ခံရမကောင်းတဲ့
ရင်ထဲက ဝေဒနာ
မျက်ရည်အဖြစ် ပြောင်းလဲသွားခဲ့တယ်. . .
ကံကြမ္မာရယ်
ရတာမလို
လိုတာမရ
ပြောင်းပြန်အချိုးဖြစ်အောင်
စီမံထားတာလား
ခံရသူ ရင်ထဲ
အလူးအလဲပဲ
ကံကြမ္မာရယ်
မျက်နှာသာပေးပါဦး. . .
ရှေ့မှာရှိတဲ့ အနာဂတ်မှာ
ဘာတွေဖြစ်လာမလဲ
ပေါင်းစပ်ခွင့်မရှိခြင်းပဲလား
လတ်တလော
ကွဲနေတဲ့ အသည်းကတော့
ဘယ်အခါမှ
သွေးတိတ်မလဲ မသိဘူး. . .
အသွားအပြန်ရှိတယ်ဆိုတဲ့
မေတ္တာ
ဘယ်မှာပုန်းနေသလဲ
ထွက်လာစမ်းပါတော့
ထွက်လာစမ်းပါတော့
ဒီမှာ နာကျင်ခြင်းတွေနဲ့
အသက်ရှင်နေရတယ်
ငဲ့ပါဦး. . . ။ ။
ရဲ(YEco)
ကျွန်တော့်Gmail က ecokglay17@gmail.com ပါ. . . ။ ။