ပဉ္စလက်ဆန်သောအချိန်
တခါကနွေရိပ်ဆိုတဲ့ ဆယ်ကျော် သက်အရွယ်ကောင်လေးတယောက် ရှိတယ် ..သူ့နာမည် အတိုင်းနွေရာသိမှာမွေးလို့နွေရိပ်ဆိုတဲ့နာမည်လေး ရလာခဲံ့ပါတယ် .. သူ့ကိုယ် ၀န်နဲ့တုန်းကမိဘတွေ အိမ်ထောင်ရေးအဆင်မပြေလို့ မိခင် ရဲံ့စိတ်ခံစားချက်တွေဟာ ကလေးအပေါ်သက်ရောက် မှုရှိတယ်ဆိုတဲ့စကားအတိုင်းနွေရိပ်တယောက် ကလေးမှန်းသိတတ်စမှာတော့ ဂျစ်ကန်ကန်နဲံ့  ဘာကိုမှ စိတ်တိုင်းမကျပဲ ထင်ရာစိုင်းတတ်တဲ့ကလေးတယောက်ဖြစ်လာခဲ့ပါတယ် ...တနေ့မှာတော့ မိဘတွေကပန်းချီသင်တန်းတက်စေချင်တာကို နွေရိပ်ကိုယ်တိုင်လဲ ပန်းချီ သင်တန်းတတ်ချင် တာတောင်မိဘကိုတမင်အရွဲ့တိုက်ကာကရာတေးသင်တန်းတက်ချင်တယ်လို့ ဆန္ဒပြကာ ထမင်းမစားပဲ စိတ်ဆိုးမာန်ဆိုးနဲံအိမ်နားက ရပ်ကွက်ထဲက ပန်းခြံထဲကို ထွက်လာခဲံ့ပါတယ် အိုး......အရမ်းလှတဲံ့  ခြံဝန်းထဲက ၂ထပ်အိမ်လေးပါလား..အရင်က ဒီရပ်ကွက်ထဲမှာ ဒီလိုအိမ် မရှိပါဘူး ငါပဲ သတိမထားမိတာနေမှာပါလို့ တွေးရင်းပန်းခြံ ရဲံမျက်စောင်းထိုးကအိမ်လေးရဲ့တံခါးရှေ့ကို ရောက်လာခဲ့ပါတယ်
မြန်မာနိုင်ငံမှာမွေးပြီးနှစ်မကြာသေးခင်ကမှ နယူးဇီလန်ကိုရောက်လာတဲ့ နွေရိပ်အတွက်တော့ အရာရာဟာသူစိမ်းဆန်နေပါတယ် ..အတွေးတွေကိုဖြတ်ကာတံခါးခေါက်တော့.နှစ်လိုဖွယ်အပြုံးပိုင်ရှင်
အသက် ၄၀ခန့်အမျိုးသမီးတယောက်က..ဘယ်သူနဲ့တွေ့ချင်လို့လဲ ကလေး...လိုချိုသာစွာမေးတော့ .ကျွန်တော် နွေရိပ်ပါ...ပန်းခြံထဲမှာလမ်းလျှောက်ရင်းအန်တီတို့အိမ်ကိုလှမ်းတွေ့ပြီးသဘောကျလို့ ၀င်လာမိတာပါ...အော်..အိမ်ထဲဝင်ထိုင်လေကလေး..နွေရိပ်တယောက် အိမ်ထဲမရဲတရဲဝင်ကာသစ်သားကုလားထိုင် တလုံးပေါ်ဝင်ထိုင်ရင်း..အိမ်ကိုလေ့လာကြည့်မိတော့ .နှစ် ၁၀၀အရင်က ရှေးဟောင်းပစ္စည်းတွေ ရှေးဟောင်းအသုံးအဆောင်တွေတွေ့ရတဲံအပြင်နံရံမှာချိတ်ဆွဲထားတဲ့နပိုလီယန် ရဲ့ပန်းချီကားကိုတွေ့မိတော့ သူက အန်တီ..ဒီပန်းချီကားက....နပိုလီယန်လေသား..ကလေးတွေအဖေက သူ့လွှမ်းမိုးတာခံနေရတော့ သူ့ပုံတူပန်းချီကားကို အမြတ်တနိုးချိတ် ထားတာ လူတိုင်းလူတိုင်းဟာ တစုံတယောက် လွှမ်းမိုးမှုကိုခံနေရတာပဲလေလို့ပြောရင်း..အာလူးနဲ့ကြက်သွန်နီပဲပါတဲ့ pizza တချပ်ကိုလှမ်းပေးကာ အန်တီတို့တော့ဒီလိုရီုးရှင်းတဲ့နေ့လယ်စာပဲစားကြတယ် သားခဏနေ ကလေးတွေကသူတို့အဖေနဲ့အိမ်ကို ထမင်းစားပြန်လာကြမှာ နွေရိပ်စိတ်ထဲမှာ အရာအားလုံးဟာအထူးဆန်းတွေ ချည်းပါပဲ..ဘ၀င်မကျပေမယ့်အေးချမ်းလှတဲ့မေတ္တာကြောင့်ဘာမှထပ်မစဉ်းစားတော့ပဲအလိုက်သင့်စီးမျောမိပါတော့တယ်
တံခါးကို ဖွင့်ကာ ဒါလင်ပြန်လာပြီလို့ ဒေါ်မာရီယာကိုပွေ့ဖက်ရင်းနှုတ်ဆက်တဲ့ mr john ကိုနွေရပ်အရမ်းအံ့သြမိနေပါတယ် အံ့သြမှာပါ နွေရိပ် ရဲ့မိဘတွေက တခါမှဒီလို ချစ်ခင်ကြတာမဟုတ် ထမင်းတောင် အတူတူမစားကြပါဘူး. လက်ထပ် ပွဲတွေ အလုပ်နဲ့ပတ်သက်နဲ့ ပါတီ ပွဲတွေ မှာသာ လူမြင်ကောင်းအောင် အတူတူတက်ကြတာပါ..ဒီပျော်စရာကောင်းတဲ့မိသားစုနဲ့ ရက်အနည်းအတူတူနေရင်းချစ်ခြင်းမေတ္တာဆိုတာ ရုပ်ရှင်တွေ စာအုပ်တွေထဲမှာပဲ ရှိတာပါလို့ ယုံကြည်နေခဲ့တဲ့နွေရိပ်ရဲအမြင်တွေပြောင်းလဲလာခဲ့ပါတယ် ..mr john တို့လင်မယား ဟာ သူတို့ ကလေးတွေကိုချစ်သလိုပဲ နွေရိပ်ကိုလဲ ချစ်ခင်တာကြောင့်နွေရိပ် ဘ၀မှာ ပထမဆုံးအကြိမ် ပျော်ရွှင်လာခဲ့ပါတယ် ရယ်မောတတ်လာပါတယ် ..အော်မေတ္တာဆိုတာ လူကိုဒီလို ပျော်ရွှင်စေတာလား။
မပြန်ခင်ညမှာတော့
နွေဦးလေတသုန်သုန်တိုက်ကာပန်းရနံ့လေးတွေမွှေးနေချိန်မှာ နွေရိပ်တယောက် mr john တို့ မိသား
ခြံဝန်းးထဲမှာ သစ်သီးစားရင်းလကို ငေးကြည့်နေမိပပါတယ်တခါမှ မတွေ့ဘူးတဲ့ဖြစ်၇ပ်ကြောင့်အံ့သြသွားပါတယ် ၀ိုင်းစက်နေတဲ့လဟာတဖြည်းဖြည်းအနီရောင်သန်းကာနှင်းဆီအရည်တွေပက်ဖြန်းလိုက်သလို အနီရောင် ဖြစ်ပြောင်းလဲသွားပါတယ်.သူ့ပတ်ဝန်းကျင်ကိုမေ့လောက်အောင်လကိုစိတ်ဝင်စားနေချိန်မှာတော့mr john ကပုခုံးပေါ်လက်တင်ကာ ဘယ်လိုလဲလူလေး အံ့သြသွားပြီလားဒါက နှစ် ၁၀၀ မှာ တကြိမ်လောက်ပဲ ဖြစ်တတ်တဲ့ red moon ဖြစ်စဉ်ပေါ့လူလေးဒီဖြစ်စဉ်ကိုတွေ့ရတာ ကံကောင်းတာပေါ့ ကွယ် နွေရိပ်က uncleကိုကြည့်ရတာအမြဲတမ်းရယ်မောနေတာပဲနော် ....စိတ်ညစ်စရာမရှိဘူးလား...mr john က စိတ်ညစ်စရာတွေတော့ ရှိတာပေါ့ ငါ့တူရာ ဒါပေမယ့် အန်ကယ့်ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့ သားသမိးတွေရှိတယ် အမြဲတမ်းအားပေးတဲ့ ဇနီးရှိတယ် သူတို့တွေအတွက်အန်ကယ် အခက်အခဲတွေကိုကျော်ဖြတ်ဖို့ သတ္တိဟာပေါက်ဖွားလာတာပေါ့ကွယ် ချစ်ခြင်းမေတ္တာဆိုတာ လူဆိုးကိုလူကောင်းတယောက် အဖြစ် ၊ မျက်ရည်ကျနေတဲ့သူကိုရယ်မောနိုင်အောင် ၊ ပန်းတိုင်မဲ့နေတဲံသူကို ပန်းတိုင်ရှာဖွေ့တတ်အောင်လုပ်ပေးနိုင်တဲံစွမ်းအားတွေ ရှိတယ် ..