| Home | Contact Us | Register | Forum | Authors | Rules | User Login | Other Blogs |  


Copying Materials from Ainmat



စာချစ်သူများသို့-

အိပ်မက်များမှ စာများ၊ ကဗျာများ သတင်းအချက်အလက်များ အားလုံးကို စာရေးသူ၏ ခွင့်ပြုချက်မရယူပဲ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အပိုဒ်လိုက်ကိုဖြစ်စေ၊ တစ်ပုဒ်လုံးကိုဖြစ်စေ၊ အနည်းငယ် ပြူပြင်ပြောင်းလဲ၍ဖြစ်စေ တစ်ခြား မီဒီယာ တစ်ခုခုပေါ်တွင် ဖော်ပြခြင်းကို လုံးဝ တားမြစ်သည်။ စာရေးသူမှ ခွင့်ပြု၍ တစ်ခြား မီဒီယာ တစ်ခုခုပေါ်တွင် ရေးသားဖော်ပြရာတွင်လည်း အိပ်မက်များမှ မူရင်းစာမျက်နှာ လင့်ခ်ကို မြင်သာသော နေရာတွင် ဖော်ပြပေးရမည်။ စာရေးသူသို့ လင့်ခ်မှဆက်သွယ်ရန် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက Contact Us မှတစ်ဆင့် အိပ်မက်များသို့ ဆက်သွယ်ပါ။

အိပ်မက်များတွင် စာရေးသားရာ၌လည်း မိမိကိုယ်တိုင်ရေးသားသော စာများ ၊ကဗျာများ၊ သတင်းအချက်အလက်များ မဟုတ်ပါက အိပ်မက်များတွင် မရေးခင် ပထမဆုံး မူလစာရေးသူထံ ခွင့်ပြုချက်တောင်းယူပါ။ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြချက် တောင်းဆိုရန် ဆက်သွယ်၍ မဖြစ်နိုင်ပါက ဆက်သွယ်၍ မရခဲ့ကြောင်း ဖော်ပြပေးရန်။ ခွင့်ပြုချက်ရ၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြချက် တောင်းဆိုရန် ဆက်သွယ်၍မရသည်ဖြစ်စေ ပို့စ်တင်ရာတွင်လည်း မူရင်းစာရေးသူ မည်သူဖြစ်သည်ကို ပို့စ် အစပိုင်းတွင် လည်းကောင်၊ အဆုံးတွင်လည်းကောင်း၊ မြင်သာသော နေရာတွင် ဖော်ပြပေးပါ။ အကယ်၍ မူရင်းသည် အင်တာနက်ပေါ်မှ ဖြစ်ပါက လင့်ခ် ထည့်ပေးရန်။

အကယ်၍ မိမိ၏စာများကို ခွင့်ပြုချက်မယူပဲ တစ်စုံတစ်ယောက်မှ အိပ်မက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိပါက ခိုင်လုံသော အထောက်အထားပြ၍ အိပ်မက်များသို့ ဆက်သွယ်ပါ။

ကျွန်တော်တို့ စာများကို ချစ်မြတ်နိုး၍ တန်ဖိုးထား သလို၊ သူတစ်ပါး၏ စာများကိုလည်း လေးစား၍ တန်ဖိုးထားပါသည်။

အိပ်မက်များ




Ainmat Ads

DealBeeper.com

AYinePan.com Site