ကျွန်တော့်မွေးနေ
့ရောက်တော့မည့်အချိန်တွင် သူငယ်ချင်းများက
အမှတ်တရလေးတစ်ခုခုရေးစေချင်သည်။
ကျွန်တော်
ဘာရေးရမှန်းမသိ။ဘာလိုလိုဖြင့်(၂၉ -၀ရ
-၂၀၁၀)နေ့ဆိုလျှင်ပဲ ကျွန်တော့်အသက် ( ၄၃
)နှစ်တင်း
တင်းပြည့်လေတော့မည်။
ကျွန်တော် " ဘာတွေရေးရမလဲ " စဉ်းစားနေမိသည်။
အကောင်းဆုံးကတော့ကျွန်တော်ရေးချင်မိသည်က
ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းများ
အကြောင်းပဲရေးဖို့
ဆုံးဖြတ်လိုက်သည်လေ။
ကျွန်တော့်အကြောင်း
တစ်စိတ်တစ်ဒေသလေးကိုတော့
ဦးစွာပြောပြချင်မိသေးသည်။ ကျွန်တော်
ဖြတ်သန်းကျင်လည်ခဲ့ရသော
အလုပ်များပါ။ကျောင်းသားဘဝများ
ဖြတ်သန်းကျော်လွန်းပြီးသည့် အချိန်တွင်
မူလတန်းကျောင်းဆရာလေးဘဝ၊ ဒီတုန်းက
ကလေးမြို့၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ၊
အခြေခံမူလတန်းကျောင်း၊
အမှတ်(၁၁)ကလေးမြို့ပါ။ ထိုကျောင်းကလေးကို
ယူနီဆက် အကူအညီဖြင့်
ဖွင့်လှစ်ထားနိုင်ခဲ့ခြင်းဖြစ်သဖြင့်
ကျောင်းကလေးက သာယာလှပမှုသပ်ရပ်မှုလေးရှိသည်။
ဆရာ၊ဆရာမပေါင်း (၁၁)ယောက်ရှိပြီး
ကျောင်းအုပ်ဆရာက(၁)ယောက်၊ စုစုပေါင်း
(၁၂)ယောက်ရှိသည်။
ဒီဘဝကလေးကိုလည်း ကျွန်တော်ပျော်ခဲ့ရသည်။
အားလပ်သည့်အချိန်များတွင် ကဗျာရေးခြင်း၊
စာဖတ်ခြင်း၊
ဝတ္တုတိုများရေးခြင်းဖြင့်သူငယ်ချင်းဆရာမများကို
ရေးပြီးစ စာမူလေးတွေကို ပေးဖတ်စေခဲ့ပြီး
နောက်ကြ၊စကြဖြင့် ကျောင်းဆရာဘဝလေးကို
ကလေးများထံပါးဝယ်
ယာယီပေးဆပ်ပျော်ရွှင်ကြည်နုးခဲ့ဖူးရသည်ပဲ။
ယခုအချိန်တွေမှာတော့ တစ်ခါတစ်ရံ
ကလေးတွေကိုတမ်းတရင်း သူတို့လေးတွေ
ဘယ်ဆီမှာ...၊ ဘာတွေဖြစ်ပြီး၊ ဘာတွေများ
လုပ်ကိုင်စားသောက်နေကြပါလိမ့် လို့
အတွေးရောက်ရင်း လုပ်ဖေါ်ကိုင်ဖက်
ဆရာ၊ဆရာမများကို ရိုးသားစွာလွမ်းရပါသည်။
နောက်တော့ မိဘများဆန္ဒအရ မြန်မာ့မီးရထား၊
ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်းတွင်
အငယ်တန်းအင်္ဂျင်နီယာဘဝလေးဖြင့်
မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းတွင်
အလုပ်ပြောင်းလုပ်ခဲ့ရပြန်သည်။
သူငယ်ချင်းများ ရထားလမ်းဖေါက်လုပ်ရေးတွင်
အတူတကွပင်ပမ်းကြ၊ အတူတကွ သောက်ကြ၊
ပျော်ကြတာတွေနဲ့အချိန်တွေ
ပေးဆပ်ခဲ့ရပြန်သည်။ စီမံကိန်းက
ဂန့်ဂေါလမ်းပိုင်းမို့ ငှက်ဖျားပေါပြီး
ငှက်ဖျားဖြစ်ခဲ့ရသည်။
ငှက်ဖျားဖြစ်တော့ သူငယ်ချင်းတွေရော၊
မိဘတွေပါဆေးရုံရောက်လာပြီး
အလုပ်တွေရှုပ်ခဲ့ရသည်။
ငှက်ဖျားကြောင့်ပါပဲ အမေက
အလုပ်ကထွက်ခိုင်းခဲ့တော့ သူငယ်ချင်းတွေက
မထွက်စေချင်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ်မိဘ
စကားမို့အလုပ်ကထွက်ဖို့ဆုံးဖြတ်ခဲ့၏။
စီမံကိန်းမှာ ပြောမနာဆိုမနာ အော်ကြဟစ်ကြ၊
ပြီး .. စိတ်မဆိုးပဲပြန်ခေါ်တတ်ကြတဲ့
သူငယ်ချင်းတွေကို ခုနေမှာ
ရိုးရိုးလေးတမ်းတနေတတ်သည်။သူတို့တွေ
ဘယ်ဆီမှာများ ဘာတွေလုပ်နေကြသည်လဲ။
အဆင်ရောပြေကြပါရဲ့လားလို့ .....။
တစ်ခါတစ်လေကြပြန်တော့
အမှုမဲ့အမှတ်မထင်လမ်းမှာ တစ်ချို့သော
သူငယ်ချင်းများနဲ့ ဆုံတွေ့တတ်ပြန်သည်။
ဒါပေသည့် အေးအေးဆေးဆေးတော့
တွေ့ရခြင်းမျိုးများမဖြစ်ခဲ့၊ "နောက်မှ
တို့ အေးအေးဆေးဆေး ဆုံကြရအောင်ကွာ..."
လို့ပြောပြီး လက်ဖက်ရည်ဆိုင်ကပင်
လမ်းခွဲရပြန်သည်။
အခုတော့
သူငယ်ချင်းတွေဘယ်ဆီမှာများရောက်နေကြပြီလဲ
ကျွန်တော်မသိပါချေ။
ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတော့
နိုင်ငံခြားအလုပ်ထွက်လုပ်ဖို့
ကျွန်တော်ကြိုးစားနေမိပြန်သည်။
လွယ်လွယ်နဲ့တော့မဖြစ်၊
အစစအရာရာကြိုးစားရပြန်သည်။
သိကျွမ်းနားလည်သည့် သူငယ်ချင်းတွေဆီ
ချဉ်းကပ်ရပြန်သည်။
ရောက်ဖူးသော၊သွားနေကြဖြစ်သော
သူငယ်ချင်းတွေဆီ မေးရပြန်သည်။ သွားချင်တာက
စင်္ကာပူလေ၊
စင်္ကာပူနိုင်ငံမှာရောက်နှင့်နေကြသည်
့သူငယ်ချင်းများဆီ အကူအညီတောင်းရပြန်သည်။
ဒီလိုနဲ့ ပင် စင်္ကာပူရောက်ဖြစ်သွားသည်။
သူငယ်ချင်းတွေ လေဆိပ်လာကြိုတော့
အားတတ်ရသည်လေ။ ရောက်စမို့
သူတို့တွေအစီအစဉ်ဖြင့် နေရသည်မှာ
အစဉ်ပြေလှသည်။ အလုပ်ကဟိုတယ်မှာ၊
လျှပ်စစ်ပိုင်းဆိုင်ရာ
ပြုပြင်ထိမ်းသိမ်းရသည့်အလုပ်ပါ။ အလုပ်က
ပြည်ပအကျိုးဆောင်ဆီကကြိုရခဲ့သည့်မို့
နောက်တစ်ရက် ဟိုတယ်ကိုသွားပြီးသတင်းပို့၊
၊ဆေးစစ်ရန်လုပ်ရသည်။ ပြီးတော့
ဆေးစစ်ချက်ရမှသာ အလုပ်ဖြင့်နေထိုင်ခွင့်
ပါမစ်ရသည်မို့ အမ်အိုအမ်ရုံးမှာ
ပါမစ်ကဒ်ထုတ်ရသည်လေ။
နောက်တစ်ရက်မှာတော့
အလုပ်ဝင်မည့်ဟိုတယ်ရှိရာသို့ ပြောင်းရွှေ
့ခဲ့ရတော့သည်။
ဒါကတော့ စင်္ကာပူမှာ ( ၂ ) နှစ်ပါ။
သူငယ်ချင်းတွေအများအပြားနှင့်
ဆုံတွေခဲ့ရပြီး အတူတူလုပ်ခဲ့ရသည့်
သူငယ်ချင်းများကိုလည်း
မမေ့မပျောက်ရှိနေဆဲပါလေ...။
နောက် ကာတာနိုင်ငံ၊ဒိုဟာမြို့မှာပါ......။
တကယ့်ကိုကြီးမားတဲ့ ဒိုဟာမြို့မှာရှိတဲ့
အားကစားရွာကြီးထဲမှာ တို့မြန်မာတွေ
(၃၈)ယောက်နဲ့
ပြုပြင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကို
တာဝန်ယူဖို့ စတယ်လို့ပြောလို့ရတဲ့
ပရော့ဂျက်ကြီးပါ။ တစ်ခြားနိုင်ငံသားတွေ
ရောက်လာဖို့မရှိသေးတဲ့အချိန်မှာပဲ
ဒီပရော့ဂျက်ကြီးကို မြန်မာတွေ
အမှားနည်းစွာနဲ့
လက်စွမ်းပြခဲ့ကြပါတယ်။အကျယ်အဝန်းအားဖြင့်
ဒီအားကစားရွာကြီးဟာ
(၁၀)မိုင်ပါတ်လည်ရှိပါတယ်။ သူငယ်ချင်းတွေ
တော်တော်ညီညွတ်ကြတာကို
မမေ့မလျော့နိုင်အောင်ပါပဲလေ....။
ဒီလိုနဲ့သူငယ်ချင်းတွေ
အလုပ်ကထွက်ခွင့်ပြုတဲ့အချိန်မှာပဲ
နိုင်ငံပြောင်းရွှေ့လုပ်ကိုင်ကြမယ့်
သူငယ်ချင်းတွေက
ထွက်စာတင်ခဲ့ကြပါတော့တယ်။ဒီသူတွေထဲမှာ
ကျွန်တော်လည်း တစ်ယောက်အပါအဝင်ပါ။
ဒိုဟာမြို့လေဆိပ်အထိ
ကျန်တဲ့သူငယ်ချင်းတွေက အားလုံးလိုလို
လိုက်ပို့ပေးကြတာကိုလည်း မမေ့နိုင်စရာပါ။
ဒီိလိုနဲ့ ..တို့သူငယ်ချင်းတွေ ၊ဒိုဟာမြို့၊
ကာတာနိုင်ငံမှာ
လုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့
ဝေးခဲ့ကြပြန်ပြီနော်....။
ခု....ကျွန်တော်
ဆော်ဒီအာရေဗီးယားနိုင်ငံမှာ.....
ပြောရရင်တော့ ဒီနှစ်မွေးနေ့
(၄၃)နှစ်အပြည့်မှာပါ။ လာမယ့်နှစ်ကာလမှာတော့
ဆက်လုပ်မယ့် သူငယ်ချင်းတွေနဲ့ပြန်ပြီး
တစ်ခြားနိုင်ငံပြောင်းလုပ်ကြအုံးမယ့်
သူငယ်ချင်းတွေခွဲရဦးမှာလားနော်။
ဒီလိုနဲ့ တို့သူငယ်ချင်းတွေ
ဝေးသွားကြမယ်ဆိုပါလျှင်.........။
တစ်ချိန်ကိုမျှော်လင့်ပါရစေနော်...။
သူငယ်ချင်းတွေ၊ သူငယ်ချင်းဆိုတာ...
အပြင်မှာဆုံတွေ့ခဲ့ကြရတဲ့
သူငယ်ချင်းတွေဟာလည်း
သူငယ်ချင်းတွေဖြစ်ခဲ့ရသလို၊
နှစ်များစွာတွေ့ခဲ့ရတဲ့ အွန်လိုင်းပေါ်က
သူငယ်ချင်းများဟာလည်း
ကျွန်တော့်ရဲ့သူငယ်ချင်းတွေပါနော်။
ကျွန်တော်ရဲ့စိတ်ကူးက တစ်နေ့မှာ
ဒီသူငယ်ချင်းတွေအားလုံး ခြံကျယ်ကြီးထဲမှာ
အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးပြီး
ပျော်ပွဲရွှင်ပွဲလေးနဲ့
ပျော်ပျော်ရွှင်ရွှင်ရင်းရင်းနှီးနှီးဆုံတွေ့ချင်ပါရဲ့။
ဘယ်နှစ်ကြိမ်မြောက်မွေးနေ့မှာ
ဒီလိုမျိုးလေးကျင်းပပေးနိုင်ပမလဲလေ။
မျှော်လင့်ပါရစေ ။
ဒီလိုတွေ့ဆုံမှုမျိုးလေးနဲ့ ဒီနေရာလေးမှာ
ကျွန်တော်ဖြုန်းကနဲ
လဲကျသေဆုံးသွားရင်တောင် ပျော်နေမှာပါ။
အဲ့ဒီမွေးနေ့ပွဲကလေးကို
ကျွန်တော်အကယ်လို့များ
ဖြစ်မြောက်အောင်လုပ်ဖြစ်ခဲ့ရင်
အားလုံးကိုဖိတ်ပါ့မယ်။ လာကြပေးပါနော်.....။
လင်း...