အခုဒီစကားတွေကိုနားမလည်နိုင်သေးပေမယ့် တချိန်ချိန်မှာ မင်းနားလည် လာ လိမ့်မယ် .. အဲ့ဒီအချိန်ကျရင် အန်ကယ့်စကားဟာမှန်တယ်ဆိုတာ မင်းသဘောပေါက်လာမှာပါ ..ကျွန်တော်မနက်ဖြန် အိမ်ပြန်တော့မယ် အန်ကယ် ...အင်း ပြန်သင့်ပြီပေါ့ကွယ် .. နွေရိပ်တယောက် လေးလံတဲ့ခြေလှမ်းတွေနဲ့ အိပ်ခန်းရှိရာသို့ထွက်လာတာ mr john ပြောတဲ့စကားတွေကို နားမလည်နိုင်ပေမယ့် စိတ်ပျက်စရာကောင်းပြီးအထီးကျန်တဲ့အိမ်ကိုပြန်ရတော့မယ်လို့တွေးကာ သက်ပြင်းချနေမိပါတော့တယ်
နွေရိပ်တယောက် ဆေးရုံကုတင်ပေါ်မှာသတိရလာတော့ .သား သား.. သတိရလာပြီလား သားလေးရယ် ... အမေတော့သားကို ဆုံးရှုံးရပြီထင်တာ....အမေသူ့ကိုဆုံးရှုံးရမှာကြောက်တယ်ဆိုတာသိလိုက်ရတော့ အခြေအနေအားလုံးကိုနားမလည်နိုင်တဲ့နွေရိပ်တယောက် ပိုတောင်အံ့သြသွားပါတော့တယ် ...အမေကဆက်ပြီးသားပန်းခြံသွားနေတဲ့လမ်းမှာ ကားတိုက်ခံရပြီး၎ရက်လောက်coma ထဲရောက်နေတာလေ ငါကားတိုက်ခံရတယ် မဖြစ်နိုင်တာ ငါက mr john တို့နဲ့ အတူရှိနေတာပါ လို့ စိတ်ထဲက ရေရွတ်မိပါတယ် ..သံချွန်နဲ့အထိုးခံရသလို နာကျင်လာတဲ့ခေါင်းကို ကိုင် ရင်း အားခေါင်းကိုက်တယ် .. ခေါင်းကိုက်တယ်လို့ အော်နေမိကာ နောက်ထပ်ဘာမှ မစဉ်းစားတော့ပဲနေကောင်းမှ mr john တို့ကို ရှာဖို့ ဆုံးဖြတ်မိပါတော့တယ် .. သူခေါင်းကိုက်တုန်းက အမေ ပျာယာခတ်သွားတာကို စိတ်ထဲက သဘောကျရင်းပေါ့
နွေရိပ်တယောက် နာလန်ထလာတဲ့အခါ မိဘတွေ ရဲ့ ဂရုစိုက်မှု နဲ့နွေးထွေးတဲ့ တဲ့မေတ္တာတွေကြောင့် ပျော်ရွှင်မိပါတော့တယ်..မိဘတွေလဲ သားသမီးတန်ဖိုးကိုနားလည်ကာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ နဲ့သူ့ကိုချစ်နေမိပါတော့တယ်
တနေ့ပန်းခြံထဲ မှာ အဖေနဲ့ ဘောလုံးကန်ရင်း နွေရိပ်က... အဖေ mr john တို့ကို သိလား...အဖေ ကအနည်းငယ်စဉ်းစားရင်း..အဖေ့အသိထဲမှာတော့ မရှိဘူးကွယ်..သားတို့ရပ်ကွက်ပန်းခြံရဲ့ဟိုဘက်မှာလေလို့နွေရိပ်ပြောတော့ အဖေတုန်လှုပ်သွားပါတော့တယ်...နွေရိပ်ပြောတဲံ့နေရာမှာမြေကွက်လပ်လေးတခုပဲ ရှိတာကြောင့်ပါ..နွေရိပ်ကဆက်ပြီး.........သားနေမကောင်းတုန်းက red moon ဖြစ်သေးလား
မဖြစ်ပါဘူးသားရဲ့.နှစ်၁၀၀ အရင်ဖြစ်ပြီးသားဆိုတော့နောက်နှစ်၅၀လောက်မှ ဖြစ်မှာ.ဒီတခါတုန်လှုပ်သွားတာက နွေရိပ်ပါ..ဒါပေမယ့် mr john တို့ကို ရှာဖို့တွေးကိုလဲမစွန်လွှတ်ခဲ့ပါဘူး
ရက်အတန်ကြာ
နွေရိပ်တယောက် သူတို့ ရပ်ကွက်ထဲက mr john အိမ်ရှိရာဘက်ကိုရောက်လာတော့ လေဟာပြင် ဖြစ်နေတဲ့မြေကွက်လပ်လေးတခုကိုသာတွေ့ရတာကြောင့်အံ့သြ၀မ်းနည်းးကာမြေကွက်လပ်ဘေးနားကအိမ်ကိုသွားကာ..အဘိုးအိုတယောက်ကို အဘိုး..တို့ဒီနေရာမှာ..၂ထပ်အိမ် ရှိခဲ့တာလား။။အဘိုးအိုကအနည်းငယ်စဉ်းစားကာ အိမ်ထဲဝင်ပြီးဓာတ်ပုံတပုံယူလာကာ သူတို့မိသားစုကိုပြောတာလား ကလေး...နွေရိပ်တယောက်အသံတုန်ယင်ကာ ဟုတ်..ဟုတ်ပါတယ် ....mr john ဆိုတာ နှစ်၁၀၀အရင်က ရှိခဲ့တဲ့ သူပေါ့ လူတိုင်းနဲ့စကားပြောရင် ပြုံး ပြီးပြောတတ်တယ် ကိုယ်ဒုက္ခတွေ့နေရင်တောင် အခက်အခဲထဲရောက်နေသူကို ကယ်တင်ပေးတဲ့သူပေါ့..စိတ်ရင်းကောင်းလွန်းလို့ သူ့ကို မသိတဲ့သူမရှိသလောက်ပဲ..မနှစ်ကပဲသူတို့အိမ်ဖြိုတော့ အဘိုးလဲ လေးစားရတဲ့ mr john တို့မိသားစုပုံကို ယူသိမ်းထားတာခဲံ့တာ...mr john နဲ့တွေ့ဖို့မျှော်လင့်ခဲ့တဲ့ နွေရိပ်တယောက် mr john နဲ့တွေ့ဖို့မဖြစ်နီုင်မှန်းယုံကြည်သွားတော့ အဘိုးအိုက ဆီကဓာတ်ပုံကို မျက်ရည်တွေ စီးကျရင်လှမ်းယူလိုက်ပါတယ် .. သူ coma ထဲရောက်နေခဲ့တာလေ .. နှစ် ၁၅၀ မှ တကြိမ်ပဲဖြစ်တဲ့ red moon ဖြစ်စဉ်တွေ mr john တို့အိမ် အနေအထားတွေကို စဉ်းစားရင် သူ့ coma ထဲရောက်ခဲ့တုန်းက တကယ်ပဲ သူ့ဝိညာဉ်ဟာ နှစ် ၁၀၀ အရင် ကို ရောက်ခဲ့ဆိုတာနောက်ဆုံးတော့ မသိစိတ်က အသိစိတ်ကိုယုံကြည်အောင်ပြောပြနိုင်ခဲ့ပါတယ်
နှစ်အတန်ကြာအသားဖြူဖြူ နှာခေါင်းချွန်ကာကြည့်ကောင်းတဲ့ခန္ဒာကိုယ် ပိုင်ဆိုင်ထားတဲ့လူငယ်ထားတဲ့ အနောက်တိုင်းဝတ်စုံနဲ့ သူတို့ခြံဝန်းးထဲမှာ့မြှုပ်ထားတဲံ့.mr john ရဲ့ဓာတ်ပဲုရှိရာနေရာကိုရောက်လာခဲ့ပါတယ်
ဒီနေရာ ကျွန်တော်တန်ဖိုးအထားဆုံး လူတယောက်နေပါတယ် .လူတွေဟာတနေ့သေရမှာသိနေပေမယ့်ဘယ်တော့မှမသေရမယ့်အထင်မှားကြောင့်အတ္တကျေးကျွန်ဖြစ်မှန်းမသိဖြစ်နေကြပါတယ်ဒါပေမယ့် mr john တို့မိသားစုကတော့ချစ်ခြင်းမေတ္တာသည်သာအရာအားလုံးကိုအနိုင်ယူနိုင်တဲ့စွမ်းအားဟာတကယ်ပဲတည်ရှိတယ်ဆိုတာပြသသွားခဲ့ပါတယ်ကျွန်တော်လဲသူတို့လိုပဲ ဘ၀မှာ မလိုအပ်တဲ့အတ္တတွေကိုစွန့်လွှတ်ကာချစ်ခြင်းမေတ္တာတွေနဲ့ဘ၀ကိုတန်ဖိုးထားပြီး. ရှင်သန်နေပါတယ် .. mr john ဦးလေးနဲ့တွေ့ဆုံခွင့်ရခဲ့လို့ ပျော်ရွှင်ခဲ့ပါတယ်
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded