မျက်ရည်ဖြင့်ပျိုးထောင်သော
မနက်၆နာရီအိပ်ယာထဲ လှဲနေတဲ့ သူ့ကိုအမေက ..သမီးလေး ရေ နိုးပြီလာူ ရော့ အီကြာကွေးစားလို့ ချိုသာစွာပြောလိုက်ပါတယ် ...အမေရောမစားဘူးလား အမေ စားပြီးပါပြီကွယ် တကယ်တော့ အမေက မနက်စာမစား ရသေးပါဘူး ...မနက်စာစားဖို့တောင်ပိုက်ဆံမရှိလို့ သူများ လွှင့်ပစ်ထားတဲ့ အီကြာကွေးတပိုင်းကို သမီးလေးကို ကျွေးခဲ့တာပါ ... သူ့နာမည်က ဘာလဲမသိပေမယ့် အမေကတော့ သူ့ကိုချစ်သမီးလေးလို့ ခေါ်ရင်း.. ရပ်ကွက်ထဲကလူတွေ လဲ သူ့ကိုသမီးလေးလို့ ပဲခေါ်ကြပါတော့တယ် ။
သမီးအသက် ၃နှစ်လောက်မှာ အဖေဆုံးသွားခဲ့ပါတယ် ဒါကြောင့်အမေက ဖွဲပြာတွေ ရောင်းရင်း မသေထမင်းလောက်ပဲကျွေးနိုင်ခဲ့ပါတယ် ။တခြားကလေးတွေဟာ သူတိ့အဖေလက်ကိုင်ပြီးကျောင်းသွားကြတဲ့အချိန်မှာသမီးကတော့ အမေ့လက်ကိုင်ပြီး ဖွဲပြာကူရောင်းပေးခဲ့ရပါတယ် . အမေ .. သမီး ဆီမှာ ဘာလို့အဖေ မရှိတာလဲ .. ရှိတာပေါ့သမီးလေးရယ် .ဘယ်မှာလဲ လို့မေးတော့ အမေက သမီးရဲ့လက်ကိုမိမိရင်ဘတ်ပေါ်တင်ရင်း
အမေ့နှလုံးသားထဲမှာနေတယ် အသက်၇ှင်နေတယ် လို့မျက်ရည်တွေ စီးကျနေတဲံ့အခါ သမီးလေး အမေ့ကို နားမလည်နိုင်တော့ပါဘူး ... ဒီလောက်နေရာကျဉ်းကျဥ်းလေးမှာ လူတယောက်ဘယ်လို ရှင်သန်နိုင်မှာလဲနော် ..နောက်ပိုင်းအဖေ့အကြောင်းမေးတိုင်း ငိုနေတဲ့ အမေ့ကို သနားတဲံသမီလေးဟာအဖေ့အကြောင်းနောက်မမေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ဟုတ်တယ် အမေပြောသလို့ အဖေက ရင်ထဲမှာ ရှင်သန်နေတယ်
