
|
View |
Add Favorite
Travel & Leisure မဂ္ဂဇင်းမှာ ကျွန်မတို့မြို့ကလေးက
မြောက်အမေရိကတိုက်ရဲ့
Tourist Destination မြို့တွေထဲမှာ နံပါတ် ၆ စွဲတယ်လို့
ဆိုထားပါတယ်...
Majestic Mountain တွေနဲ့ Pacific Playground
တွေကြောင့်အလွန်လှတဲ့မြို့လေးပါ...
အရင်ကတော့ဒီမြို့ရဲ့
အလှကိုဘယ်လိုမှခံစားလို့ မရခဲ့ပါဘူး...
ဆယ်စုနှစ်တစ်ခုနီးပါးကြာမှ
ဒီမြို့ရဲ့အလှကို ခံစားတတ်ခဲ့တာ..
စွဲလန်းတတ်မှုကြောင့်လား၊
ကိုယ့်တိုင်းပြည်ကမှ လှတယ်ဆိုတဲ့
တဖက်သတ်ခံစားချက်ကြောင့်ပဲလား မသိပါ။
တောင်တန်းကြီးတွေ၊ အပြာရောင်ရေကန်ကြီးတွေ၊
ကပ်နေတဲ့သမုဒ္ဒရာ၊ နှင်းဖုံးတောင်တွေနဲ့
ဒီမြို့က သဘာဝအလှတွေသိပ်များတော့ Hollywood
ကလူတွေ ရုပ်ရှင် လာရိုက်ကြတယ်။
နေရာတကာသူတို့ချည်းပဲ..
အလုပ်မှာလဲတစ်ချိန်လုံးသူတို့ချည်းပဲ..
ရုံးထုတ်ပြန်စာတွေမကြာခဏရတယ်..
ဘယ်နေ့ဘယ်အချိန် ဘယ်တံခါးပေါက်ကမ၀င်ပါနဲ့၊
ရုပ်ရှင်အဖွဲ့တွေ
ရုပ်ရှင်ရိုက်ကြမလို့ပါဆိုပြီး။
cafetaria, အားကစားရုံ, မြေအောက်ကားရပ်တဲ့နေရာ
တွေမှာလဲသူတို့ချည်းပဲ...
တစ်နေ့တာရိုက်ကွင်းအတွက် ကျွန်မတို့
ကုမ္မဏီကို သောင်းနဲ့ချီလှုပါတယ်...
ကျွန်မတို့ကုမ္မဏီကလဲ ရတဲ့အလှုငွေကို
ကလေးဆေးရုံကြီးကို ဆက်လှုတာများပါတယ်..
သူတို့နိုင်ငံက ရုပ်ရှင်မင်းသားတွေက
ဒီလောက်ကြီးလဲမထွားကျိုင်းကြပါဘူး။
မင်းသမီးတွေကို
တမင်သေးသေးလေးတွေရွေးထားတာ..ပိန်ပိန်ပုပုလေးတွေ။
အထူးသဖြင့်
ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေထဲက
မင်းသမီးအများစုဆိုရင် အရပ်က
ငါးပေပတ်ဝန်းကျင်လောက်ပဲရှိတယ်..
ဒါမှ မင်းသားတွေကို အရပ်မြင့်မြင့်၊
ထွားထွားကျိုင်းကျိုင်း
ပုံစံပိုထွက်အောင်လို့လို့ သိရပါတယ်..
တစ်ခါက Ben Affleck တို့ David Duchovny တို့
ရုပ်ရှင်လာရိုက်တာ
ကျွန်မတို့ငှာနကမမချောတွေ..
အလုပ်ကိုမလုပ်နိုင်ကြတော့ပဲ...
မိန်းကလေးအခန်းထဲသွား.. နှုတ်ခမ်းနီဆိုး၊
မိတ်ကပ်ဖို့နဲ့
အလုပ်ကိုရှုပ်နေခဲ့ကြတယ်။
ကြုံရင်ဓာတ်ပုံတွဲရိုက်ဖို့တဲ့...။
ဟိုကလဲအရိုက်ခံပါတယ်။
ပြီးတော့ဓာတ်ပုံတွေကိုအကြီးချဲ့ပြီး
ရုံးနံရံမှာချိတ်ထားကြတယ်.
အဲဒီအထဲမှာ ကျွန်မတော့မပါဘူး။
စိတ်မ၀င်စားတာလဲပါတယ်၊ ရှက်တာလဲပါပါတယ်။
ကျွန်မတို့ငှာနမှာ မိန်းမချောမိန်းမလှတွေ
တော်တော်များတယ်။
နောက်ဆုံးပေါ်အသုံးအဆောင်တွေနဲ့ ... ငှာနမှာ
Nicole Kidman, Meg Ryan
စသဖြင့် ဟောလိဝုဒ်မင်းသမီးတွေနဲ့
တူတဲ့လူတွေလဲရှိတယ်ဆိုတော့
ဘယ်လောက်ချောကြမလဲ စဉ်းစားကြည့်ကြပါ..
တချို့အပျိုတွေကလဲ တစ်နှစ်တစ်ခါ
ကားလဲစီးတယ်၊ ကားဟောင်းသွားလို့
အသစ်ပဲစီးချင်လို့တဲ့..
ပိန်လိုက်ရတာလဲ ခမျာတွေမှာ
အရိုးပေါ်အရေတင်ပါပဲ၊ တစ်နေ့လုံးမှ
ပန်းသီးတစ်လုံးပဲစားတဲ့လူနဲ့
ဒိန်ချဉ်တစ်ဗူးပဲစားတဲ့လူနဲ့၊ Facial, microdermabrasion
အဲဒါတွေလဲအမြဲလုပ်နေကြတာ..
သောင်္ကြာနေ့ညနေခင်းတွေဆိုရင်
အိမ်ထောင်သည်မမတွေက
သူတို့ယောင်္ကျားတွေကို ကလေးထိန်းခိုင်းပြီး
ဘားသွားတဲ့သူကလဲရှိသေးတယ်...
မိန်းကလေးတွေများတော့
ပိုးပန်းတဲ့လူတွေလဲများတာပေါ့လေ..
အထူးသဖြင့် ကွန်ပြူတာငှာနနဲ့
သယ်ယူပို့ဆောင်ရေးငှာန ကလူတွေအမြဲလာလာပြီး
ချော့ကလက်တွေ
ဘာတွေစားပွဲပေါ်လာလာတင်သွားကြတယ်..
ကျောင်းပြီးကာစ
အချို့သောမိန်းကလေးတွေကတော့
အရာရာကိုပိုပြီး အလေးအနက်ထားတတ်ကြတယ်..
အ၀တ်အစားကလဲ
အဖွားကြီးပေါက်စလေးဒီဇိုင်းနဲ့
စည်းကမ်းလဲအရမ်းလိုက်နာတဲ့
မိန်းကလေးတစ်ယောက် တစ်လလောက်နဲ့
အလုပ်ထွက်သွားတယ်။ အလုပ်မထွက်ခင်
အစည်းအဝေးမှာကို
ဒီနေရာက ဘုရားတရားမရှိတဲ့နေရာလို့
ထူးထူးဆန်းဆန်းလဲပြောသွားတယ်...
မမတွေအားလုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ရင်း ကျန်ခဲ့ကြတယ်..
အခုတော့ အဲဒီမိန်းကလေး မြို့ထဲက
ဆင်းရဲသားရပ်ကွက်တစ်ခုမှာ
လူတွေကိုထမင်းဟင်းချက်ကျွှေးတဲ့
non-profit organization တစ်ခုမှာ အနိမ့်ဆုံးလခနဲ့
အလုပ်လုပ်ပေးနေတယ်။ ချီးကျုးမိပါတယ်၊
အရမ်းလဲအံ့သြမိတယ်၊
ကိုယ်မှန်တယ်ထင်တာကိုလုပ်တဲ့သတ္တိကို။
ကျွန်မတော့ အဲလောက်အထိ
ကိုယ်ကျိုးမစွန့်နိုင်သေးပါဘူး။
ကျွန်မက နဲနဲတော့ သိုသိပ်တတ်တယ်ထင်တယ်၊
ဒီကုမဏီမှာ လုပ်တာကြာလှပြီ၊ ဒါပေမယ့်
ကိုယ့်အကြောင်း သိပ်ပြောလေ့မရှိဘူး၊
ရုံးကလူတွေလဲ အိမ်ကိုတစ်ခါမှ
မရောက်ဖူးကြပါဘူး..
သိပ်မရင်းနှီးတဲ့ အခြားငှာနက
လူအချို့ဆိုရင်
ကျွန်မကိုတစ်ကောင်ကြွက်လို့ ထင်ကြတယ်..
အဲဒီလောက်အထိ သိုသိပ်တတ်တယ်။
အေးအေးနေတတ်တာလဲ ပါမယ်ထင်ပါတယ်..
တချို့ကလဲ ကျွန်မ ပစိဖိတ်သမုဒ္ဒရာကို
လှေနဲ့ဖြတ်လာတယ်လို့ ထင်ကြတယ်။
ဘယ်ကဘယ်လို idea ရလဲတော့မသိပါဘူး..
အဲဒီလို အထင်ခံရတာကိုတော့
တော်တော်သဘောကျမိတယ်။
ကျွန်မကိုတော်တော်လေး strong
ဖြစ်တဲ့ မိန်းမတစ်ယောက်လို့ သတ်မှတ်လို့
ဒီလိုထင်တယ်လို့ ယူဆပါတယ်။
သမုဒ္ဒရာကို လှေနဲ့ဖြတ်လာတာလားလို့
မေးခံထိတဲ့အခါ ကျွန်မ
မပွင့်တပွင့်လုပ်နေလိုက်တာ
မကောင်းဘူးဆိုတာတော့သိပါတယ်..
တကယ်တော့ ဒီမြို့မှာ ကျွန်မတို့
ဆွေမျိုးအုပ်စု
အယောက်သုံးဆယ်ကျော်သွားပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်လေးမှာ
ကျွန်မပျော်ပါတယ်..။