မြူနှင်း(နှစ်ပိုင်း၊ တစ်ပိုင်း)
မြူနှင်းတွေ မြူနှင်းတွေ ငါ့ကိုယ်ငါ
ပြင်ဆင်ဖူးတဲ့ နံနက်ခင်းတွေ၊ မြူနှင်းတွေ
မြူနှင်းတွေ ငါ့ကိုယ်ငါ ဖျက်ဆီးဖူးတဲ့
သန်းခေါင်ယံတွေ။ ကမ္ဘာမြေကြီးရယ် ငါ့ကို
လွှတ်ချခွင့်ပေးပါ၊ ငါ့ကို
လွှတ်ချခွင့်ပေးပါ၊ ကမ္ဘာမြေကြီးရယ် ထပ်ပြီး
ငါ့ကို လွှတ်ချခွင့်ပေးပါ။ ငါတစ်ခုခုကို
စွဲလမ်းခဲ့ဖူးတယ်၊ ငါ့မျက်နှာတစ်ခြမ်းရဲ့
လမင်းကချိုတယ်။ ဂစ်တာ(၁)ကြိုးတစ်ကြိုးတည်းနဲ
့ တီးတဲ့ ညတွေ အေးစက် ငြိမ့်ညောင်းနေခဲ့.....။
ငါ ရူးရတော့မယ် မြူနှင်းရယ်.....။
လက်ဖျားအေးစက်စက်ကြီးနဲ့ မွမ်းမံတဲ့
ကြယ်ရောင်တွေ ကွေးသထက်ကွေးနေတယ်၊
ဘယ်ဘက်လက်သန်းကြွယ်က လက်စွပ်ကလေးနဲ့ 
မင်းကိုချစ်တဲ့ အချစ်တွေပဲ ငါ့မှာ
ပိုင်ဆိုင်တယ်။ မြူနှင်းတွေ ပိကျ၊ အိကျ
နေပြန်ပြီ ငါ့မှာတော့ မှီခိုစရာ မရှိခဲ့.....။
ငါ့မျက်နှာတစ်ခြမ်းရဲ့ နေမင်းကခါးတယ်။
ငါ့ကို မညှာတာဘူးလားလို့ ထပ်မေးမယ်၊ မင်းရဲ့
အမုန်းနဲ့  အချစ် ဆုံရာ ဒေသဆီသို့  ဗေဒါ ဘ၀နဲ့ 
ငါလှော်ခတ်ခဲ့.....။ ငါ့နေမင်းက
ခါးသက်လွန်းတယ် ငါ့လမင်းက ချိုအီနေခဲ့.....။
မြူနှင်းတို့  မချစ်သော အမုန်းနဲ့ 
ငါ့စာမျက်နှာတွေ တွန့် ကြေခဲ့.....။
ပင်လယ်ပြင်ဝေးဝေး အော်သံတွေ
ငါနားထောင်ဖြစ်ခဲ့၊ ငါ့မှာမရှိတဲ့ အမိန်
့တွေနဲ့  ပင်လယ်ပြင်ဝေးဝေး အော်သံတွေ
ငါလွန်လူး လွမ်းမောခဲ့၊ ချစ်သူ မသိခဲ့လေသော
ကွဲကြေ ဒဏ်ရာတွေနဲ့ .....။ ငါ့ကို လှည့်စားပါ၊
ငါ့ကို ထားခဲ့ပါ။ လိမ္မော်ရောင်တွေနဲ့ 
အနီရောင်တွေ စစ်ခင်းမဲ့ မြူနှင်း နှစ်ပိုင်း
တစ်ပိုင်း ညတစ်ညမှာ ငါ့ကို ရက်ရက်စက်စက်
လွှတ်ပြစ်ခဲ့ပါ၊ တန်ဖိုးမဲ့နေတဲ့ ဘ၀ကို
ဆူးလက်နက်ပေါင်းများစွာနဲ့ 
ခုတ်ထစ်လှီးပိုင်းခဲ့ပါ၊ အခုတော့ စီးကရက်
နှင်းရာသီတွေ တစ်ဖြေးဖြေးနဲ့ 
မီးစားခဲ့ရပြီ.....။
ဘယ်လိုပဲဖြစ်ဖြစ်
နှင်းမြူလေးကို ပေးစပ်လိုက်တဲ့
အချစ်တွေကို ငေးကြည့်ရင်း
ပြူးစက်နေတဲ့ မျက်လုံးလေးတွေကို
လွမ်းမိခဲ့.....။
I love your poem!
ခင်တတ်တဲ့ ...
လင်း။