တကယ်တော့ သမီးလေးက အမေ့သမီး အရင်းမဟုတ်ပါဘူး..ရိုးသားဖြောင့်မတ်တဲ့ သမီးအဖေမုဆိုးဖိုက သူဌေးသမီးဖြစ်တဲံအမေက စွဲလန်းကာလက်ထပ်လိုက်ပေမယ့်ကလေးမချစ်တတ်တာကြောင့်သမီးလေးကို ချစ်လို့မရခဲ့ပါဘူး. ဒါပေမယ့်တနေ့မှာတော့ လမ်းပေါ်မှာ ပြေးလွှာကစားနေတဲံသမီးလေးကို ကယ်ရင်းကားတိုက်ခံရင်းဆုံးပါးသွား ရှာတဲ့ ခင်ပွန်းအစားသမီးလေးကိုပဲခင်ပွန်းပေးတဲ့လက်ဆောင် အဖြစ်သဘောထားရင်းမိခင်အရင်းထက်ပိုချစ် ရပါတယ် ရင်နဲံမွေးတဲ့သမီးလေးပေါ့.အမေသွာားကြရအောင်နောက်ကျနေပြီ. လေသမီးလေးရဲံခေါ်သံကြောင့်အမေအတွေးတွေကို လက်စဖြတ်ကာဖွဲစာယူရာစက်ရုံကို ဦးတည်ခဲ့ပါတယ်
စပါးခွံ ချွတ်တဲ့စက်ရုံမှာ အမြဲတမ်းမြင်နေကြမြင်ကွင်းကို မရိုးနိုင်ပဲ ကြည့်နေတဲ့သမီးလေးက ...ထူးဆန်းလိုက်တာ.နော် အမေ... စပါးကို အကျီင်္ချွတ်လိုက်တော့ ဆန်ဖြစ်လာတယ် ဆန်ကို ရေချိုးပြီးသိပ်လိုက်တော့ သမီးတို့စားတဲ့ထမင်းဖြစ်လာတယ် ဖွဲပြာတွေ ယူနေတဲ့အမေကတော့ သမီးလေးစကားကိုဂရုမစိုက်အား..ကျေးဇူးပဲအမတွေ အမရဲ့ကျေးဇူးကြောင့်ကျွန်မတို့သားအမ၂ယောက်ထမင်းမငတ်တာ..ရပါတယ် အေ ညည်းမယူရင်လဲ ပြာတွေက အမှိုက်ဗုံးထဲပဲရောက်မှာကို ဆပ်ပြာတွေ ဘယ်လောက် ကောင်းနေ ကောင်းနေ ဖွဲပြာနဲ့တိုက်ရတာလောက်အိုးတွေက ပြောင်မှာ မဟုတ်ဘူးလေ
အဒေါ်ကြီးရဲ့စကားဆုံးတော့ ..အမေသမီးလက်ဆွဲကာတဖက်မှာလဲ ဖွဲပြာထည့်ထားတဲံ့အိုးကို ခေါင်းပေါ်တင်ရင်း ဖွဲပြာရောင်းဖို့ နေပူထဲထွက်ခဲ့ပါတော့ .ခြစ်ခြစ်တောက်ပူနေတဲ့နေပူထဲမှာ လမ်းလျှောက်ရင်း ပင်ပန်းနေတဲ့သမီးလေးကို ကြည့်ကာသနားပေမယ့်လဲ အိမ် မှာတော့မထားနိုင်ပါဘူး အခုခေတ်က စိတ်ချရတာမဟုတ်ဘူး..တနေကုန်ဖွဲပြာတွေ ရမယ်လို့ အော် ရောင်း ရင်း ၅၀၀. \၁၀၀၀ ထက် ပိုမရတဲ့မိမိ ပိုက်ဆံအိတ်ကို ကြည့်ရင်း စိတ်ပျက်စွာ သက်ပြင်းချမိပါတယ် ..ညနေ အိမ်ပြန်ရောက်တော့ သားသမီ၂ယောက် ထမင်းစားကြတော့ ...
သမီးေ ..ကြက်ဥစား လို့ပြောရင်းကြက်ဥကအခွံခွာပေးနေတဲ့.အမေ့ကို သမီးက.... အမေရောမစားဘူးလာ... အမေ စောစောကပဲဗိုက်အရမ်းဆာလို့ကြက်ဥတလုံးပြုတ်စားလိုက်သေးတယ်. သမီး လေး ပျော်ရွှင်ဖို့အမေ နောက်တကြိမ်လိမ်ပြန်ရပါတယ် ..တနေ့မှာတကြိမ်ပဲထမင်း စားရတဲ့သမီးလေးကိုအားရှိတဲ့ ကြက်ဥပြုတ်လေးတော့ ကျွေးချင်တာပေါ့နော် ....ကြက်ဥတောင်စားဖို့မလွယ်တာ အသားဆိုတာ စိတ်ကူးတောင်မယဉ် ရဲနိုင် .... မိဘဆိုတာ ဗိုက်ဆာလွန်းလို့ အူတွေ ပြတ်မတတ် နာကျင်နေတဲ့အချိန်မှာတောင် ကိုယ့်သားသမီး ဗိုက်ဝနေတာကြည့်ပြီ..ကြည်နူးနေတတ်တဲ့ သံမဏိ ခန္ဒာကိုယ်နဲ့ နူးညံ့ တဲ့နှလုံးသားပိုင်ရှင်တွေပါပဲ
အနှစ် ၂၀အကြာ
အပြာရောင်ချိတ်ဝမ်းဆက်လေးဝတ်ဆင်ကာ golden rose ဆံပင်ကို ကျစ်ဆံမြီးဆံထုံးလေထုံးပြီး ယဉ်ယဉ်လေးနဲ့ခေတ်ဆန်စွာ လှနေတဲ့သမီးေ
လးကို အမေ သိမ်သိမ်မွေ့မွေ့လေးနဲ့လှ ပလိုက်တာ တကယ် တော်ဝင်ပန်းနတ်သမီးလေးလို ပါပဲကွယ် ဒီနေ သမီးလေးက အမေ့ပင်ပန်းမှုတွေကို အဆုံးသတ်လိုက်ပါပြီကွယ် ဘွဲ့နှင်းသဘင်ခန်းမထဲမှာ အမေ့ကို ဂုဏ်ယူယူစွာထိုင်ခွင့်ပေးပြီးအမေ့ ကျေးဇူးကိုဆပ်လိုက်တာပဲ သမီးလေး ရယ်အမေဒီနေ့သမီး ရဲ့လှပတဲ့အောင်မြင်မှုဟာအမေ့မျက်ရည်စက်တွေနဲ့အမေ့ပျိုးထောင်မှုတွေနဲ့ဖြစ်တည်လာတာပါသမီးရဲ့အမေအဖြစ်မွေးဖွားပေးလိုကျေဇူးတင်ပါတယ် လို့ပြောရင်းအမေ့ကို ခပ်တင်းတင်းလေးဖက်လိုက်ပါတယ် အမေ့ ကိုယ်သင်းနံ့လေးက မွှေးလိုက်တာအမေဘာလို အိပ်နေရင်း မျက်ရည်ကျပြီးပြုံးနေရတာလဲလို့ သမီးလေး လှုပ်နိုးတော့မှ အမေ အိပ်ယာကနေလန့်နိုးလာပါတော့တယ် ညက ပင်ပန်းပြီးနေမြင့်တော့မှထဖြစ်တဲ့ ဈေးရောင်းဖို့ပြင်ဆင်ရင်းညကမက်ခဲ့တဲ့အိမ်မက်အကြောင်းတွေ့းနေမိပါတော့တယ် ငါ့အိမ်မက်တွေ အမှန်တကယ်ဖြစ်လာတော့မှာပါ မိုးကောင်ကင်ရယ် တကယ်ဖြစ်လာမယ့်အိမ်မက်တွေကိုပဲမက်ခွင့်ပေးပါနော်..လိုချင်တာတကယ်ရိုးရှင်းလှပတဲ့ဘ၀လေးပါနောက်ထပ် ဘယ်လောက်စောင့်ရဦးမှာလဲနောက်ထပ်မျက်ရည်တွေဘယ်လောက်ကျခံပြီးအိမ်မက်တွေကို ပျိုးထောင် ရဦးမှာလဲ
ဒီအမေရဲ့အိမ်မက်တွေကို ဖြစ်ရပ်မှန်တွေ အဖြစ် ပြောင်းလဲနိုင်တဲ့သူကတော့ သင်ကိုယ်တိုင် ပါပဲဒီကလေးအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးတာပဲဖြစ်ဖြစ် အမေ့ကို အမြတ်များတဲ့လက်မှုပညာသင်ပေးရင်းပဲဖြစ်ဖြစ် သင်ကူညီနိုင်ပါတယ် တစုံတယောက် တယောက် ရဲ့အိမ်မက်တွေကို အပြုံးတွေ ပြောင်းလဲပေးနိုင်တဲ့သူမဖြစ်ချင်ဘူးလား
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded