(Source:
http://www.lucknet.com/Horoscope_news/uploaded_images/psychic-reading-700991.jpg)
မြန်မာမှု ပြုရရင်ဖြင့် “သွေးအေး
စိတ်ဖတ်နည်းစနစ်” လို့ ဆိုရမယ့် Psychic Cold Reading ကို
အနောက်တိုင်းမှာ အကြားအမြင်သမားတွေ၊ သရဲ၊
တစ္ဆေတွေ၊ ပရလောကက ဝိဉာဉ်တွေနဲ့ ဆက်သွယ်လို့
ရတယ်ဆိုတဲ့ ပညာရှင်တွေက အသုံးပြုကြပါတယ်။
ဒီနည်းကို အသုံးပြုပြီး သူတို့တွေ လိမ်လည်
လှည့်ဖြားနေကြတာပါ။ ကျွန်တော့်ရဲ့
အရင်ပို့စ်တစ်ခု ဖြစ်တဲ့
“စိတ်နယ်လွန်
စိတ်စွမ်းအားကမ္ဘာ” ဆိုတဲ့ ပို့စ်မှာ
အဲဒီလို လိမ်စားနေတဲ့ လူတွေအကြောင်းကို
အရိပ်အမြွက်လောက် ရေးသားခဲ့ဖူးပါတယ်။ ခု
နောက်ထပ် ဗီဒီယို တစ်ခုလောက်
ကြည့်ကြရအောင်လား။
အောက်က ဗီဒီယိုထဲမှာ ပါတဲ့ ကာရိုးလ်
ဆိုသူနဲ့ သူမရဲ့ လက်ထောက် စတီဗင်တို့ဟာ
ပရလောကသားတွေနဲ့ ဆက်သွယ်နိုင်တဲ့အပြင်
သေဆုံးသွားသူရဲ့ ပန်းချီပုံကိုပါ
ရေးဆွဲပြနိုင်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုကို
ကြည့်တော့ ဗီဒီယိုထက် ဗီဒီယိုရဲ့ အောက်ကနေ
ပေါ်ပေါ်လာတဲ့ မှတ်ချက် စာတန်းလေးတွေက
ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
(Source: http://www.youtube.com/watch?v=kD163h4mKQA)
ပထမဆုံး သူတို့နှစ်ယောက်ကို စင်တင်တဲ့
သံသယဝင်သူ မျက်လှည့်ဆရာကြီး James Randi က
ပွဲဦးထွက် မိတ်ဆက်စကားပြောပါတယ်။
ပြီးတာနဲ့ ကာရိုးလ်ဆိုတဲ့ အဖွားကြီးက
သူ့ရှေ့က အယောက် ၅၀ ကျော်လောက် ရှိတဲ့
လူအုပ်ကြီးကို...
“သူမဟာ
ပရလောကက တစ်ယောက်ယောက်ရဲ့ ပုံတူပန်းချီကို
ဆွဲပြမှာဖြစ်ပြီး၊ စတီဗင် ဆိုတဲ့လူက
အဲဒီဝိဉာဉ်ကိုပဲ ဆက်သွယ်ပါမယ်၊ တကယ်လို့
အဲဒီပုံဟာ ခင်ဗျားတို့နဲ့ တစ်နည်းနည်း
ပတ်သက်တယ်ဆိုရင် မတ်တပ်ရပ်သည်ဖြစ်စေ၊
လက်ထောင်၍ဖြစ်စေ ပြောပါ” လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ မှတ်ချက်စာတန်းလေး
ပေါ်လာပါတယ်...
Note that she states that both of them will be in contact with ‘the same spirit’.
သူတို့နှစ်ယောက်စလုံးဟာ သူညီတဲ့
ဝိဉာဉ်တစ်ခုတည်းကို ဆက်သွယ်မှာ
ဖြစ်ပါတယ်။
ပြီးတာနဲ့ ကာရိုးလ်က...
“ကျွန်မစိတ်ထဲမှာ အခု သိသိသာသာ
အမျိုးသမီးကြီးတစ်ယောက်ရဲ့ ပုံပေါ်လာပါတယ်။
အသက်ရှုရပ်ပြီး သေသွားတဲ့
အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်” လို့
ဆိုပါတယ်။ အဲဒီမှာပဲ ဗီဒီယိုအောက်က
စာတန်းလေးက...
Just about everyone knows or has known an elderly person with a condition
causing shortness of breath.
အသက်ကြီးတဲ့လူတွေ အသက်ရှုရပ်ပြီး သေတယ်ဆိုတာ
လူတိုင်းနီးပါး သိတာပါပဲလေ။
ပြီးတော့ ဆက်ပြောပြန်တယ်...
“မျှော်လင့်ရတာ အဲဒီအမျိုးသမီးဟာ Chest or Heart
Condition ဆိုတဲ့ ရင်ဘတ်နဲ့ နှလုံးတဝိုက်မှာ
ပြဿနာဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်” လို့
ဆိုပါတယ်။ အဲဒီမှာပဲ စာတန်းထိုးက
ဘာပြောလဲဆိုတော့...
Most psychics use the ‘chest or heart condition’ line. Deaths from
various heart and chest problems are among the most common. It’s almost impossible for the psychic to miss.
အကြားအမြင်သမား အများစုက နှလုံးနဲ့
ရင်ဘတ်မှာ ရောဂါရှိတယ်လို့ ဆိုတတ်ကြတယ်။
အဲလို သေဆုံးမှုကလည်း
အတွေ့ရအများဆုံးဖြစ်လို့ပါ။ ဒီအချက်က
အကြားအမြင်သမားတွေ ဘယ်လိုမှ ချန်ခဲ့ဖို့
မဖြစ်နိုင်ပါဘူး။
ကာရိုးလ်က ပုံကို ဆက်ဆွဲပြန်တယ်။
ဆွဲရင်းနဲ့ ပြောတာက... “
ဒီအမျိုးသမီးဟာ လှပထူထဲတဲ့ ဆံပင်တွေ
ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ပါးလျတဲ့
ဆံပင်တွေကိုသာ ကျွန်မခံစားရပါတယ်” လို့
ဆိုပါတယ်။ ဗီဒီယိုအောက်က မှတ်ချက်ကတော့...
Thinning hair in an old age is very common.
အိုမင်းမစွမ်းတဲ့အခါ ဆံပင်ပါးတာက
ဖြစ်လေ့ဖြစ်ထပါပဲ။
ဒီတစ်ခါမှာတော့ ကာရိုးလ်က
“စတီဗင် ခင်ဗျားတစ်ခုခု
ဆက်သွယ်မိနေပြီလား” ဆိုပြီး
စတီဗင်ဆိုတဲ့ လူဆီကို လွှဲလိုက်ပါတယ်။
အဲဒီအခါမှာ စတီဗင်က... “
ဒါ
တစ်ယောက်ယောက်နဲ့ မသက်ဆိုင်ဘူးလို့
ကျွန်တော်မထင်ဘူး... ကျွန်တော် ဘတ်တလာ (BUTLER)
ဆိုတဲ့ နာမည်ကို ကြားနေရတယ်” လို့
ဆိုပါတယ်။ ဗီဒီယိုအောက်က စာတန်းကတော့...
The medium now switches from ‘the same spirit’ to the two separate
spirits (a man and woman), doubling the chances of success.
အခုဆိုရင် အကြားအမြင်ရတဲ့လူဟာ
ဝိဉာဉ်တစ်ခုကနေ နှစ်ခု (ယောက်ျားနဲ့ မိန်းမ)
ကို ခွဲထုတ်လိုက်ပါတယ်။ အောင်မြင်ဖို့
အခွင့်အလမ်းကို ၂ ဆတိုးလိုက်တာပါ။
စတီဗင်က ဆက်ပြောပါတယ်...
“အခု
ရှိနေတဲ့ လူအုပ်ထဲမှာ ဘတ်တလာဆိုတဲ့
နာမည်နဲ့ ပတ်သက်တဲ့လူပါရင် အသံလေးများ
ကြားပါရစေ” လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ
ပရိသတ်ထဲက လူငယ်တစ်ယောက်က သူ့နာမည်မှာ
ဘတ်တလာ ပါတယ်လို့ ဆိုပါတယ်။ အဲဒီတော့
စတီဗင်က...
“ဒါဆိုရင်
တခြားဘဝကနေ လှမ်းခေါ်နေတဲ့ ဝီလီယျံ
ဘတ်တလာဆိုတာ ဘယ်သူလဲဗျ” လို့ ဆိုတယ်။
အဲဒီမှာ ဗီဒီယိုအောက်ခြေမှာ ပေါ်လာတာကတော့...
The psychic now throws out a ‘hook” (in this case, the name William
Butler). Hoping someone in the audience will bite.
အကြားအမြင်ဆရာဟာ ချိတ်နဲ့
လှမ်းချိတ်လိုက်တာပါ။ (ဒီမှာတော့ ဝီလီယျံ
ဘတ်တလာပေါ့) ပရိသတ်ထဲက တစ်ယောက်ယောက်များ
ငြိသွားလေမလားဆိုပြီး။
စတီဗင်က ဆက်ပါတယ်...
“ဝီလီယျံလို့ လူတွေသိထားတဲ့တစ်ယောက်
သေသွားတယ်... ခင်ဗျားအဲဒီနာမည်ကို
ကြားဖူးသလားဆိုတာ ကျွန်တော်မသိဘူး...”
လို့ ဆိုပါတယ်။ စတီဗင်က အဲလို မေးပေမယ့်...
ဟိုဘတ်တလာနာမည်နဲ့ လူက
“ဆောရီး၊ ကျွန်တော်မသိပါဘူး...” လို့
ဆိုတော့ ကားရိုးလ်က ပုံဆွဲနေရာကနေ
လှည့်ပြီး...
“အဲလိုကြီး
ပုံသေကြီး မသတ်မှတ်ထားပါနဲ့... ခင်ဗျား
ဘာလုပ်လုပ်ပေါ့...” ဆိုပြီး မဆီမဆိုင်
ဟောက်စား လုပ်ပါတယ်။ ဗီဒီယို စာတန်းက...
William was one of the most common British men’s names of the 20th
century. The other names are James, John, Thomas and George.
ဝီလီယျံဆိုတာ ၂၀ ရာစု
အင်္ဂလန်မှာ ယောက်ျားအများစု
ပေးလေ့ပေးထရှိတဲ့ နာမည်ပါ။ တခြား
တွေ့လေ့ရှိတာတွေက ဂျိမ်းစ်၊ ဂျွန်၊
သောမတ်စ်နဲ့ ဂျော့ခ်ျ တို့ပါပဲ။
အဲဒီအချိန်မှာပဲ ဘတ်တလာဆိုတဲ့ ကောင်လေး
အပေါ်မှာ ထိုင်နေတဲ့ လူကြီးတစ်ယောက်က
လက်ထောင်တဲ့အတွက် စတီဗင်က...
“ဟုတ်ကဲ့ ဆရာသမား... နှလုံးပြဿနာဖြစ်ပြီး
သေသွားတဲ့ မမျှော်လင့်ဘဲ သေသွားတဲ့
မိန်းမတစ်ယောက်နဲ့ ခင်ဗျားနဲ့များ
ပတ်သက်နေလို့လားခင်ဗျာ... သူမဟာ အေးအေးသက်သာ
သေသွားခဲ့ပါတယ်... ပြီးတော့ အဖျားလည်း
အနည်းငယ် ရှိခဲ့ပါတယ်။ သူမဟာ စစ်ပွဲနဲ့
ပတ်သက်တဲ့ အမှတ်တရတွေကို ဒီနေရာကို
ပြန်ယူလာပါတယ်...” လို့ ဆိုပါတယ်။ ဒီမှာပဲ
ဗီဒီယို စာတန်းထိုးက...
Almost any British woman of that age and time of death would have memories of the
war years.
အဲဒီအရွယ်မှာ သေတဲ့ ဗြိတိသျှ
အမျိုးသမီး အားလုံးနီးပါးမှာ စစ်ပွဲနဲ့
ပတ်သက်တဲ့ အမှတ်ရစရာ၊ အဖြစ်အပျက်တွေ
ရှိနေပါတယ်။
အဲဒီမှာ လက်ထောင်တဲ့ အဖိုးကြီးက
ဂျင်ဘရိုင်း လို့ ခေါ်ပြီး သူဟာလည်း
အကြားအမြင်သမား တစ်ယောက် ဖြစ်ပါတယ်ဆိုတာကို
စာတန်းထိုးက ပြပါတယ်။ ဂျင်ဘရိုင်းက...
“ဝီလီယျံလို့ ခေါ်တဲ့လူကို
ကျွန်တော်သိပါတယ်။ သူ့မိန်းမက မထင်မှတ်ဘဲ
သေသွားခဲ့ပါတယ်။ ဒါပေမယ့်
ဒီပန်းချီပုံထဲမှာ ဆွဲပြနေတဲ့ မိန်းမတော့
မဟုတ်ပါဘူး...” လို့ ပြောပါတယ်။
အဲဒီမှာ စတီဗင်က ချက်ချင်းပဲ...
“ဒီပုံက ခင်ဗျားသိတဲ့ အမျိုးသမီးနဲ့
မကိုက်ဘူးဟုတ်လား။ ရပါတယ်။ တစ်ခါတလေ
ကျွန်တော်တို့ ဒီလိုပဲ လုပ်ဆောင်တာပါ...”
လို့ ဆိုပါတယ်။ အဲဒီမှာပဲ ဗီဒီယို
စာတန်းထိုးက...
The psychics have scored a hit with the name William Butler, but the picture
has missed. They now try to explain away the failure with various rationalizations.
အကြားအမြင်သမားတွေက ဝီလီယျံ
ဘတ်တလာဆိုတာကိုတော့
ကံကောင်းပြီးမှန်သွားပါတယ်။ ဒါပေမယ့်
ပန်းချီပုံကတော့ မှားနေပါတယ်။ ဒီတော့
သူတို့ အမှားကို ဆင်ခြေတွေ
အမျိုးမျိုးပေးပြီး
ရှင်းပြနေပါတော့တယ်။
စတီဗင်က...
“အဲဒီပုံက ဘယ်လိုမှ
မပတ်သက်ဘူးဟုတ်လား... အင်း မကြာခင်မှာ...
အဲဒီနှစ်ခု သက်ဆိုင်မှုကို တွေ့မှာပါ...
ကျွန်တော်တို့ တတ်နိုင်ရင်ပေါ့...
ကျွန်တော်တို့မှာက အင်မတန်မှ ခက်ခဲတဲ့
အခြေအနေအောက်မှာ မို့လို့ပါ။ ကျွန်တော်တို့
အစွမ်းကုန် ကြိုးစားကြည့်ပါဦးမယ်...” လို့
ဆိုပြန်တယ်။
ကားရိုးလ်က တစ်ယောက်ယောက်နဲ့ ဆက်သွယ်သလို
ခေါင်းတဆတ်ဆတ်နဲ့ လုပ်နေပါတယ်။ အဲဒီမှာ
စတီဗင်က...
“ကျွန်တော်တို့
ပုံမှန်လုပ်နေကျကတော့ ပရလောကသားနဲ့
ဆက်သွယ်ပြီး နာမည်ရဖို့ အဓိက လုပ်တာပါ...
ဒီဆွဲထားတဲ့ပုံနဲ့ ခုတော့ ဘာမှ
မသက်ဆိုင်ဘူးလို့ မြင်ရပေမယ့်... အဲဒါကို
ပြန်ယူပြီး ဆက်စပ်ကြည့်မယ်ဆိုရင်
ဒီဓာတ်ပုံနဲ့
သက်ဆိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်...” လို့
ဆိုပါတယ်။ အဲဒီမှာပဲ ဗီဒီယို စာတန်းထိုးက
Knowing the reading has failed, he tries to end on a high note by
leaving things open-ended.
သူဖတ်ကြားတာ
မအောင်မြင်မှန်းသိတာနဲ့ စတီဗင်ဟာ
စကားလုံးအမြင့်ကြီးတွေ ပြောပြီး အဆုံးအစ
မရှိတဲ့ အချက်တွေကို ပြောချန်ဖို့
ကြိုးစားပါတော့တယ်။
ဆက်လက်ပြီး စတီဗင်က...
“ကျွန်တော် ခင်ဗျားကိုရော၊
ခုပရိသတ်တွေကိုရော၊ ရုပ်မြင်သံကြား
ဌာနကိုရော... ပြောချင်တာက ဒီပုံကို
ဆက်စပ်ကြည့်ဖို့ပါ... ဒီပုံကို ကြည့်ပြီး
ဒီအမျိုးသမီးကို အနည်းဆုံးတော့
ရှာဖွေကြည့်ပါ... ခင်ဗျားတို့ ဒါကို
လုပ်နိုင်မလား” လို့ ဆိုပါတယ်။ အဲဒီမှာ
ရုပ်သံဌာနကလို့ ထင်ပါတယ်... “
ဟုတ်ကဲ့၊ ကျွန်တော်တို့
ရှာဖွေကြည့်ပါမယ်...” လို့ ဆိုပါတယ်။
အဲဒီအချိန်မှာပဲ လက်ခုပ်သံတွေနဲ့အတူ
သံသယသမားကြီး ဂျိမ်းရန်ဒီပေါ်လာပါတော့တယ်။
ကားရိုးလ်နဲ့ စတီဗင်တို့
မျက်နှာပျက်သွားတာကို ဗီဒီယိုထဲမှာ
တွေ့နိုင်ပါတယ်။ ဂျိမ်းရန်ဒီက...
“ကားရိုးလ်က သူမဆွဲမယ့် ပုံဟာ
ခုတက်ရောက်လာတဲ့ ပရိသတ်ထဲက
တစ်ယောက်ယောက်နဲ့ သက်ဆိုင်ပါလိမ့်မယ် လို့
ပြောခဲ့ပါတယ်။ ဒါကြောင့် အခုတက်ရောက်လာတဲ့
ပရိသတ်ထဲမှာ ဒီဓာတ်ပုံနဲ့ သက်ဆိုင်သူ
တစ်ယောက်ယောက်များ ရှိပါသလား... တကယ်လို့
ဒီမျက်နှာကို မှတ်မိတယ်ဆိုရင်
ထောက်ခံချက်တစ်ခုခုလောက် ပြောပါ...” လို့
မေးပါတယ်။
အဲဒီမှာပဲ လူတွေရဲ့ အဖြေရတော့
ဂျိမ်းစ်ရန်ဒီက...
“ကောင်းပြီလေ... ကားရိုးလ်း... လူ ၁၀ ယောက်က
ခင်ဗျားရဲ့ ပုံကို မှတ်မိတယ်လို့ ဆိုတယ်။
တကယ်တမ်းက တစ်ယောက်တည်းနဲ့ပဲ
သက်ဆိုင်ရမှာဖြစ်တယ်လေ။ ဒါကြောင့်
ခင်ဗျားဆွဲတဲ့ပုံဟာ သိပ်မတိကျဘူးလို့
ဆိုချင်ပါတယ်... ကားရိုးလ်နဲ့ စတီဗင်ကိုလည်း
ကျေးဇူးတင်ပါတယ်...” လို့ ပြောပြီး
နိဂုံးချုပ်လိုက်ပါတော့တယ်။
အခု အဖြစ်အပျက်ဟာ သိပ္ပံပညာတွေ၊
တိုင်းတာစရာတွေ လက်တစ်ကမ်းမှာ ရှိနေတဲ့
အနောက်နိုင်ငံမှာပါ။ ဒီလို စနစ်တကျ
ကင်မရာတွေနဲ့ ရိုက်ပြီးတော့ စစ်ဆေး၊
မှတ်ကျောက်တင်မယ်လို့ ပြောတာတောင်
အကြားအမြင်ရတယ်၊ ပရလောကနဲ့
ဆက်သွယ်နိုင်တယ်ဆိုတဲ့ လူလိမ်တွေ၊
ရိုက်စားတွေက နောက်မတွန့်သွားပါဘူး။
ပရိသတ်များစွာရှေ့ကနေ အရှက်မရှိ
တီဗွီချန်နယ်ပေါ်အထိ ခပ်တည်တည် မှင်သေသေနဲ့
လုပ်စားနေတုန်းပါပဲ။
မြန်မာပြည်မှာတော့ ဒါမျိုးကို
အကြားအမြင်ပေါက်တဲလူတွေ၊ ဘိုးတော်လို့
အမည်ခံထားတဲ့လူတွေ၊ နတ်ဝင်သည်တွေ၊
ပရလောကနဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့လူတွေ...
စတဲ့ လူလိမ်၊ လူညာ တွေက အသုံးချနေကြပါတယ်။
မသိနားမလည်တဲ့လူတွေ၊ ပညာနည်းတဲ့လူတွေ၊
ကြောက်ရွံ့အားငယ်တတ်တဲ့ လူတွေကို
လှိမ့်လုံးတွေ၊ ဖိန့်လုံးတွေနဲ့ အထက်က
အမိန့်လိုလို၊ သိုက်ကပဲ
ခိုင်းလိုက်သလိုလို၊ ဆရာသခင်တွေကပဲ
ညွှန်ကြားသလိုလိုနဲ့ လိမ်ညာနေခဲ့၊
လိမ်ညာနေဆဲပါပဲ။ တခါတခါ ခေတ်ပညာတတ်ဆိုတဲ့
လူတွေတောင် တအံ့တသြနဲ့ ဒါဟာဖြင့်
သိပ္ပံပေတံနဲ့ တိုင်းတာလို့
လိုက်မမီဘူဆိုတဲ့ မှိုင်းလုံးတွေ မိပြီး
ယုံကြည်နေကြတာလည်း ရှိပါသေးတယ်။
သူတို့က အကြားအမြင်
ရတယ်ဆိုရင်ဖြင့် ကျွန်တော်တို့တတွေက
မကြားမမြင်တွေလို ဖြစ်ကုန်ကြတော့မှာလား။
တကယ်တော့ မဟုတ်ပါဘူး။ လူတိုင်း ကြားပါတယ်၊
မြင်ပါတယ်။ ဘယ်သူ့ဘယ်သူမှ ကျွန်တော်တို့ထက်
ပိုပြီး ထူးချွန်၊ ထူးခြားနေတာ မဟုတ်ပါဘူး။
တကယ်တော့ အကြားအမြင်တွေ၊
စိတ်နယ်လွန်သမားတွေ အသုံးချနေတာဟာ “သွေးအေး
စိတ်ဖတ်နည်း” ဆိုတဲ့ “Psychic Cold Reading” ပဲ ဖြစ်ပါတယ်။
Cold Reading Technique ကို သိရင်ဖြင့် သင်လည်း
အကြားအမြင်သမားတွေ ဘယ်လို ရိုက်စားနေတယ်
ဆိုတာကို ခပ်ပြုံးပြုံးနဲ့
လေ့လာနိုင်ပါလိမ့်မယ်။
အဆင်ပြေမည်ဟု
မျှော်လင့်ယုံကြည်လျက်
အုပ်စိုး