အမှန်တော့ကွယ်
တစ်ကယ်သာဆို
သောကပိုတဲ့
ရင်မှာဖြစ်လာ
ဝေဒနာတွေသာ
လောင်မြိုက်တိုက်စား
မလွယ်လားလေ
အခက်ပွေကြုံ
ဘ၀ဘုံမှာ
နေစရာနေရာ
တစ်ကယ်ရှားသလား
အထင်မှားခဲ့
ချစ်ရက်ရှည်၍
လွမ်းစိတ်ဝေသည်
ပွေသည့်သောက
ခဏလည်းထားခဲ့မရ...........
ချစ်သည်သခင်
ခင်ရေသက်ထား
အတွေးမှားတွေ
မရချင်ပါကွယ်
မပျော်တော့သောက
ပျော်လည်းဒေါသ
အမျက်သင့်စရာတွေမို့
ရင်မှာပွင့်တဲ့
မောင့်အချစ်ပန်းတွေ
ခင်ရေ ..........
မညှိုးနွမ်းပေမယ့်
ပွင့်လင်းစွာလည်း
မပွင့်သာပေ.....
အချစ်ဆိုသည်က
သောက အလား
မောလျတဲ့ဝေဒနာ
စေတသိက် ရုပ်မှာ
ပရပွခြေရာ
ဘယ်မှာရှာတွေ့
နေခက်သားလေ
ဘ၀တွေမှာ
ကြုံပလေ ဘုံပွေ
အဲလိုသာစိတ်ထားယင်
မညှိုးနွမ်းစေချင်
စိတ်ရင်အစုံမှာ
မျက်စေ့မှိတ်
ရင်ခုန်ချင်တာပေါ့
ဘ၀မှာသစ္စာတရားသာ
အကောင်းဆုံးဖြစ်ချင်
အနှစ်စစ်ဖြစ်ပါစေတော့........။