မာကလာပင်ပါယောင်းမတို့ရေ ။အခုတလော
အရမ်းအလုပ်များနေပါတယ်။အဲ့ဒီကြားထဲက
အလုပ်ကပေးတဲ့ဖိအားတွေ အားတဲ့အချိန်မှာလည်း
လေ့ကျင့်ခန်းလုပ် ပြီးတော့
သူများအချစ်ရေးပြသနာတွေကိုဝင်ရှင်းနဲ့(အင်း
တကယ်တော့လည်း ကိုယ်ဝင်ရှုပ်လို့ပြတ်သွားတဲ့
အတွဲတွေကများများ) နောက်ဆုံး
တာကာလည်း ငပွမကြီးကိုဖြစ်လို့။ ဪ ဒီကြားထဲ
မှာတောင်မှ
အကျိုးအကြောင်းသင့်လို့ ဘောင်းဘီခြွတ်ပြီး
စာရေးပေးလိုက်ပါတယ်ကွယ်။(
ဒီလိုရှိပါတယ် ဘောင်းဘီခြွတ်တယ်ဆိုတာက
ယောင်းမလေး ရှင်းရှင်းလင်းလင်းနဲ့
ဆိုလိုရင်းကို
မြန်မြန်သဘောပေါက်အောင်ပါကွယ်။) ဒါနဲ့
စကားမစပ်
ယောင်းမရဲ့ကိုကိုက
တော်တော်ပြောင်လာတာပဲနော်။ နောက်ဆို
ဆီစွတ်စရာမလိုတော့ဘူး။(နှဖူးပြောင်တာကိုပြောတာပါ
ယောင်းမရယ်) ဒါပဲ ဒါပဲ ရှေ့ပြောင် တာရယ်
နောက်ပြောင်တာရယ်ရတယ်
အောက်ပါပြောင်နေရင်တော့အခက်ပဲ။(ခြေသလုံးမွှေး
မရှိမှာကို စိတ်ပူတာပါ) ဒါပေမဲ့
အကုန်ချက်ပြီးသွားပါပြီ သိလိုက်ရတာက
ယောင်းမလေးရဲ့ကိုကို တာကာရဲ့ချစ်ချစ်
ကိုကိုခန့်ချောကြီးဟာ အမွှေးအပြည့်နဲ့
တာကာတို့ရဲ့ မမယာအကြိုက်
ကုလားဆင်လေးဖြစ်နေတယ်ကွယ်။( ကွိ ကွိ ကွိ
ငါ့နှယ်
အပြိုလေးတန်မဲ့ ဘာတွေပြောနေမိမှန်းမသိဘူး ။
ရှက်လိုက်တာနော။် ခဏလေးနော
်ယောင်းမ ရှက်လွန်းလို့ ယောင်းမရဲ့ကိုကို
ကိုခန့်ချောကြီးရဲ့ရင်ခွင်ထဲ
ခဏဝင်ပုန်းလိုက်အုံးမယ် ဟွင်း ဟွင်း ဟွင်း(
ကြာသံလေးဖြင့်ရယ်လိုက်ပါသည်။)
ဪ စကားမစပ် ဒီတခါ ဖောခြင်တဲ့အကြောင်းက
ဆေးနှင့်တူသောယောင်္ကျားများပါပဲကွယ်။ ေ
ယောင်္ကျားတစ်ယောက်က သေဆေးလို့ပြောခံရရင်
ဂုဏ်ယူလိုက်စမ်းပါ ယောင်းမရယ်။
ယောင်္ကျားအများစုဟာ မသေနိုင်လို့ပါ
တစ်ချို့ယောင်္ကျားက အစာအိမ်ဆေးနဲ့တူတယ်
ယောင်းမရေ
ယောင်းမလေးရဲ့ ဗိုက်ထဲမှာလွတ်လွတ်ကြီး
ဒါမှမဟုတ် အစာအိမ်အချဉ်ဓါတ်တွေများနေရင်
သူ့နဲ့ထမင်းအတူစားပါ ဒါပေမဲ့
တစ်သက်လုံးတော့ ထမင်းအတူမစားနဲ့နော်။(အဲ့
ဒီလို ယောင်္ကျားတွေက အလွယ်တကူ ဝတတ်တယ်ကွဲ့)
တစ်ချို့ယောင်္ကျားက
အကိုက်အခဲပျောက်ဆေးနဲ့တူတယ်။
သူက
ယောင်းမလေရဲ့အထီးကျန်နာကျင်တဲ့နေ့ရက်တွေကို
အတူတူဖြတ်သန်းပေးလိုက်မယ်။ ဒါပေမဲ့
ယောင်းမလေချစ်တာက သူမဟုတ်ပါဘူး….
ချစ်နိုင်ရင်
အကိုက်အခဲပျောက်ဆေးလိုအုံးမလား။
(ဥပမာ တာကာနဲ့ယောင်းမကိုကိုဆို နှစ်ဦးသား
ရှားရှားပါးပါးတွေ့ချိန်မှာ
နာကျင်ကိုက်ခဲချိန်တောင်မရဘူးကွယ် ကွိ ကွိ
ကွိ)
တစ်ချို့ယောင်္ကျားက
အအေးမိဖျားနာပျောက်ဆေးလိုပဲကွယ်။
ဆေးသောက်သောက်မသောက်သောက် အအေးမိတာက
သက်သာတာပဲ ဒါကြောင့်
ဒီလိုယောင်္ကျားမျိုးကတော့ ရှိရှိမရှိရှိ
ဘာထူးမှာလဲ။
တစ်ချို့ယောင်္ကျားက ပိန်ဆေး
နောက်ဆုံး မလျော့လို့မရတော့ဘူး ဆိုမှတော့….
ဘယ်သူကသူ့ကို ယူချင်မှာလဲ။
(ဒါနဲ့ စကားမစပ် တာကာတို့ရဲ့မမယာတောင်
အိမ်ထောင်ကြပြီး ဝိတ်တွေကြသွားတယ်နော်)
တစ်ချို့ယောင်္ကျားက တားဆေးလိုမျိုး
သူ့ကိုမသုံးတော့လဲ စိတ်မချရဘူး
သုံးပြန်တော့လည်း မကောင်းပြန်ဘူး။
ဒါကြောင့်သေဆေးသာအကောင်းဆုံးပါ ယောင်းမ ကို
စွဲလန်းစေမယ် မချစ်ရမနေနိုင်ပေါ့
သူကအဆိပ်ပါဆိုတာတောင်
ယောင်းမလေးကရှောင်လွဲနှိုင်မှာမဟုတ်ဘူး။
တစ်ချို့ယောင်္ကျားက ဗမာဆေးလိုပဲသိလား။
ချက်ချင်းရောဂါမသက်သာပေမဲ့ ကြာလေသိသာလေပဲ
ဆေးကမပြင်းတော့
သင့်အတွက်ဘေးမဖြစ်ဘူး…..လေ။အီးတော့
နည်းနည်းပေါက်လိမ့်မယ်နော် သတိထားအုံး။)
တစ်ချို့ယောင်္ကျားက ၀မ်းနှုတ်ဆေး
သူနဲ့သာဆိုရင်ယောင်းမလေးဘ၀ကမတွေးဝံ့စရာပဲ။(အကွဲ
အပြဲပေါ့နော်။ချစ်တော့လည်း သည်းခံပေါ့။)
အင်းနောက်ဆုံးတွေးမိတော့
ယောင်းမလေးရဲ့ကိုကို ကိုခန့်ချောကြီးကသာ
အကောင်းဆုံးပါကွယ်။ အဖော်တထုပ်လို
စိတ်ခြရ။ အားဆေးလို အားလည်းပေးတတ်သူ။
ရိုးလိုက်တာကလည်း ပါးစပ်ထဲ
လက်ထည့်ရင်တောင် မကိုက်တတ်ဘူး။
ငုံထားတာလေ။ ချစ်ဖို့ကောင်းပုံများ
ပြောပါတယ်။ ( နေလင်းသူရတို့
ဦးဇင်းညနေအုပ်စိုးတို့မင်းခန့်တို့
နဲ့များ တခြားစီ)ဟင်း ဟင်း
ကြုံတုန်းခြေလိုက်တာပါ။အင်း ဒီလိုဆို
ယောင်းမလေးလည်း ယောင်္ကျားတွေအကြောင်း
သိလောက်ပြီပေါ့။။ ကဲ ကဲ တာကာလည်း
အလုပ်များနေလို့ နားအုံးမယ်ကွယ်။
ချစ်တယ်နော် ။ အာဘွား
tarkarshi.sarko@gmail.com