နံနက်ခင်းရဲ့မြူနှင်း
မြူလင်း.. နင် ဒီလ ပတ် စာ မေးပွဲ မှာ လဲ .. အ ဆင့် ၁ ပဲ နော် .... ငါ တော့ ဟို လ က ထက်တောင် အဆင့် ကျလိုက်သေးတယ် .....နင် က တော့ ..ဆရာဝန် ဖြစ် တော့မှာ ပဲ စိတ် အား မငယ် ပါနဲ့ ဖူး ပွင့် ရာ
နင်လဲ ညာဏ်ကောင်းတာပဲ.. နင်သာ ဆရာဝန် ဖြစ် မှာ... .. မဖြစ်နိုင်တာ တွေ ပြောနေတယ် မြူလင်းကလဲ
တကယ်တော့ အဲ့ဒီ့နေ့က မ ဖြစ်နီုင် ဘူးလို့ ဖူးပွင့်တ ယောက် ဘာလို့ ပြောခဲံမိပါလိမ့်
မြူလင်းဆိုတဲံမိန်းကလေး က စိတ် ဓာတ်ကြံ့ခိုင် ခြင်း ရဲ့ တခြား အ မည်ပါ
သူတို့မိသားစုမှာ မိန်းကလေးတွေမှန်သမျှဟာ ပိုလီယို ဖြစ်တဲ့ကျိန်စာ သင့်ခဲ့ကြတာ မျိုးဆက် ၃ ဆက်လောက် ရှိပါပြီ..ဘယ်လောက် ပဲ ကာ ကွယ်ဆေး ထိုး ထိုး ဘယ်လောက်ပဲ ဆေး တွေ တိုက် တိုက် ကျိန်စာကို တော့ မတွန်းလှန် နိုင်ပဲ အသက် ၆ နှစ်အရွယ်က စ ပြီး ပိုလီယို ရောဂါကို ခံစားကြရတာပါ
မျိုးရီုးလိုက်တဲံကျိန်စာအရ အသက် ၆ နှစ်အရွယ်အထိ အမြဲတမ်း ပြေး လွှား ကခုန် နေတတ်တဲ့ မြူလင်းဟာ. တ ဖြေး ဖြေး ထော့ နဲ့ ထော့နဲ့ ဖြစ် ရင်း နောက်ဆုံး မတ်တပ်တောင် မ ရပ်နိုင် တော့ပဲ ဂျိုင်းထောက် အကူအညီနဲ့ပဲ ရှင် သန်နေရတဲ့ကို ရောက်ရှိ သွားပါတော့တယ်
မသန်မစွမ်းဖြစ်တဲ့မြူလင်းဟာ ...ဘ၀ကိုအ ရှုံးမ ပေးပဲ ကြံ့ကြံ့ခံ ရင်း ရှင်သန်နေတာ ကြောင့် ဒီနှစ် လဲ သူငယ်တန်းကနေ အဌမတန်းအထိ ၉နှစ် ဆက်တိုက် ပထမဆုကိုမြောက် မြား စွာ သော လက် ခုပ် သံ ကြားက ထိုက်တန် စွာ ပိုင်ဆိုင်ခွင့် ရ ရှိခဲံ့ ပါတယ်
ဖူး ပွင့် ကတော့ ညာဏ်ကောင်းပေးမယ့် စာကျက် ရတာကို နှစ်သက်တဲ့သူမဟုတ်ပါဘူး ...
တီ....တီ..တီ .. ဟဲလို . ဖူးပွင့်လား... ဘယ်လို လဲ ဖုန်းတွေ ဘာတွေ ဆက်လို့ပါလား....မြူလင်းက လည်း ငါ လည်းဆက်ချင် တာ ပေါ့... ဒါပေမယ့် နင်စာကျက်နေမှာ စိုးလို့ပါ ဟာ..နင်တွေးတာ မှန်တယ်ဖူးပွင့် ငါအခုပဲ သချာင်္ တွက်နေတာ .... ဒါနဲ့မြူလင်း ငါတို့ ဒီနေ့ shopping ထွက် ရ အောင် ...
၁၀ တန်းမတက်ခင် ဦးနှောက် ဆေးရ အောင် ... ကျောင်း ဖွင့်ရင် စာတွေပဲ ကျက် နေရမှာ ....ok သွားကြ တာ ပေါ့ ..
အဲ့ဒီနေ့က ဖူးပွင့်ဘာလို့များ ဒီလောက် တောင် မြူလင်းနဲ့ အတူ shopping ထွက်ချင် နေပါလိမ့်..ဘာဝဆိုတာ ဘယ်အချိန် မှာ တက် ချည် မြင့် ချည် ဖြစ်မှန်း မသိတဲ့ roller coster
တ စင်းနဲ့ တူပါတယ် .. စိတ်လှုပ်ရှား မှုတွေ ၀မ်းနည်းမှုတွေ ပျော် ရွှင်မှုတွေဟာ ကျွန်မတို့ သတိမထား မိတဲ့အချိန်မှာ ကျွန်မတို့ဆီကို ရောက်လာ တတ်ကြပါတယ်
အနက်ရောင် ဂျင်း stokin နဲ့ အဖြူရောင် ရင်ဆက်အကား ဂါဝန်လေး ၀တ်ပြီး အနက်ရောင် ဆံပင်တွေ ကို ..ဖြောင့်ပြီူအဖျားတွေကို လှိုင်းတွန့်ကောက်ထားတဲ့. ချစ်စရာကောင်းနေတဲ့မြူလင်းကို ကြည့်ရင်း.. ဖူးပွင့်တယောက် ၀မ်းနည်းမှုနဲံပျော် ရွှင်မှုတွေ ဟာ ရောထွေးလို့နေပါတော့တယ် ..၀မ်းနည်းရတဲံအကြောင်းကတော့ ..မြူလင်းဘေးမှာ ရှိတဲံအပိုပါလာတဲ့ ဂျိုးထောက် ကြောင့်ပါပဲ....ပိုလီယို ဖြစ်နေတော့ အဲ့လောက် ၀တ်ရခက်တဲ့ ..stokin ကို မြူလင်းတယောက် ဘယ်လို ကြိုးစားပမ်းစား ၀တ်ခဲံပါလိမ့်...ချစ်ရတဲံသူငယ်ချင်း ဒီ ဒုက္ခိတ ဘ၀ကနေ အမြန်ဆုံးလွှတ်မြောက် ပါစေလို့ ဆုတောင်းနေမိ ပါတော့တယ် .. ဖူး ပွင့်..ဖူးပွင့်..ခေါ်နေတာ မကြားဘူးလား ..ငါ ready ဖြစ် ပြီလေ ..လာ ကားပေါ်တက် သွားရအောင် ...
ဖူးပွင့် ဘာတွေ တွေးနေလဲဆိုတာ မြူလင်း ရိပ်မိပြီးသားပါ...အားလုံးထက် မြူလင်း လည်း ဒီဂျိုးင်းထောက် အကူအညီ နဲ့ ရှင်သန်နေ ရတဲ့ဘ၀ကနေ လွှတ်မြောက်ချင် ပြီ လေ ...ဒါပေမယ့် ဘ၀က လွှတ်မြောက်ခွင့်မ ပေး သေး တော့ ခက်နေတာ ပေါ့
သူတို့ ၂ ယောက် စိတ်လွှတ်ကိုယ်လွှ တ်ေ ပျော် စွာ နဲ့ လည် ပတ် ခဲ့ကြပါတယ် ..ဘာပဲ ၀တ် ၀တ် လှ ပ တဲ့ဆယ် ကျော် သက် လေးတွေ ဆိုတော့ အရာ အားလုံးဟာ လှပ နေတော့ တာပေါ့ ဂျင်း သားတွေကို ကြိုက်တယ် ဖူးပွင့်က တော့ ပေါ့ပါးတဲ့ ဂျင်း blouse လေး တွေ ၀ယ် ပြီး ဇာ တွေ ကြိုက်တဲ့မြူလင်းကတော့ ..ဆွဲသား ဇာ ဂါဝန်လေးတွေပဲ ၀ယ်ခဲ့ပါတယ် ဖူးပွင့် ဒီဆိုင်မှာ ...
