ကျွန်တော် စာပေနယ်ကိုဖြတ်သန်းစ ကာလ။
နယ်မြို့ကနေ ရန်ကုန်မြို့ ကိုရောက်တာနဲ
့အဝတ်အစားအိတ် အရင်အိမ်မှာချ၊ပြီးတာနဲ
့လေထန်ကုန်းကို အမောတကော
ရောက်အောင်ကိုသွားခဲ့တာ။လေထန်ကုန်း ဆိုတာက
ရန်ကုန်မြို့ ရဲ့  ( ၃၃ )လမ်း၊ အထက်ဘလောက်မှာ
ဓမ္မာရုံနဲ
့စည်ပင်သာယာကပိုင်တဲ့နေရာလေးမှာဖွင့်ထားတဲ့
လက်ဘက်ရည်ဆိုင်ပါ။
ဒီဆိုင်ကိုအမည်ပေးခဲ့တာကလည်း
စာရေးဆရာတွေထဲကပဲ"လေထန်ကုန်း"လို့ ။
ဒီဆိုင်လေးမှာကမနက်( ၁၀ )နာရီလောက်ကတည်းက
ရန်ကုန်မှာနေထိုင်ကြတဲ့ စာရေးဆရာတွေရော ၊
အနယ်နယ်အသီးသီးက စာရေးဆရာတွေပါ
စုဝေးရာအရပ်ကလေးတစ်ခု။ သူငယ်ချင်းတို့ရေ......
ဒီဆိုင်ကနေတွေ့
ချင်တဲ့ဆရာကိုထိုင်ပြီးသာစောင့်နေလိုက်ပါ။
ချိန်းထားစရာမလိုပဲ တွေ့ စေရမှာပါ။
တစ်ခါတစ်ခါ အခွင့်ရရင် ရသလို လှည့်လာတတ်တဲ့
မဂ္ဂဇင်း အသီးသီးကအယ်ဒီတာဆရာများကိုလည်းတွေ
့ရမှာပါ။
ကျွန်တော်ကတော့ ချင်းပြည်နယ်ကထွက်တဲ့
ချင်းလွယ်အိတ်တစ်လုံးနဲ
့လက်ဘက်ရည်တစ်ခွက်မှာသောက်ပြီး
ဆရာတွေလာတတ်တဲ့ လမ်းဘက်ကိုမျက်နှာမူပြီး
မျှော်နေတတ်ပါတယ်။ အဲ့ဒီ့လောက် အထိ
သံယောဇဉ်ကြီးတာလေ။ ဆရာတွေ လာကြပါပြီ။ စတွေ
့ကြပြီဆိုတာနဲ့  ဘယ်စကားက စမေးကြသလဲဆိုတော့
“စာမူတွေ ဘယ်နှစ်ပုဒ်ပါလာသလဲ " တဲ့။
ကျွန်တော်တို့ထိုင်တဲ့ဝိုင်းမှာက
ဆောင်းဝင်းလတ်၊ မောင်ရန်ပိုင်၊
နေဇော်နိုင်၊ နေနော်၊ မောင်ဒီနဲ့ ကျွန်တော်
လင်းသူရိယနွယ်ပါ။တစ်ခါတစ်လေ
တစ်ဖက်ဝိုင်းကခေါ်တဲ့အခါ
ထသွားပြီးနုတ်ဆက်စကားပြောရတဲ့
အကြိမ်တွေလည်း ရှိခဲ့ပါတယ်။ သူတို့ကတော့
ဇော် ( ပျဉ်းမနား )၊ မောင်ချောနွယ်၊
မောင်တွေးထက်၊ ပိတောက်ပွင့်သစ်
မဂ္ဂဇင်းထုတ်ဝေသူ လုပ်ခဲ့တဲ့ မောင်စိမ်းနီ၊
မင်းသစ်၊ မြမြင့်မိုရ်၊ မြင့်ဦးဦးမြင့်၊
မောင်ခိုင်မာ၊ ဖေမြင့်၊ မြတ်ခိုင်၊
ဝင်းငြိမ်းတို့ ပဲဖြစ်ပါတယ်။
လေထန်ကုန်းနဲ့ ကျွန်တော်တို့ ရဲ
့အပျော်ဆုံးနေ့ တွေပါပဲ။
ထိုင်ပြီးရင်တော်တော်ထရခက်တဲ့
နေရာလေးပါ။ပါလာတဲ့ စာမူလေးတွေ
မဂ္ဂဇင်းတိုက်တွေကို လှည့်ပြီးပို့ စရာတွေ
ရှိနေသေးတာနဲ့  မောင်တွေးထက်နဲ့အတူ
လေထန်ကုန်းကနေထွက်ခဲ့ရပါတယ်။