မျှော်လင့်နေ၇င်း
လောကမှာတချို့လူတွေဟာ ဘ၀ကို တည်ငြိမ် အေးဆေးစွာ ဖြတ်သန်းရင်း တိတိ ဆိတ် စွာ ထွက်သွားကြတယ် ဒါပေမ.ယ့်တချို့လူတွေ ကတော့ ကိုယ့်ဘ၀ကို ပါမက တခြားသူတွေ ရဲ့ဘ၀တွေကို ပါ အမြဲထာဝရအတွက် ပြောင်းလဲ ပစ် တတ် ကြတယ် ..
ဒါ ကျွန်တော့ ချစ်သူပါလို့ ထက်ဇော်တယောက် ရုတ်တရက်မိဘတွေ ရှေ့မှာ ဇွန်ခိုင်ဥိးကို မတိုင် ပင်ပဲ ဖွင့် ပြောလိုက် တော့ ဇွန်ခိုင်တယောက် အံ့သြစိတ်တို သွား ပေမယ့်လဲ သူ့ကို ကြည့် နေတဲ့
မျက်လုံးတွေ ကြောင့် ခံစားချက်ကို ဖုံးကွယ်ထားလိုက်ရပါတယ် .... ဇွန်ခိုင့် အမေက အန်တီကတော့ သဘောတူပါတယ် . ဒါပေမယ့် သမီးလေးက ကလေး စိတ်ပဲကွယ့် .. ထက်ဇော် အမေက ရပါတယ် အမ ရယ် . အမသမီးကို ကျွန်မ သမီးကို သဘောထားပါ့မယ်. ဒါဆို အမေတို့ သဘောတူကြတယ် ပေါ့ လို့ မေးရင်းမျက်နှာကို စပ်ဖြဲ ဖြဲ လုပ်နေ တဲ့ ထက် ဇော်ကို ဇွန်ခိုင်က သိပ်ကဲနေတယ်ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်
တကယ်တော့ သူတို့၂ယောက် ရဲ့ ဘိုးဘေးတွေ ဟာ စစ်ပြေးကာလမှာ မြန်မာနိုင်ငံကနေ တရုတ် နိုင်ငံဘက်ကို ထွက် ပြေးခဲ့လို့ ဇွန်ခိုင် ဦး ကတော့ ချောင်ကျတဲ့ ရွာလေးတ ရွာ နေထိုင်ကြပါတယ် .. ထက်ဇော်ကတော့ ပေကျင်းကို သွားေ၇ာက်ပြီး အလုပ်လုပ်တာမို့ ပိတ်ရက် ကျမှပဲ ရွာလေးကို သွားဖြစ်ပါတယ် ....ဘာပဲ ဖြစ်ဖြစ် သူတို့ ၂ယောက်ကတော့ သူတို့ပိုင်ဆိုင် ရ တဲ့ဘ၀လေး ကို ကျေနပ်ပျော်ရွှင်ပါတယ်
ဇွန်ခိုင်ဦးနဲ့  ဇွန်ပွင့်တို့ ညီမ၂ယောက် အခန်းထဲမှာ အ ရေးကြီးကိစ္စကို တိုင်ပင်နေချိန်မှာ ..အမေက ကိုယ် ၀န်စစ်တဲ့ ကိရိယာကို ယူလာပြီး..အမေရိကန်က ဟီရိုရှီးမားကို ကြဲခဲ့တဲ့ nuclear ဗုံးထက် မလျော့ တဲ့ .ဒေါသ နဲ့ .. ဇွန်ခိုင်နဲ့ ဇွန်ပွင့်တို့ ..ဒီ
၂ကြောင်းပေါ်နေတဲ့ ကိုယ်ဝန် စစ်တဲ့အတံက နင့်တို့ ၂ယောက် ထဲက ဘယ်သူဟာလဲ..ဟဲ့ပြောကြလေ နင်တို့ အမေ ငါမေးနေတယ် ပြောကြလေ နင့်တို့အမှန်အတိုင်းပြောမှ စီစဉ်သင့်တာ စီစဉ် ရမှာ ပေါ ငါ ပါးစပ်ပိတ်နေတဲ့ နင်တို့၂ယောက် ကို စိတ် ရှိ လက်ရှိကို ရိုက်ပစ်ချင်တယ် ..လို့ပြောရင်း သူတို့ညီမ ၂ယောက် အဆုံးအထိ ပါးစပ် ပိတ်နေမယ်ဆို တာ သဘောေ ပါက် ပြီးအခန်းထဲက မကျေမနပ် နဲ့ထွက်သွားတဲ့ အမေ့နောက်ကျောကို ကြည့်ရင်း ဇွန်ခိုင် တယောက် ငါတော့ နမော်နမဲ့ နိုင်မိတာမှားပြီလို့ တွေးရင်း သက်ပြင်းချမိပါတော့တယ်
