ငြိမ်သက်နေတဲ့
ရင်ခုန်သံ နိုးထ
မျက်ဝန်းကစတဲ့
ချစ်မေတ္တာ
တစ်ဘ၀စာအတွက်
ယုံလိုက်ပါ
အတူတူရှိချင်တယ်
အချိန်တိုင်း
အတူတူနေပါရစေ. . .
နေသာတဲ့ အခါလည်း
နင့်အပြုံးကြောင့်
ရင်ထဲအေးချမ်း
မိုးရွာလို့ အေးပြန်လည်း
နင့်အပြုံးဟာ
ငါ့ရင်ထဲ နွေးထွေးပြန်တယ်
ညီမလေးတစ်ယောက်လိုရော
ချစ်သူတစ်ယောက်လိုရော
ငါချစ်တယ်
၁၅၀၀မေတ္တာနဲ့ ၅၂၈မေတ္တာရောယှက်
မြတ်နိုးမိတယ်. . .
ကလေးလိုပါပဲ
ရိုးသားလွန်းတယ်
လှပတဲ့ နင့်အတွက်
သိမ်မွေ့တဲ့ အချစ်ပန်း
ငါ့ရင်မှာပွင့်လန်းခဲ့ပြီ
အနားနားမှာနေပါရစေ
". . . . . " ရယ်
လိုအပ်သမျှ
အတတ်နိုင်ဆုံး
ဖြည့်ဆည်းပေးချင်တယ်. . .။ ။
ရဲ(YEco)
ကျွန်တော့် Gmail က ecokglay17@gmail.com ပါ. . . ။ ။