရှားပေါ်လွင်လာသောအခါသစ္စာဆိုသည် မှာ
ပျောက်ကွယ် သွားတော့မည်လား အပြောလွယ်
သလောက်အလုပ်ခက်သောကိစ္စသာ ။မည်သို့ပင်
ဆိုစေကာမူ ဟုဆိုလိုက်သည်နှင့်
ဘာပဲဖြစ်ဖြစ် အချည်းနှီး ဖြစ်ပေတော့မည်။
လွယ်ကူခြင်းခက်ခဲခြင်းတို့သည် မည်ကာမတ္တ
ပညတ်သာဖြစ်ပေမည် ။
ထို့အတူယ္ခု စာပိုဒ်အားနားလည်ပေးကြပါကုန်
ပုထုဇနောဥမ္မတကောဟုဆိုကြသည်မို့