အထိအတွေ့ကိုမှ အချစ်လို့ ထင်မိကာ အပျိုစင်ဘ၀ထက် ချစ်သူ ရဲအလိုကို ပို တန်ဖိုးထားမိလို့
တိတ်ဆိတ်စွာ ငို ကြွေးနေရတဲ့မိမိအဖြစ်ကို တွေးရင်းနောင်တ ရနေမိပါတယ် .မိန်းကလေးတွေ ရြ့ဘ၀ဟာ နူးညံ့ တဲ့ပန်းလေးလို လေပြင်းတိုက်ခံလို့မရတာကို ဘာလို့များမိမိအပါအ၀င် မိန်းကလေး တော်တော်များများဟာ အချစ်မှာ စွန့်စားနေကြတာလဲ..အခု ဇွန်ခိုင်တယောက် ပြင်းထန်လာတဲ့ ပျို့အန်ချင်စိတ်ကို ထိန်းရင်း အစားနီုင်တဲ့အစာတွေကို ကြိတ်မှတ်စားရင်း မိဘတွေ မသိအောင် သူနေထိုင်ရတော့မယ် ..ကြို့းတန်း ပေါ်လျှောက်ရသလို့ ကြောက် ရွံ့ ရင်တုန်စွာ လျှောက် ရမယ့် မနက်ဖြန်တွေကို စဉ်းစားရင် ရင်မော နေမိပါတယ် ။
ရက်အနည်ူ ငယ်အကြာမှာ အမေက ဇွန်ခိုင်တို့ ညီမ၂ယောကိကို ..နင်တို့ ၂ယောက် စလုံး ရဲ့လက်ထပ် မယ့်နေ့ကို လာမယ့် လ ၂၄ ရက် မှာ သတ်မှတ်လိုက်ပြီ လို့ ပြောရင်း စောဒက တက် ရဲ ရင် တက်ကြည့် ဆိုတဲ့အကြည့် တွေ နဲ့ ပါကြည့်သွားပါတော့တယ်
ထက်ဇော်တယောက် ကိုယ့်ကလေးကို ကိုယ်ဝန် လွယ်ထား ရတဲ့ ချစ်သူကို ဖုန်းး ထဲမှာ နှစ်သိမ့်အားပေး ရင်း စိတ်အားမငယ်ပါနဲ့ ဇွန်လေး ရာ ... ကိုယ်တို့ လက်ထပ် ရမယ့်နေ့က ၂၄ ရက်နေ့ဆိုတော့ ၂၂ ရက်နေ့ကိုယ် ရောက်အောင်လာခဲ့ပါ့မယ် ဇွန်လေးသာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နော် ..လို့ပြောရင်း အချစ်ကြီးကာ စိတ်အလိုလိုက် မိတဲ့ ကိုယ့်အမှား ရဲ့အကျိုးဆက် ကို တွေး ရင်း ထက်ဇော်တယောက် နောင်တ တွေ ရမိပါတယ် တခဏတာ စိတ်အလို လိုက်မိတဲ့ အမှားက ဘ၀ကိုတခုလုံးကိုရော သိက္ခာကိုပါ ခြိမ်းခြောက် ထိပါးနေပါတော့တယ် ... ထက်ဇော် တယောက် လက်ထပ်ရမယ့် နေ့ထက် ၂ ရက်ကြို ထွက်လာခဲ့ပေမယ့် .. တခါတလေ high way ခရီးက ရက်ရှည်လမ်းပိတ် တတ်တာကို သတိမထား မိပါဘူး ..ရုတ်တရက်ရှုပ်ထွေးသွားတဲံ ကိစ္စ တွေ ကြောင့် အာရုံမစိုက်နိုင်ခဲ့တာပါ
လက်ထပ်တဲ့နေ့မှာ တော့
သမီးရယ် ဘယ်လိုဖြစ်တာလဲ .. မင်္ဂလာ ခန်းမထဲကိုတောင် ၀င်ရတော့မယ် ...သတို့သားက အခုထိမရောက်သေးဘူး.... နဂီုကတည်းက မှ အဆက်အသွယ်ပြတ်နေတဲ့ ထက်ဇော် ကိုစောင့်နေရလို့ ..စိတ်ရှုပ်ထွေးနေတဲ့ ဇွန်ခိုင် အမေ့စကားကြောင့်စိုးရိမ်စိတ်ပါ ပိုလာခဲ့ပါတယ် ။ မင်္ဂလာခန်းမထဲကို သတို့သားလက် တွဲရင်း အလှပဆုံးနဲ့ အပျော်ရွှင်ဆုံးသူအဖြစ်ဝင်သွားတဲံ့ အမကို ကြည့်ရင်း ဇွန်ခိုင်ရဲ့မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာမွှန်းကျပ်လို့အပြင်ထွက်ခွင့်တောင်းဆိုတဲ့အခါ ဇွန်ခိုင်မျက်ရည်တွေ ရဲ့တောင်းဆိုမှုကိုလိုက်လျောခဲ့ပါတယ် ...ရုတ်တရက် မမျှော်လင့်ပဲ နွေးထွေးစွာလက်ကို လာတွဲတဲ့သူကို ရင်ခုန် ပျော်ရွှင်စွာနဲ့လှည့်ကြည့်မိတော့ ဇွန်ပွင့် ခင်ပွန်းရဲ့ညီပါပဲ..မမျှော်လင့်တဲ့အဖြစ်အပျက်ကြောင့်ယိုင်နဲ့နေတဲ့ ခြေထောက်ကို ထိန်းရင်း.. သူက ဆက်ပြီး..တည်ငြိမ်စွာ နဲ့ မရည်ရွယ်ခဲ့ကြပေမယ့်..ကျွန်တော်တို့ ၂ယောက် ရဲ့ရေစက်ဟာမိုးကောင်းကင်က သတ်မှတ်ထားတဲ့ စစ်မှန်တဲ့ရေစက်ပါ ..ဇွန်ခိုင်ဟိုတနေ့က ထက်ဇော်နဲ့ဖုန်းပြော နေတာကိုကြားမိတဲ့ ကျွန်တော်အခု ဇွန်ခိုင့်ဘ၀ကို ရောဇွန်ခိုင့်ဘ၀ထဲကိုရောက်လာမယ့် ရင်သွေးလေးရဲ့ဘ၀ကိုပါ ကိုယ့်နာမည် နဲ့ လွှဲပြောင်းပေးလိုက်ပါတော့ နော်
ဇွန်ခိုင်တယောက် ဘာမှ မပြောနိုင်တော့ပဲ ..တာကျိုးနေတဲ့မျက်ရည်တွေကို မပိတ်ပင်နိုင်ပဲ ..ထက်ဇော်ကိုနာကျည်းမုန်းတီးကာမချိမဆန့်ခံစားရင်း မင်္ဂလာခန်းမထဲကို ၀င်ခဲ့ပါတယ်
high way လမ်းမှာ ကားပိတ်နေတာ ၅ ရက် ရှိပြီဖြစ်တာကြေင့် ထက်ဇော်တယောက် မင်္ဂလာခန်းမ မှာ ငိုနေမယ့် ဇွန်ခိုင် ဒေါသထွက်နေမယ့် မိဘတွေ လှောင် ပြောင်နဲ့အကြည့် တွေ ကြည့်သွားကြမယ့် ဧည့် သည်တချို့ ရဲ့မျက်လုံးတွေ သနားတဲ့ အကြည့်တွေ နဲ့ကြည့်နေ ကြမယ့် မိတ်ဆွေ တချို့ ရဲ့မျက်လုံးတွေကို မြင်ယောင် ရင်း
တုန်လှုပ်ဝမ်းနည်းမိပါတော့တယ် ..ထက်ဇော် အကြောက်ဆုံးကတော့ ဇွန်ခိုင် သူ့ကို သစ္စာ မရှိတဲ့သူ . တာဝန်မယူချင်တဲ့ သူလို့ ထင်မြင် သွားမှာကိုပါပဲ ..... သောကရောက်နေရင် ငြိမ်သက်နေတာ ကြာ တဲ့ မွေးရာပါနှလုံးေ၇ာဂါ က ဖောက်လာပါတော့တယ် ။
high way လမ်း ပြန်ဖွင့် တဲ့နေ့ ၁ ရက်နေ့ ( ) လ ပိုင်း
ယာဉ်ထိန်းရဲ တယောက် ထက်ဇော်ကားနားကိုေ၇ာက်လာကာ နောင်ကြီး လမ်းပွင့်သွားတော့လဲ ကားမောင်းလေး ဗျာ ခင်ဗျား ကား ထွက်မှ နောက်ကားတွေ လဲ သွားလို့ ရမှာ ပေါ့ ပြောရင်း တုန့် ပြန်မှုမရတဲ့အခါ သော့နဲ့ကားတံခါးဖွင့်လိုက်တော့ ပုပ်ပွကာ အပုပ်နံ့ ထွက်နေတဲံ့ ထက်ဇော် ရဲ့အလောင်းကိုသာ တွေ့ ရှိ ခဲ့ ရပါတော့တယ် ။
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded