ညီလေးရေ ခိုင်ပီးရေ..။
ညီလေး လဲ နှစ်တစ်ရာစုရဲ့ ခရီးသွား
တယောက်ဖြစ်လာတော့ နှစ်ဆယ့်တစ်ရာစုမှာ
မသိမဖြစ် မတတ်မဖြစ်တဲ့ အရာလေးတွေကို
ဝေမျှချင်တယ်။ ညီလေး
စာပေဖတ်အားကောင်းရင်တော့
သိလိမ့်မယ်။ကျောင်းစာတွေ နဲ့ လုံးပန်းရင်း
အပြင်စာတွေ မဖတ်ဖြစ်ရင်တော့ အစ်ကိုရေးတဲ့
စာကိုတော့ ဖတ်ပေါ့။ နှစ်ဆယ့်တစ်ရာစုမှာ
စာတော့ ဖတ်အားကောင်းမှ ဖြစ်လိမ့်မယ်
ညီလေးရေ။
ဂျပန်တွေ ဟာ အားရင် စာဖတ်သတဲ့။အားနေတဲ့
အချိန်ဟာ လဲ စာဖတ်နေတဲ့ အချိန်။ ဒီတော့
စာဖတ်တဲ့ အချိန်ဟာ အားနေတဲ့ အချိန်ဘဲ
ဖြစ်တယ်လို့ ကြားဖူးတယ်။ မြန်မာ
နိုင်ငံမှာနေတုန်းက တော့
ကားပေါ်၊မီးရထားပေါ်၊ပန်းခြံတွေ ထဲမှာ
စာအုပ်တအုပ်ကို သည်းကြီးမဲကြီးဖတ်နေတာ
မတွေ့ဖူး သလောက်ဖြစ်ခဲ့ပေမယ့် စင်ကာပူ မှာ
ရောက်တုန်းကတော့
ဘတ်ကားပေါ်၊မီးရထားပေါ်၊ပန်းခြံတွေ ထဲ
စာအုပ်ထူထူကြီးတွေ ကို သည်းကြီးမဲကြီး
ဖတ်နေတဲ့သူတွေ၊စာအုပ်တွေ
ညှို့ယူဖမ်းစားမှုအောက် ရောက်နေတဲ့
မျက်မှန်ထူထူ နဲ့ လူငယ်တွေကို တွေ့ခဲ့ရတယ်။
တိုးတက် တဲ့ တိုင်းပြည်တွေ ရောက်လာတိုင်း
စာအုပ်စာပေ ဟာ ဘယ်ရောက် အရေးတကြီး
နေရာယူထားတယ်ဆိုတာပို သိလာတယ်။ ဒီမှာတော့
ဩစတေးလျှ က အင်ဂျင်နီယာ တယောက်ရဲ့ အိမ်ကို
အဲယားကွန်း ပြင်ဖို့ ရောက်သွားတုန်းက
အစ်ကို တအံ့ တဩဖြစ်ခဲ့
ရတာလေးပြောပြချင်တယ်။ အဲယာကွန်းပြင်ဖို့
မီးဖိုချောင်ထဲဝင်သွားတော့
စာအုပ်စင်လေးတွေ့တယ်၊အစ်ကို လည်း
စာအုပ်မြင်တော့ကိုင်ကြည့်တာပေါ့...ဟုတ်ပါ့ဗျာ...ချက်ရေး၊ပြုတ်ရေး
စာအုပ်တွေ၊ဝိုင်စပ်နည်း
စာအုပ်တွေ၊မတည့်တဲ့ အစားအစာ ကို သတိပေးတဲ့
စာအုပ်တွေ ကို ရေခဲသတာဘေးမှာစင်လေးနဲ့
ထားတာ။ ဒီလိုနဲ့ အဲယားကွန်းတွေ
တစ်ခုပြီးတခု လိုက်စစ်ရင်း စစ်ရင်းက
နေရာတကာတွေ့ရတာကတော့ စာအုပ်စင်တွေပါဘဲ
ဧည့်ခန်းမှာ၊အားကစားလုပ်တဲ့
အခန်းမှာ၊မှန်တင်ခုံဘေးမှာ၊ အိပ်ယာဘေးမှာ
စာအုပ်နဲ့ စာအုပ်စင်နဲ့လေ။ နောက်ဆုံး
အားလုံးပြီးတော့ သန့်စင်ခန်းကို သွားရော
အိမ်သာ ဘိုထိုင်ရဲ့ဘေးမှာ စာအုပ်စင်လေးနဲ့
အိမ်သာသွားရင်းနဲ့လည်းစာဖတ်လို့ ရတာပေါ့။
ဒီတော့ ညီလေးရေ..စာကိုတော့
မျာများဖတ်စေချင်တယ်။ သူများတွေ စာများများ
မဖတ်တာတော့ သိပ်ပြောစရာမရှိဘူး။ညီလေး
စာများများ မဖတ်ရင်တော့
ပြောစရာရှိလာလိမ့်မယ်။ဘာဖြစ်လို့လဲ
ဆိုတော့ တို့တတွေမှာ
ဦးဆောင်လုပ်ပြ၊လမ်းညွန်မယ့် အဖေ ဆိုတာ
မရှိဘူး၊ နူညံ့ သိမ့်မွေ့မှုတွေ
သည်းခံ၊ခွင့်လွတ်မှုတွေ သင်ကြားပေးမယ့်
အမေနဲ့ လည်း အဝေးမှာနေရတာလေ။ ဒီတော့
စာများများဖတ်ပါ။စာအုပ်ကို
သူငယ်ချင်းလုပ်ပါ။ဒါပေမယ့် စာအုပ် တိုင်းက
ဖော်ပြတာတွေကို တသွေမသိမ်းလိုက်နာဖို့
မဟုတ်ဘူး။ အဲဒါတွေ ကို ညီလေး
စဉ်းစား၊ဝေဖန်၊ပိုင်ခြား နိုင်ဖို့ဘဲ
ဖြစ်တယ်။
ညီလေးရေ..အဓိကပြောချင်တာက နှစ်ဆယ်တစ်ရာစု
ရဲ့”အ” သုံးလုံး တတ်မြောက်ရေးဘဲ။ ညီလေးတို့
ခေတ် ဒီဘက်ပိုင်းမှာတော့ ”အ”သုံးလုံး
လူပ်ရှားမှု မရှိတော့ပါဘူး။..အကိုလည်း
ငယ်ငယ်က ကြားဖူးတာ။ စာမတတ်သူတွေကို
စာလိုက်သင်ပေးတာ။ လူတိုင်းစာတတ်မြောက်ရေး
လှုပ်ရှားမှုပေါ့။ အလုပ်လုပ်ရင်း စာသင်
စာသင်ရင်း အလုပ်လုပ် ဆိုတဲ့
ဆောင်ပုဒ်တွေနဲ့ ဘာနဲပေါ့။ အဲလိုဘဲ
နှစ်ဆယ်တစ်ရာစု မှာလဲ
”အ” သုံးလုံး လူတိုင်း
ကျေညှက်တတ်မြောက်ဖို့
အရေးကြီးတယ်တဲ့။နှစ်ဆယ်တစ်ရာစုရဲ့”အ”
သုံးလုံး က ဘာတွေလဲဆိုတော့
၁။”အ” ဆက်မပြတ် လေ့လာ သင်ယူရေး။
၂။”အ” တာနက် ကျွမ်းကျင်စွာ
အသုံးပြုနိုင်ရေး။
၃။”အ”င်္ဂ လိပ်စာ ကျွမ်းကျင်စွာ
အသုံးပြုနိုင်ရေး။ တို့ ဖြစ်တယ်တဲ့။
၁။”အ” ဆက်မပြတ် လေ့လာ သင်ယူရေး။
အဆက်အပြတ် လေ့လာ သင်ယူရေးဟာ ဘာကြောင့်
အရေးကြီးသလဲ ဆိုရင် အဆက်မပြတ်တိုးတက်နေတဲ့
ကမ္ဘာကြီးကြောင့် ဖြစ်တယ်။ တကယ်လို့
အဆက်မပြတ် လေ့လာ သင်ယူရေးသာ
ရပ်တံ့ခဲ့မယ်ဆိုရင် နောက်မှာနေခဲ့ရတော့မှာ
သေချာပါတယ်။ ဟုတ်ပြီ ဒါဆို ရင်
အလုပ်လုပ်စရာမလိုတော့ဘူးလား
စာသင်နေရတော့မှာလားလို့မေးစရာ
ရှိလာပြန်ရော။အမှန်ပြောရမယ်ဆိုရင် ညီလေးရေ
အကိုတို့ ကောလိပ်တက်တုန်း ကတော့ ကျောင်းက
သင်ပေးတဲ့ စာတွေ သိပ်ပြီးမသိမတတ်ပါဘူး
ဒါပေမယ့် အကို တတ်ခဲ့တာကတော့
ကိုယ်သိချင်၊တတ်ချင်တာ ကို
ဘယ်လိုလေ့လာရမယ်၊ရှာဖွေရမယ် နဲ့
ပေါင်းသင်းဆက်ဆံရေး တော့
နည်းနည်းတတ်ခဲ့တာပေါ့။
စကားတခွန်းကြားဖူးတယ်။ ဘွဲ့ရတယောက်ဟာ
ကိုသိချင်၊တတ်ချင်တာ (self study)ကို ကိုယ့်ဟာကို
ရှာဖွေလေ့လာတတ်ရမယ်တဲ့ကွ၊ (self study) ကို
ပြောတာပေါ့။ (self study)ကို တတ်ပြီ ဆိုရင်တော့
ဘယ်မှာ သင်ကြားလေ့လာမလဲ။ စာအုပ်တွေ
လိုက်ရှာဝယ် ဖတ်မလား။ ပိုက်ဆံကုန်ငွေ ကုန်
အချိန်ကုန်မယ်။ အဲဒီက စ နံပါတ် နှစ်ဖြစ် တဲ့
အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး
ကို ရောက်သွားပြီ။
၂။”အ” တာနက် ကျွမ်းကျင်စွာ
အသုံးပြုနိုင်ရေး။
အင်တာနက် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး
ဟာ ဘာကြောင့် နှစ်ဆယ်တစ်ရာစု ရဲ့ ”အ”
သုံးလုံးမှာ အရေးပါလာသလဲ။ (self study)ကို
လေ့လာနေတဲ့ သူတယောက်အတွက် အင်တာနက်
ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့
အလွန်ရေးကြီးတယ်။ဒီနေ့ ညီလေး ဘာကို
လေ့လာချင်သလဲ အင်တာနက်ပေါ်သွား (search engine)မှာ
ကိုယ်လေ့လာလိုတဲ့ ဘာသာရပ်ရိုက်ထည့်
သူကရှာပေးလိမ့်မယ်။ ဒီနေ့ ပိုတိုးတက်လာတော့
စာဘဲဖတ်လို့ ရတာမဟုတ်ဘူး၊ မရှင်းမှာလဲ
မပူနဲ့ ရုပ်ရှင် ဖိုင်တွေနဲ့..ရုပ်ပုံတွေနဲ့
ရှင်းပြလိမ့် မယ်။ ဒီတော့ အင်တာနက်
ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးဟာ လဲ
အလွန်အရေးကြီလာတယ်။ ဒီနေ့ထိတော့ မြန်မာ
နိုင်ငံမှာ အင်တာနက် အသုံးပြုရတာ ဟာ
စာအုပ်ဝယ်ဖတ်ရတာ ထက်ပိုပြီး
သက်သာလိမ့်အုန်းမယ်။ အင်တာနက် ကို ကို
ကျွမ်းကျင်စွာ အသုံပြုနိုင်ဖို့ ဆိုရင်
နံပါတ်သုံး ဖြစ်တဲ့ အင်္ဂလိပ်စာ
ကျွမ်းကျင်စွာ အသုံးပြုရေး က အရေးပါဘာပြီ။
၃။အင်္ဂလိပ်စာ ကျွမ်းကျင်စွာ အသုံးပြုရေး
အင်္ဂလိပ်စာ ကျွမ်းကျင်စွာ အသုံးပြုရေး ဘာလို
အရေးပါလာတာလဲ ဆိုရင် အရင်က ပြောတဲ့
အတိုင်းဘဲ။ နောက်ဆုံးပေါ်တွေကို
လေ့လာတော့မယ် ဆိုရင် အင်္ဂလိပ်စာ တတ်ကို တတ်မှ
ဖြစ်မယ်။မဟုတ်သေးဘူး ကျွမ်းကျင်စွာ တတ်မှ
ဖြစ်မယ်။ အင်တာနက်ကို
အသုံးပြုတော့မယ်ဆိုရင် လည်း အင်္ဂလိပ်စာ ကို
ကျွမ်းကျင်စွာ တတ်အုန်းမှ ဖြစ်မယ်။
ခုခါတော့ မြန်မာ လို ထုတ်လွင့်တဲ့
အင်တာနက်စာမျက်နှာတွေ ရှိလာပြီဆိုပေမယ့်
အင်္ဂလိပ်နဲ့ စာရင်တော့ တော်တော့် ကို
နည်းနေသေးတယ်။ ဒီတော့ကာ အင်္ဂလိပ်စာ ကို
ကျွမ်းကျင်စွာ တတ်မြောက်သင့်တယ်။
ဒီတော့ ညီလေးရေး အင်္ဂစာကျွမ်းကျင်စွာတတ်မှ၊
အင်တာနက်ကို ကျွမ်းကျင်စွာ
အသုံးပြုနိုင်မယ်၊ အင်တာနက်ကို
ကျွမ်းကျင်စွာ သုံးနိုင်မှ
ကိုယ်လေ့လာလိုတဲ့ ပညာရပ်ကို
စဉ်ဆက်မပြတ်လေ့လာနိုင်မယ်။ အဲလိုမှ
တိုးတက်နေတဲ့ ကမ္ဘာကြီး ကို လိုက်မှီ
လိမ့်မယ် ညီလေးရေ။ ဒီတော့ကာ နှစ်ဆယ့်တစ်
ရာစုရဲ့ ”အ” သုံးလုံးဟာ ဘယ်လောက် အရေးပါလဲ
ဆိုတာ ညီလေး ချင့်ချိန်နိုင်လိမ့်မယ် လို့
ယုံကြည်မျှော်လင့်ပါတယ်။
အစ်ကိုကြီး
ဒီးဒိုး။
၁၃၊ဝ၇၊၂၀၁၀။
ဟိုအရင် ဟောပြောပွဲ တစ်ခုမှာ "အ”
သုံးလုံးအကြောင်း ကြားခဲ့ရသည်ကို တတ်သလောက်
ပြန်ရေးပြီး ညီလေး သို့ ပြောပြခြင်း
ဖြစ်ပါသည်။