ဘာရှိလဲမသိဘူး ..သွားကြည့်ရအောင်လို့ ..ပြော ရင်း မြူလင်းတယောက် ဂျိုင်းထောက် ဘယ်ဘက်ကို ရွှေ့လိုက်တဲ့အချိန်မှာ ..၃ မိနစ် အ၇င်က ကလေးတယောက် ရေဗူးထဲက ရေတွေကို သွန်ချခဲ့တာကို မြူလင်းလုံးဝကို မသိခဲ့တာပါ ...ခြေချော် ကျ ပြီး ကြွေပြားနဲ့ ခေါင်း ပြင်းထန်စွာ ဆောင့်မိပြီး လဲကျနေတဲ့ မြူလင်းကို ကြည့်ရင်း ဖူးပွင့်တယောက် အချိန်တွေ ရပ်တန့်သွားဖို့ကို တုန်လှုပ်ခယ စွာ ဆု တောင်းနေမိပါတယ် ...
၇ နှစ် အကြာ
နှင်းတွေ ကပို ကရို ကျကာ နေ ရောင် မခို့ တရီု့ ပွင့်နေတဲ့ ဆောင်း နံနက်ခင်းမှာ
ဖူးပွင့်တယောက် အဖြူရောင် ဇာ ၀တ်စုံကို မြန်မာ ဆန်ဆန် ၀တ် ဆင်ကာ ဂျူတီကို ခေါက်ပြီး လက်မှာ ချိတ်ထားတဲ့ ပုံ က တကယ်ကို ကျက် သ ရေ နဲ့ပြည့်စုံလွန်းနေပါတယ်
ဖူးပွင့်ကို အမေက ဆေးရုံသွားမလို့လား သမီး ဟုတ်ကဲ့..အမေ ဒီ နေ့ duty ကျတဲ့နေ့ပါ.. ရော့သမီးအတွက် ထမင်း ဗူး... ဆေးရုံမသွားခင် ..မြူလင်း ဆီလဲ ၀င်လိုက်ပါကွယ် ... သူ့ခမျာသမီးကို မျှော်နေ ရှာမှာ
အခန်းထဲမှာ 0xygen ပိုက်တွေ ဆီးပိုက်တွေ အစာပိုက်တွေ တပ်ထား ပြီး အိပ်နေတဲ့ မြူလင်းကို ဖူးပွင့်က .. ငါ လာပြီလေ မြူလင်း နင် အခု ထ တော့ လေဟာ...နင် အိပ်ရေးပျက်ခံပြီးစာကျက်နေ ပြီးအခု အိပ်ပျော်နေတာ ၇နှစ် ရှိပြီလေ .. နင်အခု နှိုးပါတော့
ခြေ ချော် ကြ ပြီး ကြမ်း ပြင် နဲ့ဦးနှောက် ပြင်းထန်စွာဆောင့်မိကာ ..coma ထဲ ၀င်သွားတဲ့ သူငယ်ချင်း ပြန်ကောင်းဖို့ ဖူးပွင့် မျှော် လင့် နေပါတော့တယ်
ဘ၀ဟာ roller coster တစီးဆိုရင် အဆုံးမှာ တော့ စိတ်လှုပ်ရှားမှုတွေ ၀မ်းနည်းမှုတေ ပျော်ရွှင်မှုတွေဟာအမှတ် တရတွေ အဖြစ် ပြောင်းလဲ သွားတတ်တာ ချည်းပါပဲ
ဆောင်းဧကရီ

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded