ပြင်းထန်တောက်လောင်နေတဲ့
ကျွန်တော့်ခံစားချက်မီးတွေ
ချုပ်ငြိမ်းဖို့ရာ...
မ..တစ်ခါတစ်ရံသာ ကျွန်တော်အကြည့်တွေ
ရှေ့ကို
တိုးထွက်လာတဲ့ မရဲ့ အပြုံးတွေဟာ
သီတာရေအလား အေးမြလှပါတယ်.မ။
မအပြုံးတွေ အမြဲတမ်းဖူးပွင့်နေအောင်
အသက်သွင်းပေးချင်တဲ့
ကျွန်တော်ဆန္ဒတွေက ပူလောင်ခြောက်သွေ့
ကွဲအက်နေတဲ့ ကျွန်တော်ညတွေအတွက်
အိုအေစစ်အလား တည်ရှိနေတတ်ပါတယ်။
အမှတ်တမဲ့ထိတွေ့မှုတွေဟာလည်း
တခါတလေ အတွေးလေလွင့်နေချိန်ဆို
ပီတိမိုးတွေ ရွာစေပါတယ်..
ဒါပေမဲ့..................
ဟူး..မသိပါဘူးဗျာ..
ဟား..ဇာတ်လမ်းအဆုံးထိ စိတ်ကူးနဲ့
ရူးရမယ့် အဖြစ်မျိုးလား..
နာကျင်စရာဥပေက္ခောအကြည့်တွေနဲ့
စိမ်းကားစွာ ဆက်ဆံနေပေမဲ့
အလိုအလျောက်ပေါ်ထွက်လာတဲ့
ခွင့်လွှတ်ခြင်းတွေက အပြုံးတွေနဲ့
တုံ့ပြန်အောင် ဖန်ဆင်းပေးတယ်။။
ကဲ..ဇာတ်လမ်းလေးမပြီးခင်အထိတော့
ဇာတ်ဆရာအလိုကျ ဆက်ကပါ
အတွေးများနဲ့ အရူးတစ်ယောက်လိုနေပိါ။
တကယ်လို့ ဇာတ်ဆရာသာ မ ဖြစ်ခဲ့မယ်ဆိုရင်
အပြင်မှာ ဖြစ်နိုင်မယ်
မဖြစ်နိုင်မယ်မသိရတဲ့
ကျွန်တော်ဖန်တီးချင်တဲ့ ဇာတ်လမ်းအတွက်
အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
မရင်ခွင်ကို တိုးဝင်ပါရစေလား..
ခိုလှုံပါရစေလား..မရယ်..
ပြင်းပြင်းထန်ထန် လိုလားစွာ
တောင်းဆိုမှုပါ...မ