ငယ်ငယ်တုန်းက
အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ကိုချစ်ခဲ့ဖူးတယ်
နောက်တော့ တစ်ယောက်ထဲ ကျွန်တော်
ကျန်ရစ်ခဲ့တယ်
အခုထိ ဘာလို့ အဲလိုထားခဲ့ရတာလဲဆိုတာ
မသိသေးပါ
သိပ်ဆင်းရဲလို့လား
ဟုတ်ချင်ဟုတ်မှာပေါ့နော်
မယုံ့တယုံ တွေတွေဝေဝေလေး ခပ်ငေးငေး။
ဆယ်တန်းအောင်ရင် တက်လို့ရတဲ့
ကျောင်းတစ်ကျောင်းမှာပညာသင်ခဲ့ဖူးတဲ့
ကျွန်တော်
အလုပ်လုပ်တော့လဲ လူတွေက ခပ်နှိမ်နှိမ်လေး
ဆက်ဆံကြတယ်
အခုထိ ဘာလို့ အဲလို ပြူမူကြတာလဲဆိုတာ
မသိသေးပါ
မိဘက ခပ်ကြီးကြီးတွေမဟုတ်လို့လား
ဘာလဲတော့မသိ
ဟုတ်မှဟုတ်ရဲ့လား လူ့သဘာဝဆိုတာလေ။
ဘဝတွေလဲ ဖြတ်သန်းခဲ့ဖူးပါပြီ
မမြင့်တမြင့်နေရာရောက်တော့လဲ
အောက်လူကလဲ
ကျွန်တော့ကို
ညာ . . . . . ။
အထက်လူကလဲ
ကျွန်တော့ကို
ညာ . . . . . ။
ကျွန်တော်ကလဲ
အထက်ကိုညာ
အောက်ကိုလဲညာ . . . . ။
နောက်ဆုံးတော့
လူတွေကပဲ ကျွန်တော့ကို
လူတွေကို မယုံကြည်အောင်
သင်ကြားပေးခဲ့ပါလားလို့လေ။